
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရဲ့ မာဒီဆွန်ရင်ပြင်ဥယျာဉ်အပြင်ဘက်မှာ စုဝေးနေတဲ့ ဆန္ဒပြသူတွေဟာ ဆိုင်းဘုတ်တွေကိုကိုင်ဆောင်ရင်း ဟိန္ဒူအမျိုးသားရေးအဖွဲ့ခေါင်းဆောင် လာရောက်လည်ပတ်မှုကို သြဂုတ် ၂၉ ရက်မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
ရာရှ်တရီယာ ဆွယမ်ဆီဗက် စန်ဂ်အဖွဲ့ (RSS) ရဲ့ အကြီးအကဲ မိုဟန်ဘဂ်ဝပ်က အမေရိကန်ကို ရောက်နေပြီး နယူးယောက်မြို့မှာ စနေနေ့မှာ ကျင်းပတဲ့ ပွဲတခုမှာ မိန့်ခွန်းပြောဖို့ စီစဉ်ထားတာပါ။
ဆန္ဒပြသူ ဂျွိုင်ဒီပ် မီထရာက “ကျနော်ကတော့ RSS ဟာ အမုန်းတရားဆိုင်ရာ အယူဝါဒတွေကို နှစ်ပေါင်းများစွာ မြှင့်တင်ပေးနေတဲ့ အဖွဲ့အစည်းတခုလို့ ယူဆပါတယ်။ သူတို့က အိန္ဒိယမှာ ဟိန္ဒူဘာသာကြီးစိုးရေးဝါဒီတွေကို လိုချင်ကြတယ်”လို့ ပြောပါတယ်။
RSS ဟာ အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီရဲ့ ဘာရာတီယာ ဂျန်နာတာပါတီ (BJP) ပေါ်ပေါက်လာစေတဲ့ ဩဇာကြီးတဲ့ ဟိန္ဒူအဖွဲ့တဖွဲ့ပါ။
မေလမှာ လူနည်းစုတွေအပေါ် တိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တခု ဖြစ်တယ် ဆိုတဲ့ အယူအဆတွေကိုတန်ပြန်ဖို့ ပြည်ပခရီးစဉ်တွေကို စီစဉ်ခဲ့တယ်လို့ RSS က ပြောပါတယ်။











