DVB Logo
Home
မြန်မာသတင်း
ကြက်ငှက်တုပ်ကွေး ထိန်းချုပ်နိုင်ပြီ၊ လူကို ကူးစက်ခြင်း လုံးဝမရှိဟုဆို
DVB
·
March 7, 2015
ကြက်ငှက်တုပ်ကွေး ထိန်းချုပ်နိုင်ပြီ၊ လူကို ကူးစက်ခြင်း လုံးဝမရှိဟုဆို
Donate to DVB

ဖေဖော်ဝါရီလအတွင်း မုံရွာမွေးမြူရေးဇုန်မှာဖြစ်ပွားခဲ့တဲ့ ကြက်ငှက်တုပ်ကွေးရောဂါကို ထိမ်းချုပ်ထားလိုက်နိုင်ပြီး လူကို ကူးစက်ခြင်း လုံးဝမရှိဘူးလို့ တိုင်းမွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်က ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မွေးမြူရေးဇုန်မှာ ဖေဖော်ဝါရီလလယ်ပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ ကြက်ငှက်တုပ်ကွေးရောဂါ အမြစ်ဖြတ်နိုင်ဖို့ ကြက်ကောင်ရေ ၁ သိန်းကျော်နဲ့ ငုံးကောင်ရေ ၃ သိန်းကျော် သုတ်သင်ရှင်းလင်းပစ်ခဲ့ရတယ်လို့လည်း ပြောပါတယ်။

မုံရွာမြို့မှာဖြစ်ပေါ်နေတဲ့ ကြက်ငှက်တုပ်ကွေးရောဂါဟာ ကူးစက်မှုနှုန်းမြန်ဆန်နေပြီး သေဆုံးကြက်တွေကို ကိုင်တွယ်တဲ့ လူတွေဟာ လိုအပ်တဲ့ကာကွယ်မှုတွေ မလုပ်တာကြောင့် လူကို ကူးစက်ဖို့ အလားအလာများတာကြောင့် လူကိုမကူးစက်ရေး အဓိကထားဆောင်ရွက်နေရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။

အခုတော့ ရောဂါထိန်းချုပ်ထားနိုင်ပြီဖြစ်လို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ပြန်စတင်နေပြီလို့ ဒေါက်တာထွန်းအောင်က ပြောတယ်။

“အခု ထိန်းချုပ်ပြီးလို့ တိုင်းအစိုးရအဖွဲ့နဲ့ ပြန်လည်ထူထောင်ရေးတောင် လုပ်နေပါပြီ။ ဒီမှာ အမှန်တကယ်ပိုးမွှား ရှိ မရှိ ဓာတ်ခွဲစမ်းသပ်ပါမယ်။ စမ်းသပ်ပြီး တလအတွင်းမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖြစ် ကြက်တွေ ပြန်ထည့်ပါမယ်။”

စစ်ကိုင်းတိုင်း မုံရွာမှာ ၂၀၀၆၊ ၂၀၁၀နဲ့ အခု ၂၀၁၅ တို့မှာ ကြက်ငှက်တုပ်ကွေးရောဂါ ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် စတင်ဖြစ်ပွားခဲ့တုန်းက အဆိုးဆုံးဖြစ်ပြီး ကြက်ကောင်ရေ သောင်းနဲ့ချီ သတ်ပစ်ခဲ့ရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013