DVB Logo
Home
မြန်မာသတင်း
ရှမ်း-ကယား ကျောင်းသားများ ပင်မသပိတ်နှင့် ပူးပေါင်းမည်
DVB
·
March 7, 2015
ရှမ်း-ကယား ကျောင်းသားများ ပင်မသပိတ်နှင့် ပူးပေါင်းမည်
1 / 3
Donate to DVB

ရှမ်းကယား ဒီမိုကရေစီပညာရေး ကျောင်းသားသပိတ်ဟာ ပင်မကျောင်းသားသပိတ် စစ်ကြောင်းနဲ့ သွားရောက်ပှုးပေါင်းတော့မှာဖြစ်ပါတယ်။

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် ဒီမိုကရေစီပညာရေး ကျောင်းသားသပိတ်စစ်ကြောင်းဟာ မတ်လ ၇ ရက်နေ့က အောင်ဘန်းမြို့ကို ရောက်ရှိနေကြတာပါ။

မတ် ၆ ရက်နေ့ညက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပင်မဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းနဲ့ ပူးပေါင်းဖို့ ဆုံးချက်ချလိုက်တယ်လို့ပြောပါတယ်။

16786_789189774481008_1999162729712217856_nရှမ်း-ကယား ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်း ဥက္ကဋ္ဌ ရဲမင်းကျော်က “ပင်မကိုတော့ ကျနော်တို့ သွားပေါင်းမှာပါ။ ဒါပေမယ့် လုံခြုံရေးအရ ဘယ်ရက်၊ ဘယ်အချိန်သွားမလဲဆိုတာ ပြောလို့မရသေးဘူး” လို့ ပြောပါတယ်။

ရှမ်းနဲ့ကယား ကျောင်းသားသပိတ်ဟာ အစက အောင်ပန်းကနေ တောင်ကြီးဘက်ကို ဆက်လက်ချီတက်ဖို့ စဉ်စီထားတာပါ။

ဒါပေမယ့် တောင်ကြီးမှာ လုံခြုံရေးရဲတပ်ဝင်တွေနဲ့ အရပ်ဝတ် လူတွေ နေရာချထားတာတွေရှိတယ်လို့ သတင်းရထားသလို ဒေသခံတွေရဲ့ စိုးရိမ်မှုတွေကြောင့် တောင်ကြီးဘက်ကို ဆက်လက်ချီတက်တော့မှာမဟုတ်ကြောင်း ကိုရဲမင်းကျော်က ပြောပါတယ်။

10410121_789189741147678_1431823279001477039_n“အခုတော့ ဒီအတိုင်းပဲ ဆက်သွားမယ်၊ လက်ရှိရဲဘော်တွေနဲ့ ဘယ်လိုဆက်လုပ်သွားမလဲ၊ ပြည်သူတွေရဲ့ ဝန်းရံမှုရအောင် ဘယ်လိုလုပ်သွားမလဲ ဆိုတဲ့ဟာ နဲ့ သွားမှာပါ။ ကျနော်တို့ အဓိကရည်ရွယ်ထားတာကတော့ နောက်လုပ်စရာတွေ အများရှိသေးတယ်။ ပြီးတော့ အရေးပေါ်အခြေအနေကိုကြည့်ပြီး လှုပ်ရှားသင့်ရင်လုပ်မယ်။ တခုပြောချင်တာကတော့ ပင်မသပိတ်နဲ့တော့ ရအောင်သွားပြီးတော့ ပှုးပေါင်းမှာပါ။”

ရှမ်း ပြည်နယ် နဲ့ ကယား ပြည်နယ်က ကျောင်းသားတွေဟာ မတ် ၆ ရက်နေ့က စပြီး လွိုင်ကော်မြို့မှာ ပူးပေါင်းခဲ့ကြပြီး လွိုင်ကော်ကတက္ကသိုလ်တွေအရှေ့မှာ လိုက်လံ ဟောပြောတာတွေလည်းပြုလုပ်ခဲ့ကြပါတယ်။

အဲ့ဒီနောက်  ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ကို ချီတက်ခဲ့ပြီး အဲ့မှာ ညအိပ်ရပ်နားရာကနေ ဒီနေ့မနက် အောင်ပန်းမြို့ကိုရောက်ရှိခဲ့ပြီး အာဏာပိုင်တွေရဲ့ တားဆီးတာတွေ ကြုံခဲ့ရပါတယ်။

ကျောင်းသားခေါင်းဆောင်အများစုပါဝင်တဲ့ ပင်မသပိတ်စစ်ကြောင်းဟာလည်း ပဲခူးတိုင်း၊ လက်ပံတန်းမြို့မှာ မတ် ၂ ရက်နေ့ကတည်းက ရဲတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့ခံထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013