DVB Logo
Home
မြန်မာသတင်း
ကျောင်းသားအရေး ငြိမ်းချမ်းစွာ ဖြေရှင်းပေးရန် ပါတီနှင့်အဖွဲ့ ၂၀ ကျော် သမ္မတထံတောင်းဆို
DVB
·
March 8, 2015
ကျောင်းသားအရေး ငြိမ်းချမ်းစွာ ဖြေရှင်းပေးရန် ပါတီနှင့်အဖွဲ့ ၂၀ ကျော် သမ္မတထံတောင်းဆို
1 / 2
Donate to DVB

လက်ပံတန်းမြို့မှာ ပိတ်ဆို့တားဆီးခံထားရပြီး ထိုင်သပိတ်ဆင်နွှဲနေတဲ့ ကျောင်းသားတွေရဲ့ အရေးကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်း ဆောင်ရွက်ပေးဖို့ လူမှုအဖွဲ့အစည်းတွေက သမ္မတဆီကို စာရေးသား တောင်းဆိုလိုက်ပါတယ်။

လက်ပံတန်းမှာ ရဲတပ်ဖွဲ့က တားဆီးထားတဲ့ ဒီမိုကရေစီ ပညာရေး ပင်မ သပိတ်စစ်ကြောင်းကို အကြမ်းမဖက်ဖို့ နိုင်ငံရေးပါတီတွေ အပါအ၀င် လူမှုအဖွဲ့အစည်း ၂၃ ဖွဲ့က သမ္မတီဆီကို မတ် ၇ ရက်နေ့က မေတ္တာရပ်ခံလိုက်တာပါ။

ကျောင်းသားတွေရဲ့ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိရေးအတွက် တောင်းဆိုမှုတွေကို အမြန်ဆုံး ညှိနှိုင်းဆွေးနွေးပြီး ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းပေးနိုင်ဖို့ အရေးတကြီး လိုအပ်ချက် ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒီအတွက် သမ္မတနဲ့ အာဏာပိုင်တွေက လက်ပံတန်းမှာ ထိုင်သပိတ်ဆင်နွှဲနေတဲ့  ကျောင်းသားစစ်ကြောင်းကို ဦးဆောင်သူတွေနဲ့  ညှိနှိုင်းဖြေရှင်းပေးဖို့ တောင်းဆိုကြောင်း ဖော်ပြထားပါတယ်။

ဒီကနေ့ မတ်လ ၈ ရက်နေ့ မနက်အစောပိုင်းမှာတော့  ပညာရေးစနစ် ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (အန်အန်အီးအာ) အဖွဲ့ဝင်တွေဟာ ပင်မကျောင်းသားစစ်ကြောင်းရှိတဲ့ လက်ပံတန်းမြို့ကို ရောက်ရှိခဲ့ပါတယ်။

အဲဒီနောက်မှာ ကျောင်းသားခေါင်းဆောင်တွေနဲ့ အောင်မြေဗိမာန်ကျောင်းတိုက်မှာ တွေ့ဆုံဆွေးနွေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013