DVB Logo
Home
နိုင်ငံတကာ
တရုတ်လူတူစက်ရုပ်များနှင့် အင်ဗာတာများ ထရမ့်ပ်အစိုးရ ပိတ်ပင်
DVB
·
July 30, 2026
Photo: CHINA NEWS SERVICE
Photo: CHINA NEWS SERVICE
Donate to DVB

အမေရိကန်ရဲ့ ဉာဏ်ရည်တု AI နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုတွေကနေ ကာကွယ်ဖို့ တရုတ်နိုင်ငံလုပ် လူတူစက်ရုပ်အသစ်တွေနဲ့ ပါဝါအင်ဘာတာ (Power Inverters) တွေ တင်သွင်းမှုကို ဒေါ်နယ်ထရမ့်ပ် အစိုးရအဖွဲ့က ဇူလိုင် ၂၈ ရက်မှာ ပိတ်ပင်လိုက်ပါတယ်။

ဒီကန့်သတ်ချက်ကို အမေရိကန် ဆက်သွယ်ရေးကော်မရှင် (FCC) က ထုတ်ပြန်ခဲ့တာဖြစ်ပြီး လူတူစက်ရုပ်တွေအပြင် လျှပ်စစ်ဓာတ်အားလိုင်းတွေနဲ့ ဒေတာစင်တာတွေကို ချိတ်ဆက်ပေးတဲ့ ပါဝါအင်ဗာတာတွေကိုပါ တားမြစ်ထားတာ ဖြစ်ပါတယ်။

FCC က “ဒီစက်ပစ္စည်းတွေဟာ အမေရိကန်ရဲ့ စီးပွားရေးနဲ့ အမျိုးသားလုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ ထောက်ပံ့ရေးကွင်းဆက် အားနည်းမှုတွေကို ဖန်တီးနိုင်ပြီး အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကိုပါ ခြိမ်းခြောက်တဲ့ ဆိုက်ဘာလုံခြုံရေးအန္တရာယ် ဖြစ်ပေါ်စေနိုင်ပါတယ်” လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီပိတ်ပင်မှုနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက “နှစ်နိုင်ငံ စီးပွားရေး အသိုက်အဝန်းရဲ့ ဓမ္မဓိဋ္ဌာန်ကျပြီး ဆင်ခြင်တုံတရားရှိတဲ့ အသံတွေကို နားထောင်ဖို့” နဲ့ “တရုတ်ကုမ္ပဏီတွေကို အသရေဖျက်တာနဲ့ ပိတ်ဆို့အရေးယူမယ်လို့ ခြိမ်းခြောက်နေတာတွေကို ရပ်တန့်ဖို့” အမေရိကန်ကို တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် တရုတ်အစိုးရအနေနဲ့ “မိမိတို့ရဲ့ အကျိုးစီးပွားကို ထိခိုက်စေမဲ့ ဘယ်လုပ်ရပ်ကိုမဆို တုံ့ပြန်ဖို့ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှု အားလုံးကို လုပ်ဆောင်သွားမယ်” လို့လည်း သံရုံးက သတိပေးထားပါတယ်။

ဒီပိတ်ပင်မှုဟာ အမေရိကန်နိုင်ငံမှာ အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့ AI နည်းပညာနဲ့ ဒေတာစင်တာ တည်ဆောက်မှုတွေအတွက် တရုတ်ကို မှီခိုနေရတာကနေ လျှော့ချဖို့နဲ့ ပြည်တွင်းမှာပဲ ကုန်ထုတ်လုပ်မှုတွေ ပြောင်းလဲလုပ်ဆောင်လာဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အရင်က တားမြစ်ခဲ့တဲ့ ဒရုန်းတွေနဲ့ Routers တွေလိုပဲ တရုတ်နိုင်ငံထုတ် မဟုတ်တဲ့ တခြားကုန်ပစ္စည်း ပေးသွင်းသူတွေကိုတော့ ဒီကန့်သတ်ချက်ကနေ ကင်းလွတ်ခွင့်ပြုဖွယ် ရှိနေပါတယ်။

ဒီတားမြစ်ချက်ကြောင့် ကမ္ဘာ့လူတူစက်ရုပ်ဈေးကွက်ရဲ့ ငါးပုံတပုံနီးပါးကို ပိုင်ဆိုင်ထားတဲ့ တရုတ်ကုမ္ပဏီ Unitree အပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ တားမြစ်ချက်ဟာ ဈေးကွက်ထဲကို မဖြန့်ချိရသေးတဲ့ လူတူစက်ရုပ်နဲ့ အင်ဗာတာ မော်ဒယ်သစ်တွေအတွက်သာ အကျုံးဝင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013