DVB Logo
Home
နိုင်ငံတကာ
ရုရှားတွင် ဓာတ်ငွေ့စက်ရုံမီးလောင်ပြီး တရုတ်အများစု အပါအဝင် ၇ ဦး သေဆုံး
DVB
·
August 26, 2026
Photo: SOCIAL MEDIA/via REUTERS
Photo: SOCIAL MEDIA/via REUTERS
Donate to DVB

ရုရှားနိုင်ငံ အရှေ့ဖျား အာမူးရ်ဒေသက 'ဗီးလယက်စ်တို' အမည်ရှိ ဓာတ်ငွေ့ဓာတုစက်ရုံမှာ မီးလောင်မှုဖြစ်ပွားခဲ့လို့ တရုတ်နိုင်ငံသား ၆ ယောက် အပါအဝင် ၇ ယောက် သေဆုံးပြီး ၉ ယောက် ပျောက်ဆုံးနေတယ်လို့ စက်ရုံဘက်က ဩဂုတ် ၂၅ ရက်မှာ ပြောပါတယ်။

ဒဏ်ရာရသူ ၁၅၂ ယောက် ရှိတဲ့အထဲက ၃၆ ယောက်ကို ဆေးရုံ အရေးပေါ် ပို့ဆောင်ခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့က စက်ရုံရဲ့ တယ်လီဂရမ်အက်ပ်မှာ သတင်းထုတ်ပြန်ထားပါတယ်။

လူမှုကွန်ရက်ပေါ် တက်လာတဲ့ ဗီဒီယိုထဲမှာ အာမူးရ် ဓာတ်ငွေ့ဓာတုစက်ရုံမှာ မီးစလောင်ချိန်မှာ    ဝန်ထမ်းတွေဟာ အဆောက်အအုံအတွင်းကနေ အပြင်ကို ထွက်ပြေးနေကြတာ တွေ့ရပါတယ်။ မီးကိုတော့ ငြှိမ်းသတ်နိုင်ခဲ့ပြီလို့ ထပ်လောင်း ပြောကြားပါတယ်။

ဒဏ်ရာရသူတွေကို ရုရှားနိုင်ငံအတွင်းရှိ တခြားဆေးရုံတွေဆီ ပို့ဆောင်ဖို့ အရေးပေါ်ကယ်ဆယ်ရေး လေယာဉ်တစီး ရောက်ရှိလာခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ပိုလီအက်သလင်းနဲ့ ပိုလီပရိုပလင်း အများဆုံးထုတ်လုပ်တဲ့ စက်ရုံကြီးတွေထဲက တခုအဖြစ် ကြွေးကြော်ထားတဲ့ ဒီစက်ရုံဟာ ရုရှား ဆီးဘာ ကုမ္ပဏီနဲ့ တရုတ် ဆိုင်နိုပက်ခ်တို့ ဖက်စပ်လုပ်ကိုင်တာပါ။ လုပ်ငန်းလည်ပတ်မှု မစတင်ရသေးဘဲ ထုတ်လုပ်ဖို့ ပြင်ဆင်နေချိန် ဖြစ်ပါတယ်။

ရုရှားဟာ အကြီးစားစက်မှုနဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေ ဆောက်လုပ်ရေးမှာ တရုတ်အပါအဝင် ပြည်ပလုပ်သားတွေကို အများအားဖြင့် အားကိုးလေ့ရှိပါတယ်။

ဒီဖြစ်စဉ်ဟာ စက်မှုလုပ်ငန်းဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းတွေကို ချိုးဖောက်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးနေပြီး မီးလောင်ရတဲ့ အကြောင်းရင်းကို ဖော်ထုတ်ဖို့ ကြိုးပမ်းနေတယ်လို့ ရုရှားစုံစမ်းရေးကော်မတီက ပြောပါတယ်။

အာမူးရ် ဓာတ်ငွေ့ဓာတုစက်ရုံဟာ တနှစ်ကို ပိုလီအက်သလင်း တန် ၂ ဒသမ ၃ သန်းနဲ့ ပိုလီပရိုပလင်း တန် ၄ သိန်း ထုတ်လုပ်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013