DVB Logo
Home
မြန်မာသတင်း
ရွှေတောင်မြို့နယ်က နှစ်ပေါင်း ၄၀ ကြာ ပျောက်ကွယ်နေသည့် နွားလှည်းပြိုင်ပွဲ
DVB
·
March 7, 2015
ရွှေတောင်မြို့နယ်က နှစ်ပေါင်း ၄၀ ကြာ ပျောက်ကွယ်နေသည့် နွားလှည်းပြိုင်ပွဲ
Donate to DVB

ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်က ရွှေနတ်တောင်စေတီတော်မြတ် ဘုရားပွဲတော်မှာ အနှစ် ၄၀ လောက် ပျောက်ကွယ်နေတဲ့ နွားလှည်းပြိုင်ပွဲကို ပြန်လည်ထည့်သွင်း ကျင်းပခဲ့ပါတယ်။

ရွှေတောင်မြို့နယ်ထဲက ရွှေနတ်တောင်ဘုရားပွဲတော်မှာ အနှစ် ပေါင်း ၄၀ လောက် ပျောက်ကွယ်နေတဲ့ နွားလှည်းပြိုင်ပွဲကို အခုနှစ် ၁၇၇ ကြိမ်မြောက်ပွဲတော်မှာ ပြန်လည် ကျင်းပလာနေကြတာပါ။

သဲကုန်း၊ ပုတီးကုန်း၊ ရွှေတောင်၊ ပဒေါင်း စတဲ့မြို့နယ်တွေက နွားဝါသနာရှင်တွေကနေပြီး လှည်းအစီးပေါင်း ၃၀) ကျော်နဲ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ပြိုင်ပွဲဖြစ်မြောက်ရေးစပ်ကော်မတီဝင် ဦးစံမောင် “ဒါက တောင်သူလယ်သမားတွေအတွက် လုပ်ပေးတဲ့အားကစားလည်းဖြစ်တယ်၊ စက်မှုလယ်ယာတွေ ဘယ်လောက်ထွန်းကားလာပေမယ့် ဒီနွားက မပါလို့မဖြစ်ဘူးဆိုတာကို ပြသချင်တာပါ။ ဒီမှာ အလံရတဲ့ နွားကလည်း ငွေကြေးအားဖြင့် မြင့်သွားတာကြောင့် နွားတန်ဖိုးလည်း မြင့်သွားတာပေါ့” လို့ ပြောပါတယ်။

အပြည့်အစုံ ရုပ်သံကြည့်ရှုရန်

တင်ဆက် - ခွန်ဘသာ၊ ရိုက်ကူး - မင်းညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013