DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးထားသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန် ၈၈ မျိုးဆက် တောင်းဆို
DVB
·
March 5, 2015
ဖမ်းဆီးထားသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန် ၈၈ မျိုးဆက် တောင်းဆို
1 / 3
Donate to DVB

ဖမ်းဆီးခံထားရသူတွေကို နှိပ်စက်ညှဉ်းပန်းမှု မပြုလုပ်ဖို့နဲ့ အမြန်ဆုံးလွှတ်ပေးဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ သပိတ်မှောက်ကျောင်းသားတွေက တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ထိုင်သပိတ်ဆင်နွှဲနေသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက ဖြိုခွင်း ရိုက်နှက်ပြီး ဆန္ဒပြသူတွေနဲ့ ၀န်းရံကူညီပေးနေတဲ့ သူအချို့ကို ဖမ်းဆီးသွားတဲ့အပေါ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ သပိတ်မှောက်ကျောင်းသားတွေက သတင်းစာရှင်းလင်းပွဲတရပ်ကို ၈၈ ရုံးခန်းမှာ ဒီနေ့ည ပြုလုပ်ပြီး အခုလို တောင်းဆိုလိုက်တာပါ။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမင်းကိုနိုင်က “ငြိမ်းချမ်းစွာဆန္ဒပြမှုအပေါ် အကြမ်းဖက်ဖြေရှင်းခဲ့တဲ့အတွက် အာဏာသုံးရပ်လုံးနဲ့ဆိုင်တယ်၊ အသိပေးတောင်းဆိုမှုတွေ လုပ်သွားမယ်။ ဖမ်းဆီးခံရသူတွေကို အချိန်မနှောင်းခင် ပြန်လွှတ်ပေးဖို့ လိုတယ်။ နှိပ်စက်ညှဉ်းပန်းခြင်း ကင်းဖို့ လိုတယ်။ လိုအပ်တဲ့ တုံ့ပြန်မှုတွေ လုပ်မယ်” လို့ ပြောပါတယ်။

ဒီနေ့ညနေပိုင်း ဆန္ဒထုတ်ဖော်မှုမှာ ပါဝင်တဲ့ ကျောင်းသားတွေကလည်း အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး အစိုးရကို အချိန်တခုပေး စောင့်ကြည့်ပြီး လှုပ်ရှားမှုတခု ကို အမြန်ဆုံး လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

အဖမ်းခံရသူတွေကတော့  သပိတ်မှောက်ကျောင်းသားတွေဖြစ်တဲ့ မတင်မေကျော်၊ ကိုဇင်မင်းဖြိုး၊ ဟိန်းထက်အောင်၊ ဇော်လင်းထွဋ်(ခ)ဖိုးသား၊ ကိုပြည့်သော်နဲ့ ၈၈ မျိုးဆက်အဖွဲ့က ဒေါ်နီလာသိန်း၊ ဒေါ်နုနုအောင်နဲ့ ဦးမျိုးသန့်တို့ ပါဝင်တယ်လို့ သိရပါတယ်။

သတင်းဓာတ်ပုံ - မျိုးဇော်လင်း

[gallery ids="84402,84403,84404"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013