DVB Logo
Home
မြန်မာသတင်း
အမျိုးသားပညာ‌ရေးဥပ‌ဒေကြားနာပွဲ နိုင်‌ငံ‌ရေးပါတီ ၁၇ ပါတီ တက်‌‌ရောက်‌
DVB
·
March 6, 2015
အမျိုးသားပညာ‌ရေးဥပ‌ဒေကြားနာပွဲ  နိုင်‌ငံ‌ရေးပါတီ ၁၇ ပါတီ တက်‌‌ရောက်‌
Donate to DVB

အမျိုးသားလွှတ်တော်မှာ ဒီကနေ့ ပြုလုပ်တဲ့ အမျိုးသားပညာ‌ရေးဥပ‌ဒေ ပြင်ဆင်တဲ့ဥပဒေဆိုင်ရာ ကြားနာပွဲ ဒုတိယနေ့မှာ နိုင်ငံရေးပါတီ ၁၇ ပါတီက ကိုယ်စားလှယ်တွေ တက်ရောက်ကြား နာခဲ့ပါတယ်။

ဒီကြားနာပွဲကို  နိုင်ငံရေး ပါတီုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ မူဝါဒဆိုင်ရာ ဆွေးနွေးနိုင်တဲ့ ကိုယ်စားလှယ်  ၂၀ တက်ရောက်ဖို့ဖိတ်ကြားထားတာဖြစ်ပေမယ့် ကိုယ်စားလှယ်  ၁၇ ယောက်  လာရောက်ခဲ့ကြပြီး လက်ရှိတင်ထားတဲ့ ပညာရေးဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး  တပါတီချင်း အချင်း အမြင်သဘောထားတွေကို ဆွေးနွေးခဲ့ကြပါတယ်။

လေးပွင့်ဆိုင် ဆွေးနွေးပွဲသဘောတူညီချက်အရ  ပေးပို့ထားတဲ့ ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတွေက တချို့ဟာ တွေကို ထောက်ခံနိုင်သလို တချို့အချက်တွေကိုလည်း ကန့်ကွက်ကြ တယ်လို့ ရခိုင်အမျိုး သားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။

“ကျနော်တို့ သဘောကျတာတွေလည်းရှိတယ်။ လက်ခံတာလည်းရှိတယ်။ တချို့ဟာတွေကတော့ ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားသင့်တဲ့အခါကျတော့ နိုင်ငံရေးပါတီအလိုက်ကတော့ဖြင့် သူ့ပါတီရဲ့ ပညာရေးဆိုင်ရာ မူဝါဒအရ ကန့်ကွက်သင့်တာတွေကိုလည်း ကန့်ကွက်ကြပါတယ်။ ဥဗမာ ပုဒ်မ ၃၄(ည)မှာပေါ့နော်။ တခြားဘာသာရေး ပညာရေးသင်ကြားခွင့်ဆိုတာလေ။ ဒါအင်မတန်သတိထားရမယ့် ကာလလေးဖြစ်တဲ့အခါကျတော့ ဒီလောက်ထိ ဖွင့်ပေးလို့ လွတ်လပ်တဲ့ ပညာရေးစနစ် ဦးတည်ကောင်းဦးတည်နိုင်သော်လည်းပဲ မလိုအပ်သေးဘူး။”

လက်ရှိ သပိတ်မှောက် ဆန္ဒဖော်ထုတ်နေကြတဲ့ ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေကို တော့ လေးလေးနက်နက်ထောက်ခံတယ်လို့လည်း ဒေါက်တာအေးမောင်က ပြောပါတယ်။

