DVB Logo
Home
Lead Story
ကျောင်းသားများကို အကြမ်းဖက်ဖြိုခွဲမှု အမေရိကန်နှင့်နော်ဝေးတွင် ဆန္ဒပြ
DVB
·
March 8, 2015
ကျောင်းသားများကို အကြမ်းဖက်ဖြိုခွဲမှု အမေရိကန်နှင့်နော်ဝေးတွင် ဆန္ဒပြ
1 / 13
Donate to DVB

ဒီမိုကရေစီပညာရေးအတွက် သပိတ်မှောက်နေတဲ့ ကျောင်းသားတွေကို ထောက်ခံကြိုဆိုပွဲနဲ့ အာဏာပိုင်တွေရဲ့ အကြမ်းဖက်မှုကို ဆန့်ကျင်ရှုတ်ချတဲ့အနေနဲ့ အမေရိကန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေက မတ်လ ၇ ရက်နေ့က ၀ါရှင်တန်ဒီစီရှိ အိမ်ဖြူတော်ရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ့ဒီမိုကရေစီအင်အားစုတွေဟာ ဒီစီမှာ ရှိတဲ့ မြန်မာသံရုံးရှေ့မှာလည်း ကျောင်းသားတွေကို အကြမ်းဖက် ဖြိုခွဲမှုအတွက် ဆန္ဒပြခဲ့ပါတယ်။

အလားတူ မတ်လ ၇ ရက်နေ့မှာပဲ နော်ဝေနိုင်ငံ အော်စလိုမြို့မှာလည်း ကျောင်းသားတွေကို အကြမ်းဖက် ဖြိုခွဲတဲ့ လုပ်ရပ်အပေါ် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေက ဆန္ဒပြခဲ့ပါတယ်။

အော်စလိုမြို့က ပါလီမန်ရှေ့မှာ မြန်မာ့ဒီမိုကရေစီရေး အင်အားစုတွေက ဒီမိုကရေစီ ပညာရေးသပိတ်ကို ထောက်ခံခဲ့ပြီး အကြမ်းဖက်တွေ ပြုလုပ်တဲ့ ရဲတပ်ဖွဲ့ကို ကန့်ကွက် ရှုတ်ချတာတွေ ပြုလုပ်ခဲ့ပါတယ်။

အမေရိကန် ဆန္ဒပြပွဲ (ဓာတ်ပုံ - အိအိစိုး ဖေ့စ်ဘွတ်ခ်)

[gallery ids="84663,84664,84665,84666,84667,84668,84669"]

နော်ဝေ ဆန္ဒပြပွဲ (ဓာတ်ပုံ - မိုးအေး ဖေ့စ်ဘွတ်ခ်)

[gallery ids="84670,84671,84672,84673,84674,84675"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013