DVB Logo
Home
Lead Story
ဘယ်နိုင်ငံမှာမဆို ဆန္ဒပြမှုတွေက အချည်းနှီး မဖြစ်ပါ
DVB
·
March 9, 2015
ဘယ်နိုင်ငံမှာမဆို ဆန္ဒပြမှုတွေက အချည်းနှီး မဖြစ်ပါ
1 / 4
Donate to DVB

လူတွေ လမ်းပေါ်ထွက်ဆန္ဒပြတာကို သေးသိမ်အောင် ဆန့်ကျင်ရှုတ်ချတဲ့စကားကို အစိုးရ အာဏာပိုင်ကနေ ပြောတာ ဖတ်ရပါတယ်။

ဆန္ဒပြခြင်း၊ ဆန္ဒထုတ်ဖော်ပြသခြင်းကို Demonstration လို့ခေါ်တယ်။ Protest လို့လည်း ခေါ်တယ်။ Street protest လမ်းပေါ်ထွက်ဆန္ဒပြတာကို အများဆုံးလုပ်ကြတယ်။ အုပ်စုလိုက် ချီတက်ကြတယ်။ အော်ဟစ်ကြတယ်။ အမျိုးသားသီချင်း ဆိုကြတယ်။  မိန့်ခွန်းပြောကြတယ်။ လေးစားတာကို အလေးပြုတာလည်း ပါနိုင်တယ်။ ဆန့်ကျင်တာကို မီးရှို့တာလည်း လုပ်တယ်။ ခေါင်းစီးစာတမ်း ဘင်နာတွေ၊ စာတမ်း ပလေကပ်တွေ၊ အလံတွေ ကိုင်ဆောင်ကြတယ်။ တူညီဝတ်စုံ၊ ရိုးရာဝတ်စုံတွေ ဝတ်ကြတယ်။ လက်မောင်းပတ်၊ နဖူးစီးတွေ တပ်ကြတယ်။

11025711_856404144398087_2305432484020069920_nActions လုပ်ဆောင်မှုတွေထဲမှာ Marching ချီတက် လမ်းလျှောက်တာ၊ Blockades ပိတ်ဆို့မှုတွေ လုပ်တာ၊ Sit-ins ထိုင်သပိတ်တွေလည်း လုပ်တယ်။ Nonviolent အကြမ်းမဖက်တာနဲ့ Violent ကြမ်းကြမ်းတမ်းတမ်း လုပ်တာတွေ ရှိတယ်။ ကြမ်းတာကို Militant စစ်သွေးကြွတယ်လို့ ခေါ်တယ်။ အခြေအနေအရ မကြမ်းတမ်းရာကနေ ကြမ်းတမ်းတာကို ပြောင်းသွားတတ်တယ်။ အာဏာပိုင်တွေနဲ့ ဖြစ်ဖြစ်၊ တန်ပြန်လုပ်သူတွေနဲ့ ဖြစ်ဖြစ် ထိပ်တိုက်တွေ့မှုတွေ ဖြစ်လာနိုင်တယ်။ ၂ဝ၁၁ ခုနှစ် လစ်ဗျားမှာ အကြမ်းဖက်မှု ဖြစ်လာခဲ့တယ်။

ဆန္ဒပြခြင်း၊ ဆန္ဒထုတ်ဖော် ပြသခြင်းဆိုတာ Activism တက်ကြွလှုပ်ရှားမှု ဖြစ်တယ်။ ငြိမ်ခံနေတာ မဟုတ်ဘူး။ ခေါင်းငုံ့နေတာ မဟုတ်ဘူး။ ဒါကြောင့် အရေးပါတယ်။

အကြောင်းခံတွေဟာ Political နိုင်ငံရေး၊ Economic စီးပွားရေးနဲ့ Social issues လူမှုရေးရာတွေ ဖြစ်နိုင်တယ်။ ဘာအတွက်လုပ်ကြသလည်း။ Viewpoint အမြင်ကို ထုတ်ဖော်ကြတာ ဖြစ်တယ်။ Positive အပေါင်းသဘော တစုံတရာကို ထောက်ခံမှုပေးတာလည်း ဖြစ်နိုင်တယ်။ Negative ဆန့်ကျကန့်ကွက်တာလည်း ဖြစ်နိုင်တယ်။ Grievance နစ်နာမှုတွေကို ဖြစ်ဖြစ် Social injustice လူမှုရေး တရားမမျှတတာဖြစ်ဖြစ် ထုတ်ဖော်တောင်းဆိုကြတယ်။

