DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းသူများအပေါ် ချိုးနှိမ်ဖော်ပြမှု တောင်းပန်ရန် နိုင်ငံပိုင်သတင်းစာများထံ တောင်းဆို
DVB
·
March 6, 2015
မသန်စွမ်းသူများအပေါ် ချိုးနှိမ်ဖော်ပြမှု တောင်းပန်ရန် နိုင်ငံပိုင်သတင်းစာများထံ တောင်းဆို
Donate to DVB

နိုင်ငံပိုင်နေ့စဉ်သတင်းစာတွေကနေ မသန်စွမ်းသူတွေအပေါ် ခွဲခြားဆက်ဆံ ချိုးနှိမ်ဖော်ပြခဲ့မှုနဲ့ ပတ်သက်ပြီး ဖြေရှင်းတောင်းပန်ချက်ထည့်သွင်းပေးရန် မြန်မာနိုင်ငံ မသန်စွမ်းသူများကောင်စီက ဒီကနေ့ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

မတ်လ ၂ ရက် မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေမှာ ဆောင်းပါးရှင် ဦးဝင်းမြင့်မောင်ရေးသားတဲ့  အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အပေါ်လေ့လာအကြံပြုချက်မှာ မသန်စွမ်းသူတွေကို ခွဲခြားနှိမ်ချဆက်ဆံ ရေးသားထားတဲ့ အတွေးအမြင်တွေကို ပြင်ဆင်ပေးဖို့တောင်းဆိုလိုက်တာပါ။

ဒီအကြံပြချက်အမှတ် (၁၄)မှာ “ဆရာဖြစ်နိုင်ရေးအတွက် သန်စွမ်းမှု မသန်စွမ်းမှု အရသော်လည်းကောင်း၊ ------ ခွဲခြားခြင်းမရှိစေရ၊ မျက်မမြင်၊ ဆွံ့အနားမကြားနှင့် ခြေလက်အင်္ဂါ မစုံသူသည် ပုံမှန်ကျောင်းများတွင် လုပ်ငန်းသဘာဝအရ ဆရာမဖြစ်နိုင်” လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ မသန်စွမ်းသူများကောင်စီက  အထွေထွေအတွင်းရေးမှူး  ဦးညွန်အောင်က “ဒါက ဟိုးတုန်းက အယူအဆဟောင်းတွေပါ။ ကျောင်းဆရာဆိုတာ အင်္ဂါစုံရမယ်တို့ဘာတို့ဆိုတာ၊ ကျောင်းဆရာဆိုတာ ကျောင်းသားတွေကို အသိညဏ်ဖွံ့ဖြိုးဖို့နဲ့ ဆင်ခြင်တုံတရားရှိဖို့ လေ့ကျင့်ပေးရတာ၊   မသန်စွမ်းသူတစ်ယောက်ဟာ ဆရာ မဖြစ်ရဘူးဆိုတဲ့ ပိတ်ပင်ချက်က ခေတ်ဟောင်းက အတွေးအမြင်တွေပါ။ အဲဒါမျိုးတွေကို ဆွဲကိုင်ထားတယ်ဆိုတာ ကုလသမဂ္ဂပြဋ္ဌာန်းထားတဲ့ မသန်စွမ်းသူအခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်ကို လျစ်လျူရှူ ဖောက်ဖျက်ရာကျတယ်။ ခွဲခြားနှိမ်ချဆက်ဆံရာကျလို့ ကန့်ကွက်ရတာပေါ့လေ။ ဒါကြီးက သတင်းစာထဲပါလာတော့ အများပြည်သူ အမြင်မှာ မသန်စွမ်းတွေအပေါ်မှာ အမြင်ဟောင်းကို ဆက်ပြီးမြင်သွားနိုင်မယ်လေ။ ဒါကြောင့်ကန့်ကွက်ရတာပါ။ သတင်းစာကိုဖတ်မိတဲ့သူသည် အမှန်ထင်သွားမှာဆိုးလို့ပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကုလသမဂ္ဂကပြဋ္ဌာန်းထားတဲ့  မသန်စွမ်းသူအခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်မှာ မြန်မာနိုင်ငံက သဘောတူလက်မှတ်ထိုးထားပြီဖြစ်တယ်။ မသန်စွမ်းသူတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်က လိုက်နာပါမယ်လို့  ၀န်ခံထားတဲ့ အခွင့်အရေးစံနှုန်းတွေကို လိုက်နာဖို့  ပြည်သူတွေ၊ နိုင်ငံဝန်ထမ်းတွေနဲ့ အသင်းအဖွဲ့တွေအားလုံးမှာ တာဝန်ရှိတယ်လို့ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံပိုင်သတင်းစာတွေက မသန်စွမ်းသူတွေအပေါ် ခွဲခြားဆက်ဆံတာ၊ နှိမ်ချစော်ကားရေးသားမှုတွေကြောင့် မသန်စွမ်းသူတွေရဲ့ ဂုဏ်သိက္ခာကျဆင်းတဲ့အပြင် အများပြည်သူတွေကလည်း မသန်စွမ်းအပေါ် အတွေးအမြင်မှားတွေဖြစ်ပေါ်လာစေနိုင်တဲ့ အတွက် သတင်းစာတာဝန်ရှိသူတွေအနေနဲ့ အမှန်ပြင်ပေးဖို့၊ အဆိုပါအကြံပြုချက်ကို ပြန်လည်ရုပ်သိမ်းဖို့နဲ့  ဖြေရှင်းတောင်းပန်ချက် ထည့်သွင်းပေးဖို့ တောင်းဆိုထားပါတယ်။

နိုင်ငံပိုင်သတင်းစာတွေမှာတော့ ဆောင်းပါးမှာဖော်ပြတဲ့ သုံးသပ်ချက်တွေဟာ ဆောင်းပါးရှင်ရဲ့ ကိုယ်ပိုင်ရှုမြင်သုံးသပ်ချက်တွေသာဖြစ်ပြီး သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းရဲ့ အယူအဆတွေ မဟုတ်ဘူးလို့ ရေးသားထားပြီး သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းရဲ့ မူဝါဒနဲ့ ကိုက်ညီရင် ဖော်ပြပေးမယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ မသန်စွမ်းသူများကောင်စီအနေနဲ့ မသန်းစွမ်းကလေးများအပါအ၀င် ကလေးအားလုံးအတွက် လူတိုင်း အကျုံးဝင်ပညာရေးဖော်ဆောင်ပေးဖို့  လက်ရှိ သပိတ်မှောက် ကျောင်းသားတွေရဲ့ တောင်းဆိုမှုကို ထောက်ခံတယ်လို့လည်း ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013