DVB Logo
Home
မြန်မာသတင်း
အဖွဲ့အစည်းစုံမှ ပညာရေးဥပဒေပြင်ဆင်ရေး အစီရင်ခံစာ တင်မည်
DVB
·
March 7, 2015
အဖွဲ့အစည်းစုံမှ ပညာရေးဥပဒေပြင်ဆင်ရေး အစီရင်ခံစာ တင်မည်
1 / 2
Donate to DVB

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်က ဖိတ်ကြားထားတဲ့ အဖွဲ့အစည်းတွေစုံမှ အစီရင်ခံစာတင်သွားမယ်လို့ အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရီက ဒီနေ့ပြောကြားလိုက်ပါတယ်။

မတ်လ ၇ ရက်နေ့က ကျင်းပပြုလုပ်တဲ့ အမျိုးသားပညာရေးဥပဒေကြမ်း နဲ့ပတ်သက်ပြီး ကြားနာပွဲကို မူလအစီအစဉ်အရ ဖိတ်ကြားထားတဲ့ အမျိုးသားပညာရေးပြုပြင်ပြောင်းလဲမှုကွန်ရက် (အန်အန်အီးအာ) အဖွဲ့က မတက်ရောက်ခဲ့တဲ့အတွက် ဦးခင်မောင်ရီက အခုလို ပြောကြားလိုက်တာပါ။

အမျိုးသားပညာရေးပြုပြင်ပြောင်းလဲမှုကွန်ရက် (အန်အန်အီးအာ) အနေနဲ့ လွှတ်တော်ကြားနာပွဲကို သပိတ်မှောက်တာမဟုတ်ဘဲ ရက်ရွှေဆိုင်းထားတာသာဖြစ်တယ်လို့ အဖွဲ့ဝင် ဒေါက်တာညိုညိုသင်းက ပြောပါတယ်။

“ကျမတို့က ရွှေဆိုင်းတာ။ ဒါကို လုံးဝ သပိတ်မှောက်တာ မဟုတ်ဘူး။ ကြားနာရေးအစီအစဉ်မှာ ပါဝင်မယ်၊ သို့သော် လက်ပံတန်းမှာရှိနေတဲ့ ကျောင်းသားထု ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အိမ်ပြန် မရောက်သေးခင်မှာ ကျမတို့က လွှတ်တော်သွားပြီး ကြားနာပွဲထိုင်ဖို့ ကျမတို့ နောက်ကျော မလုံပါဘူး။”

11051628_896853687003703_1987458402_nအန်အန်အီးအာအနေနဲ့ လွှတ်တော်ကြားနာပွဲကို အပြတ်ငြင်းဆိုတာမဟုတ်ဘဲ ကျောင်းသားတွေ အိမ်ပြန်ရောက်ဖို့ အရင်စီစဉ်ပြီး သပိတ်မှောက်ကျောင်းသားကော်မတီဝင် ၁၅ ယောက်စလုံး ကြားနာပွဲတက်နိုင်တဲ့ အခြေအနေရောက်မှ သူတို့အဖွဲ့လည်း ကြားနာပွဲတက်မယ်လို့ ဆိုပါတယ်။

လတ်တလော ကျောင်းသားခေါင်းဆောင်အများစုပါဝင်တဲ့ ပင်မသပိတ်စစ်ကြောင်းဟာ ပဲခူးတိုင်း၊ လက်ပံတန်းမြို့မှာ မတ် ၂ ရက်နေ့ကတည်းက ရဲတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့ခံထားရပြီး ဒီလိုပိတ်ဆို့ထားတာကြောင့် ၅ ရက်နေ့ကလုပ်တဲ့ လွှတ်တော်ကြားနာပွဲကို ကျောင်းသားစုံမှ တက်မယ်ဆိုပြီး ပြန်ထွက်ခွာခဲ့ကြပါတယ်။

အမျိုးသားပညာရေးဥပဒေမူကြမ်းနဲ့ ပတ်သက်တဲ့ လွှတ်တော်ကြားနာပွဲတွေကို မတ် ၅ ရက်ကစတင်ခဲ့ပြီး သပိတ်မှောက်ကျောင်းသား၊ အန်အန်အီးအာ အပါအ၀င် အစုအဖွဲ့ ၆ ဖွဲ့ကို ဖိတ်ကြားထားတာပါ။ မတ်လ ၈ ရက်နေ့မှာတော့ နိုင်ငံရေးပါတီ ၁၁ ပါတီကို ဖိတ်ကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013