DVB Logo
Home
မြန်မာသတင်း
ကျောင်းသားသပိတ်ထောက်ခံသူ လက်ပံတန်းဒေသခံများ အမှုဖွင့် အရေးယူခံရ
DVB
·
March 5, 2015
ကျောင်းသားသပိတ်ထောက်ခံသူ လက်ပံတန်းဒေသခံများ အမှုဖွင့် အရေးယူခံရ
Donate to DVB

သပိတ်စစ်ကြောင်းကို တားဆီးထားတဲ့ ကားတန်းကို ဖယ်ရှားပေးဖို့နဲ့ ကျောင်းသားသပိတ် ထောက်ခံအားပေးခဲ့ကြတဲ့ လက်ပံတန်းမြို့ခံ ပြည်သူတွေ ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ခံထားရသလို အချို့က ရဲစခန်းမှာ ဖမ်းဆီးခံထားရပါတယ်။

သပိတ်စစ်ကြောင်းက ကျောင်းသားတွေကို ဒေသခံ ပြည်သူတွေနဲ့ တွေ့ဆုံခွင့်မရအောင် မတ်လ ၄ ရက်နေ့မနက်ပိုင်းမှာ လုံခြုံရေး ရဲတပ်ရင်းတွေက လက်ပံတန်းမြို့ ကျွန်းကလေး အနောက်ဘက်ကမ်း တာဆုံမှာ ကားတန်းတွေ၊ လုံခြုံရေး အတားအဆီးတွေ၊ ရဲတပ်ဖွဲ့တွေ ချထားပြီး ပိတ်ဆို့ခဲ့တဲ့အတွက် လက်ပံတန်း ဒေသခံ ပြည်သူတွေနဲ့ သာယာဝတီခရိုင်က ပြည်သူတွေ ပူးပေါင်းပြီး အတားအဆီးတွေကို ဖွင့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ခွင့်ပြုမိန့်မတင်ဘဲ အခုလို စုဝေးတောင်းဆိုခဲ့တာကြောင့် လက်ပံတန်း ဒေသခံ ၁၁ ဦးကို ငြိမ်းချမ်းစွာ စုဝေးခွင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈နဲ့ လက်ပံတန်း မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး စန်းမြင့်က အဲဒီနေ့မှာပဲ တရားလိုလုပ်ပြီး အမှုဖွင့်ခဲ့ပါတယ်။

အမှုဖွင့်ပြီးပြီးချင်းမှာပဲ လက်ပံတန်း ဒေသခံ   ကိုနိုင်ဝင်းနဲ့ ကိုနန္ဒစိုးတို့ကို စတင် ဖမ်းဆီးခဲ့ပြီး လက်ပံတန်းမြို့မရဲစခန်းမှာ ချုပ်နှောင်ထားခဲ့တယ်လို့ စခန်းမှူး ဒုရဲမှူး စန်းမြင့်က အတည်ပြု ပြောဆိုပါတယ်။

ကျန်တဲ့ မကြည်ကြည်ဝင်း၊ မျိုးဆွေ၊ မြတ်သူ၊ ဝင်းမင်းထွန်း၊ ဗေဒါလေး၊ မြတ်သူ၊ နိုင်ဝင်း၊ အေးကိုထွဋ် စတဲ့ ရှစ်ယောက်ကိုတော့ တရားစွဲဆိုသွားမယ်လို့ စခန်းမှူးက ဆက်လက် ပြောပါတယ်။

ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ခံခဲ့ရတဲ့ မကြည်ကြည်ဝင်းကတော့ လူစုလူဝေးနဲ့ ဖြစ်သွားတာဟာ သပိတ်မှောက် ကျောင်းသားတွေကို အားပေးဖို့လာခဲ့တာသာ ဖြစ်ကြောင်း၊ အခုလို လူစုလူဝေးနဲ့ ဖြစ်သွားတာဟာ ရဲတပ်ဖွဲ့မှာသာ တာဝန်ရှိကြောင်းနဲ့ နိုင်ငံသားတဦးရဲ့ ရပိုင်ခွင့် အခွင့်အရေးအရ ခုခံကာကွယ်သွားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013