1964815_856404147731420_2966767402810329564_nTypes of demonstrations အမျိုးအစား အမျိုးမျိုးရှိတယ်။

- Marches လမ်းကြောင်းသတ်မှတ်ပြီး လျှောက်သွားကြမယ်။

- Rallies ဟောပြောသူတွေ၊ တီးမှုတ်သီဆိုသူတွေကို နားထောင်ကြတယ်။

- Picketing နေရာတခုကို အဝင်အထွက်မရှိအောင် ဝိုင်းပိတ်ထားမယ်။

- Sit-ins ထိုင်နေကြမယ်။ နာရီ၊ ရက်သတ်မှတ်ထားတာနဲ့ အတိုင်းအဆမရှိလည်း ဖြစ်နိုင်တယ်။

- Nudity အဝတ်အစားမဝတ်ပဲ လုပ်တယ်။

နေရာရွေးရာမှာ လူစည်စည်ရှိရာမှာ လုပ်ကြတယ်။ ထောင်တွေထဲမှာလည်း လုပ်ကြတယ်။ တကျွန်း (ကိုကိုးကျွန်း) ပို့ခံနေရသူတွေကလည်း လုပ်တယ်။ အစိုးရက သတ်မှတ်ပေးထားတဲ့နေရာမှာ စုဝေးကြရတာလည်း ရှိတယ်။ ဥပမာ မြန်မာ့ဒီမိုကရေစီအင်အားစုတွေ ဆန္ဒပြတာကို အိန္ဒိယမှာ ၁၉၉ဝ ကျော်ကာလမှာ ဒေလီမြို့ ဗိုလ်ရှုခံလုပ်တဲ့ (ဘုတ်ကလပ်) နေရာမှာ ခွင့်ပြုတယ်။ နောက်တော့ မြန်မာ့သံရုံးနဲ့ မဝေးလှတဲ့ (တင်းမူသီး) ရဲစခန်းနာမှာ ခွင့်ပြုတယ်။ နောက်ဆုံးတော့ မြို့လယ်ခေါင် (ဂျန်တားရ်မန်းတားရ်) ပန်းခြံနေရာမှာသာ ခွင့်ပြုတယ်။ ဒါပေမယ့် သံရုံးတွေရှိရာ (ချာနကျပူရီ) အရပ်မှာ ပုဒ် ၁၄၄ ထုတ်ထားပေမယ့်၊ ဖြိုခွင်း၊ ဖမ်းဆီးတာခံရမယ်မှန်း သိသိနဲ့လည်း လုပ်ကြတယ်။ ထောင်ထဲမှာလည်း လုပ်တယ်။

ဘယ်လိုနေ့တွေမှာ လုပ်သလဲ မတူကြပါ။ နှစ်ပတ်လည်နေ့တွေမှာလည်း လုပ်တယ်။ အရေးအကြောင်း ပေါ်လာချိန်မှာ လုပ်တယ်။ နိုင်ငံတွေ၊ မြို့တွေမှာ တရက်တည်း သတ်မှတ်ပြီးလည်း လုပ်ကြတယ်။ Spontaneous gatherings ကြိုတင် တိုင်ပင်စီစဉ်မထားပဲ အလိုလိုဖြစ်တာမျိုးလည်း ရှိတယ်။ ဥပမာ ၁၉၈၈ မြန်မာနိုင်ငံက ဆန္ဒပြပွဲကြီးတွေ။

Campaign of nonviolent resistance (Civil resistance) ဆိုတာ အကြမ်းမဖက် လှုပ်ရှားမှုရဲ့ အစိတ်အပိုင်းအနေနဲ့လည်း လုပ်တယ်။ Physical gatherings လူတွေ ကိုယ်တိုင်ပါဝင်တာအပြင် Virtual or Online အင်တာနက်အွန်လိုင်းကနေလည်း လုပ်နိုင်ကြတယ်။