“ကျောင်းသားတွေရဲ့တောင်းဆိုချက်တွေကိုလည်း ကျနော်တို့ သဘောကျတယ်။ ဘာလို့လဲဆိုတော့ ကျောင်းသားဆိုတာ ပညာရေးအစမ်း သပ်ခံပေါ့နော်။ ပညာရေးစနစ်တွေကို တက်လာတဲ့အစိုးရ မျိုးစုံက နည်းမျိုးစုံ ကျင့်သုံးခဲ့တဲ့အခါကျတော့ အစမ်းသပ်ခံဘ၀ကနေ ကျောင်းသားတို့ ကျနော်တို့ကအစ ဒီဒဏ်ကို အခုထိခံနေရဆဲဖြစ်တဲ့အခါမှာ ကျောင်းသားတွေက အနာဂတ်မျိုးဆက်တွေအတွက် သူတို့အခုလို ဒုက္ခခံပြီးမှ တောင်းဆိုတိုက်ပွဲဝင်နေတာ ကျနော်တို့ကတော့ လေးလေးနက်နက်လေးလေး စားစားထောက်ခံပါတယ်။ သို့ပေမယ့် ဒီကာလဟာ အထွေထွေနိုင်ငံရေး အကျပ်အတည်းတခုဖြစ်နိုင်တဲ့အခါမှာ နှစ်ဖက်က ကိုယ်တောင်း တာကိုပဲရရမယ်ဆိုတဲ့ဟာ မဟုတ်ဘဲနဲ့ ကိုယ့်ဘက်က လျော့သင့်တာလျော့နိုင်အောင် နှစ်ဖက်ညှိနှိုင်းပြီးမှ မြန်မာ့နိုင်ငံရေးအလားအလာကောင်းတွေ ဖန်တီးပေးစေချင်တယ်။”

ဒါ့အပြင်လက်ရှိဖြစ်နေတဲ့ ကျောင်းသားနဲ့ အုပ်ချုပ်ရေးပိုင်းတွေရဲ့ ဖမ်းဆီးအကြမ်းဖက်မှုတွေကို အစိုးရက ရပ်ဆိုင်းပေးဖို့လည်း နိုင်ငံရေးပါတီတွေက တောင်းဆိုကြပါတယ်။

ဒီအထဲမှာ မတူကွဲပြားခြင်းနှင့်‌ငြိမ်းချမ်း‌ရေးပါတီ ဥက္ကဋ္ဌ ဦ‌နေမျိုး‌ဝေက သပိတ်မှောက် ‌ကျောင်းသား‌တွေ‌ တောင်းဆိုတဲ့ အချက်‌ (၁၁)ချက်‌ကို ကန့်‌ကွက်‌ရှုတ်ချပြီး ဥပ‌ဒေနဲ့အညီ အ‌ရေးယူဖို့‌ ဆွေး‌နွေးသွားပါတယ်‌။

ဒီကြားနာပွဲကို  မတ်လ ၅ ရက်နေ့ကနေ ၁၅ ရက်ထိကျင်းပနေတာဖြစ်ပြီး  ဖိတ်ကြားထားတဲ့ အစုအဖွဲ့ ၆ ဖွဲ့ထဲမှာ  နိုင်ငံရေးပါတီ အစုအဖွဲ့ကို မတ်လ ၆ ရက်၊ ၈ ၇က်နဲ့ ၁၃ ၇က်တွေမှာ ကြားနားဖို့ အချိန် ၃ ရက်ပေးတားတာဖြစ်ပြီး ကျန်တဲ့အဖွဲ့တွေကိုတော့ ၁ ရက်စီပဲ အချိန်ပေး ထားတာဖြစ်ပါတယ်။

မနက်ဖြန် မတ်လ ၇ ရက်နေ့မှာ အမျိုးသားပညာရေး ပြုပြင်ပြောင်းလဲမှု ကွန်ယက် (အန်အန်အီးအာ) က ကိုယ်စားလှယ်တွေ ကြားနာပွဲတက်ရောက်ဖို့  ဖိတ်ကြားထားပေမယ့်  ပညာရေးကွန်ရက်က ဒီအစီအစဉ်ကို လက်မခံဘဲ ရွှေ့ဆိုင်းလိုက်တယ်လို့ ကြေညာထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013