DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမားများကို ထိုင်ဝမ်ခေါ်ယူမည်
DVB
·
March 9, 2015
မြန်မာအလုပ်သမားများကို ထိုင်ဝမ်ခေါ်ယူမည်
Donate to DVB

ကုန်ပစ္စည်းထုတ်လုပ်ရေးနဲ့ စိုက်ပျိုးရေးကဏ္ဍမှာ အလုပ်သမား ရှားပါး ပြတ်တောက်မှု ပြဿ   နာကို ဖြေရှင်းဖို့  မြန်မာနိုင်ငံက အလုပ်သမားတွေကို ထိုင်ဝမ်က ခေါ်ယူဖို့  စီစဉ်နေပါတယ်။

အစီအစဉ် စတင်တဲ့ အဆင့်မှာတော့ မြန်မာအလုပ်သမား ၁၀၀ ကနေ ၂၀၀ ကို အစမ်းသဘော ခေါ်ယူသွားမယ်လို့ ထိုင်ဝမ် လုပ်အားဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ ညွန်ကြားရေးမှူး လျူချပ်ချန်ကို ကိုးကားပြီး ဖိုးကပ်စ်ထိုင်ဝမ် သတင်းကရေးပါတယ်။

အစမ်းကာလက ဧပြီလနှောင်းပိုင်း ဒါမှမဟုတ်မေလ အစောပိုင်းမှာ စတင်မှာ ဖြစ်သလို အစီအစဉ်ကို အကောင်ထည်ဖော်နိုင်ရင်တော့ စိုက်ပျိုးရေး အတွက် နိုင်ငံခြား အလုပ်သမားကို ပထမဆုံး ငှားရမ်းတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံသားတွေက ကိုးကွယ်ယုံကြည်မှု တူညီသလို ဘ၀ပုံစံတွေကလည်း ထိုင်ဝမ်နဲ့ တူတယ်လို့ လျူက ပြောပါတယ်။

ထိုင်ဝမ်စီးပွားရေးလုပ်ငန်းတွေကလည်း မြန်မာနိုင်ငံမှာ သွားရောက် ရင်းနှီးမြုပ်နှံဖို့ စဉ်းစားနေတယ်လို့လည်းဆိုပါတယ်။

မြန်မာက အလုပ်သမားတွေကို ခေါ်ယူခြင်းအားဖြင့် လုပ်အားပြတ်တောက်မှုကို ဖြေရှင်းနိုင်မှာ ဖြစ်သလို ရင်းနှီးမြုပ်နှံမှုကို  အစပြုနိုင်မယ်လို့လည်း လျူကပြောပါတယ်။

ထိုင်ဝမ်မှာ လုပ်ကိုင်နေတဲ့ အလုပ်သမား အများစုဟာ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ် နိုင်ငံတွေကဖြစ်ပြီး  ကုန်ထုတ်လုပ်ရေးနဲ့ အိမ်ဖော်လုပ်ငန်းတွေမှာ အဓိက  လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ထိုင်ဝမ်အစိုးရက ဘင်္ဂလားဒေ့ရှ်နဲ့ သိရီလင်္ကာနိုင်ငံက အလုပ်သမားတွေကို ဌားရမ်းဖို့ လည်း လုပ်ဆောင်နေတယ်လို့လည်း ထိုင်ဝမ်သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013