DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ ကျောင်းသား ၅ ဦး ပြန်လွတ်
DVB
·
March 7, 2015
ဖမ်းဆီးခံ ကျောင်းသား ၅ ဦး ပြန်လွတ်
1 / 4
Donate to DVB

သာယာဝတီခရိုင် ရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ ဗကသ ကျောင်သားတွေကို တာဝန်ရှိသူတွေက ဒီနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

ရန်ကုန်မြို့မှာ မတ်လ ၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပင်မသပိတ်စစ်ကြောင်း ထောက်ခံ ဆန္ဒပြပွဲကို တာဝန်ဆိုတဲ့ လက်ပတ်အနီတွေ ပတ်ထားတဲ့ စွမ်းအားရှင်တွေနဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ဖြစ်ရပ်အပေါ် လက်ပံတန်း ပြည်သူလူထုကို ရှင်းလင်း တင်ပြဖို့ ကြိုးစားရင်း ဆန္ဒပြခဲ့ကြတဲ့ ပင်မ သပိတ်စစ်ကြောင်းက ကျောင်းသား၅ ဦးကို မတ်လ ၆ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးသွားတာပါ။

ဖမ်းဆီးခံထားရသူတွေကတော့ ကျောက်ဆည်ခရိုင် ကျောင်းသားများ သမဂ္ဂက ရဲမျိုးဆွေ၊ ရဲရင့်ပိုင်မှူး၊ အောင်မင်းခန့်၊ သာအေးအပါအဝင် မန္တလေးခရိုင် ကျောင်းသားများ သမဂ္ဂက အိသဉ္ဇာမောင် တို့ ဖြစ်ပါတယ်။

လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေက လက်ပံတန်းမြို့မ ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် သာယာဝတီခရိုင် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို ခေါ်ဆောင်သွားခဲ့ပါတယ်။

ဒီကနေ့ နံနက် ၉ နာရီ လောက်မှာတော့ လက်ပံတန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို  ဖမ်းဆီးခံထားရတဲ့ ပင်မသပိတ်စစ်ကြောင်းက ကျောင်းသား ကျောင်းသူ ၅ ဦးကို တာဝန်ရှိသူတွေက ပြန်လည်ခေါ်ဆောင်လာခဲ့ပါတယ်။

ကျောင်းသားတွေကို အမှုဖွင့်အရေးယူမှု တစုံတရာ မပြုလုပ်ဘဲ သူတို့ရဲ့ သဘောဆန္ဒအတိုင်း လုံခြုံရေး ရဲတပ်ရင်းတွေရဲ့ ပိတ်ဆို့ခံထားရတဲ့ လက်ပံတန်း ပင်မသပိတ်စစ်ကြောင်းနေရာကို  ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ လက်ပံတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးသီဟက ပြောပါတယ်။

ဓာတ်ပုံ - ကောင်းထက်ကျော်

[gallery ids="84578,84577,84575,84576"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013