၁၉ ရာစုလယ်တုန်းက အဲဒီလို လုပ်ကြတာကို Monster meeting မကောင်းဆိုးဝါးတွေ စုဝေးတာလို့ အိုင်ယာလန်အာဏာပိုင်တွေက သမုတ်ခဲ့တယ်။ ကနေ့ကာလမှာတော့ အဲလိုလုပ်တာကို နိုင်ငံတိုင်းလိုလိုမှာ ခွင့်ပြုထားရတယ်။ ကန့်သတ်ချက်တွေက အမျိုးမျိုး ထားတတ်တယ်။ ဥပဒေ လုပ်ထားကြတယ်။

အစိုးရတွေကနေ ဦးစီးလုပ်တာမျိုးကို အီရန် (၂ဝဝဝ)၊ တရုတ် (၁၉၈၉)၊ ကျူးဘား (၂ဝဝ၆)၊ ဆိုဗီယက်ယူနီယံ(၁၉၉၁-၂ဝဝ၄) တွေမှာ လုပ်ခဲ့တယ်။ မြန်မာနိုင်ငံမှာ စစ်အစိုးရလက်ထက်တုန်းက လူတွေကို မတက်မနေရအမိန့်နဲ့ ကြိမ်ဖန်များစွာ လုပ်ခဲ့တယ်။ တခါတလေ အခကြေးငွေ၊ စားသောက်စရာ ပေးကျွေးပြီး လုပ်တယ်။ ၂၈-၅-၁၉၉၆ တုန်းက စစ်အစိုးရရဲ့ ဖွဲ့စည်းပုံကို ထောက်ခံပွဲကို ရန်ကုန်မှာ လူ ၄ဝဝဝဝ လောက်တက်စေခဲ့တယ်။ အခု အစိုးရကတော့ တန်ပြန်သပိတ်တွေ လုပ်လာတယ်။

unnamedသမိုင်းညာရှင် Eric Hobsbawm (အဲရစ် ဟော့ဘ်စ်ဘောင်း) ကပြောတာ ရှိတယ်။ သွေးထွက်သံယို ဖြစ်တာခံရမှုနဲ့ အလွန်ပြင်းပြတဲ့ စိတ်လှုပ်ရှားမှုတွေကနေ လူအများဆန္ဒ အမြင့်ဆုံးအချိန်မှာ လူအများ ပါဝင်တဲ့ဆန္ဒပြခြင်းဟာ လိင်မှုကိစ္စ ပြီးရင် ဒုတိယလိုက်တယ်တဲ့။ မတူတာကတော့ လိင်အရေးဟာ တဦးတယောက်ချင်းအရေးသာ ဖြစ်ပြီး၊ ဆန္ဒပြတာမှာတော့ သဘာဝကိုယ်၌က စုပေါင်းလုပ်ဆောင်ချက် ဖြစ်တယ်။ နာရီတွေ၊ ရက်တွေ၊ လတွေအထိလည်း ကြာရှည်နိုင်တယ်။

ဘယ်နိုင်ငံမှာမဆို ဆန္ဒပြမှုတွေက အချည်းနှီး မဖြစ်ပါ။ ၁၉၈၆ ခုနှစ် ဖိလစ်ပိုင်မှာ မားကို့စ် အာဏာရှင်ကို ဖြုတ်ချနိုင်ခဲ့တယ်။ People power လူထုပါဝါဆိုတာ ထင်ရှားတဲ့နိုင်ငံရေးဝေါဟာရတခု ဖြစ်တယ်။ ၁၉၆ဝ ဗီယက်နမ်စစ်ပွဲကာလမှာ Flower power movement နာမည်နဲ့ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ရှိခဲ့တယ်။ ဗီယက်နမ်စစ်ကြီး အဆုံးသတ်စေဖို့ အားတခုဖြစ်တယ်။ လူအများ ပါဝင်လေလေ အောင်မြင်မှု ရလေလေ ဖြစ်တယ်။ လူတွေမှာ နစ်နာမှုတွေ၊ လူမှုရေးတရား မမျှတတာတွေဆိုတဲ့ အကြောင်းခံတွေ မရှိတဲ့ဆီမှာ ဆန္ဒပြပွဲတွေ မဖြစ်ပါ။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013