DVB Logo
Home
Lead Story
အကြမ်းဖက်ဖြိုခွင်းမှုနှင့်ပတ်သက်ပြီး ၈၈ အဖွဲ့နှင့် ရန်ကုန်တိုင်းအစိုးရ ဆွေးနွေး
DVB
·
March 8, 2015
Donate to DVB

ကျောင်းသားသပိတ် ထောက်ခံပွဲကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ တာဝန်လက်ပတ် ၀တ်ဆင်ထားတဲ့ အရပ်သားတွေက အကြမ်းဖက်နှိမ်နင်းခဲ့မှုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) အဖွဲ့တို့ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေ ဦးဆောင်တဲ့ တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ ၈၈ မျိုးဆက်က ဦးကိုကိုကြီး၊ ဦးမြအေး၊ ဦးပြုံးချို၊ ဦးထွန်းမြင့်အောင်၊ ဦးဇော်မင်းနဲ့ ဒေါ်မီးမီးတို့ ဒီနေ့မနက် တွေ့ဆုံခဲ့ကြတယ်လို့ ၈၈ မျိုးဆက်ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေက အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၂၇၊ ၁၂၈ နဲ့အညီ ကိုင်တွယ်ဖြေရှင်းခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

၈၈ မျိုးဆက်အဖွဲ့က “ကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေဖြစ်သည့် ထိုပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၂၇၊ ၁၂၈ တို့အား ယခုကဲ့သို့ လိုရာဆွဲပြီး ကိုင်တွယ်ဖြေရှင်းမှုအပေါ် လက်မခံကြောင်း၊ ထိုသို့ အကြမ်းဖက်ဖြေရှင်းခဲ့သည့်အတွက်မိန်းကလေးများ ကာယိနြေ္ဒပျက်စေခဲ့ကြောင်း” သဘောထားကို ပြန်လည်ပြောကြားခဲ့တယ်လို့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒီနေ့ တွေ့ဆုံခဲ့တာနဲ့ပတ်သက်ပြီး ဒီဗွီဘီက ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ကို ဆက်သွယ်မေးမြန်းရာမှာတော့ အသေးစိတ်ပြောဖို့ မရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဓာတ်ပုံ - ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)

[gallery ids="84742,84743,84744,84745"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013