DVB Logo
Home
မြန်မာသတင်း
အစိုးရ ၀န်ထမ်းအင်အား ၂၅၀၀၀ ကျော် လျှော့ချမည်
DVB
·
March 6, 2015
အစိုးရ ၀န်ထမ်းအင်အား ၂၅၀၀၀ ကျော် လျှော့ချမည်
Donate to DVB

အစိုးရလက်အောက်ခံ ဦးစီးဌာန ၂၃ ခုနဲ့ ၀န်ထမ်းအင်အား ၂၅၀၀၀ ကျော် လျှော့ချသွားမယ်လို့ အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၀န်ကြီး ဒေါက်တာကံဇော်က မတ် ၅ ရက်နေ့ ကျင်းပတဲ့  ပြည်ထောင်စုလွှတ်တော်မှာ ပြောကြားသွားပါတယ်။

ဝန်ကြီးဌာနတွေမှာ အမြဲတမ်းအတွင်းဝန် ခန့်အပ်ဖို့အတွက် ကျစ်လျစ်သွားစေဖို့ ၀န်ထမ်းအင်အားလျှော့ချသွားမှာဖြစ်တယ်လို့ ပြောသွားကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောပါတယ်။

“အခုဟာက လက်ရှိခန့်ထားတဲ့ ၀န်ထမ်းတွေကို ဖြုတ်လိုက်တယ်ကွာလို့ ပြောမှာ မဟုတ်ဘူး၊ များသောအားဖြင့် ၇၅ ရာခိုင်နှုန်းလောက်ပဲ ၀န်ထမ်းက ရှိသေးတယ်။ ဖွဲ့စည်းပုံ မပြည့်မီသေးဘူး၊ အဲ့ဒါတွေ ထပ်မခန့်တော့ဘဲ ဒါနဲ့ပဲ ကျစ်ကျစ်လျစ်လျစ် လစာလည်း ထိုက်ထိုက်တန်တန် တိုးပေးလိုက်မယ်၊ ဒီလူနဲ့ပဲ ထိုက်ထိုက်တန်တန် ခိုင်းမယ့် သဘောရှိတယ်၊ ပရိုဂျက်တာကြီးမှာတော့ လျှော့ချမယ်လို့ ရေးထားတယ်ဗျ။”

တချို့ဦးစီးဌာနတွေ ဖောင်းပွနေတာရှိပြီး လယ်ဆည်ဝန်ကြီးဌာနမှာဆိုရင် ကြံမှာတခု၊ ၀ါမှာတခုနဲ့ ရာဘာမှာတခု ဖွဲ့ထားတာမျိုးတွေ ရှိနေတယ်လို့လည်း သူက ပြောပါတယ်။

အစိုးရ၀န်ကြီးဌာနပေါင်း ၃၀ ကျော်ရှိပြီး ဌာနတိုင်းမှာ အမြဲတမ်းအတွင်းဝန်ခန့်ဖို့ ရှိတယ်လို့ ပြီးခဲ့တဲ့နှစ်ကတည်းက သမ္မတဦးသိန်းစိန်က ထုတ်ဖော်ပြောကြားထားပါတယ်။

ပါလီမန်ဒီမိုကရေစီခေတ်မှာ ၀န်ကြီးနဲ့ ဒုဝန်ကြီး ဆိုသူတွေဟာ အနိုင်ရပါတီကလာပြီး ၅ နှစ်လုပ်၊ အဲ့ဒီနောက် နောက်တယောက်ပြောင်းဆိုတာမျိုး ရှိနိုင်တာမို့ ဌာနအကြောင်း အကုန်နိုင်တဲ့ ဌာနမှာ တောက်လျှောက်လုပ်လာတဲ့သူတွေကို အမြဲတမ်းအတွင်းဝန်ခန့်ဖို့ စီစဉ်တာဖြစ်ပါတယ်။

အမြဲတမ်းအတွင်းဝန် ခန့်တဲ့အခါ တပ်ကလာတဲ့ မိုးကျရွှေကိုယ်တွေပဲ ဖြစ်ဖို့များပြီး လက်ရှိဌာနဆိုင်ရာ အကြီးအကဲတွေဖြစ်တဲ့ ဦးဆောင်ညွှန်ရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်တာဝန်ထမ်းဆောင်နေသူ အများစုဟာလည်း  မိုးကျရွှေကိုယ်တွေအများစု ဖြစ်တယ်ဆိုပြီး ဝေဖန်ခံနေရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013