
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဝက်စ်ဟမ်းတောင်ပံကစားသမား ခရိုင်ဆန်စီယို ဆမ်မာဗီးလ် ကို ခေါ်ယူဖို့ ကနဦးဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။
ပြီးခဲ့တဲ့လကတည်းက ဆမ်မာဗီးလ်ကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တခြားတောင်ပံ ကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ် ထွက်ခွာမှသာ ခေါ်ယူဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
မန်ယူဟာ ပေါင် ၈၅ သန်းနဲ့ စပါးကို ရောက်သွားတဲ့ မာတေးယုစ် ဖာနန်ဒက်စ်ကို လွဲချော်ပြီး နောက်ပိုင်း ကွင်းလယ်ကစားသမားတယောက် ထပ်ခေါ်ဖို့ကို အဓိက ဦးစားပေးနေပါတယ်။
ဝက်စ်ဟမ်းအသင်းမှာရှိတဲ့ ဆမ်မာဗီးလ်အတွက် တခြားပရီးမီးယားလိဂ်ကလပ်တွေနဲ့ နိုင်ငံခြား ကလပ်တွေကလည်း စုံစမ်းနေတာတွေ ရှိပါတယ်။
ဒါ့အပြင် မန်ယူအသင်းဟာ ဘုန်းမောက်ကွင်းလယ်ကစားသမား အဲလက်စ်စကော့တ်ရဲ့ ပြောင်းရွှေ့ကြေးကိုလည်း စုံစမ်းဖို့ စီစဉ်နေတာပါ။
ဂိုးသမားတယောက်ကိုလည်း ထပ်ခေါ်ယူဖို့ လိုအပ်နေပြီး အယ်လ်တေး ဘာယင်ဒါ ထွက်ခွာမှသာ ဖြစ်လာနိုင်တာ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ကတော့ မန်ယူမှာ ဆက်နေဖို့ ဆန္ဒရှိပေမဲ့ ကမ္ဘာ့ဖလားပြီးရင် ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုတွေ ပိုများလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
Photo:Reuters











