DVB Logo
Home
မြန်မာသတင်း
ကြားနာမှုမလုပ်ဘဲ ကျောင်းသားများ လွှတ်တော်မှထွက်ခွာ
DVB
·
March 5, 2015
ကြားနာမှုမလုပ်ဘဲ ကျောင်းသားများ လွှတ်တော်မှထွက်ခွာ
1 / 4
Donate to DVB

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်မှာ ဒီကနေ့ ကျင်းပတဲ့  ကြားနာပွဲကနေ ကျောင်းသားကိုယ်စားလှယ်တွေ ဆွေးနွေးမှုမလုပ်ဘဲ ပြန်လည်ထွက်ခွာ သွားပါတယ်။

ကျောင်းသားတွေအနေနဲ့ သပိတ်စစ်ကြောင်း လက်ပံတန်းမှာ တားဆီးပိတ်ဆို့ခံရတဲ့အတွက် ဒီကြားနာမှုကို ဆက်လက်လုပ်ဆောင်ဖို့ အဆင်မပြေကြောင်း ပြောဆိုခဲ့တယ်လို့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှုကော်မတီက ကိုနန်းလင်းက ပြောပါတယ်။

“လက်ပံတန်းမှာ ကျနော်တို့ ကျောင်းသားရဲဘော်တွေနဲ့ အစိုးရရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တင်းမာမှု တွေဖြစ်နေတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ ဒီမှာတက်ဖို့က အဆင်မပြေဘူး။ နောက်တခုက လွှတ်တော်မှာ သမိုင်းမှာမရှိဘဲ ဒီလိုမျိုးကြားနာမှုလုပ်တဲ့အတွက် ကျနော်တို့က အသိအမှတ်ပြုတယ်။ လွှတ်တော်ရဲ့ လုပ်တဲ့ပုံစံကို ကျနော်တို့က နားလည်တယ်ပေါ့နော်။ ဒါပေမယ့် ကျနော်တို့ ကျောင်းသားရဲဘော်တွေအနေနဲ့ လက်ပံတန်းမှာ အစိုးရရဲတပ်ဖွဲ့နဲ့ တင်းမာမှုဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ ဆက်ပြီးတော့ ကြားနာမှုအတွက်အဆင်မပြေဘူးလို့ ကျနော်တို့ ပြောခဲ့တယ်။”

လွှတ်တော်ကြားနာမှုကို သွားရောက်ခဲ့တဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုဇေယျာလွင်က "လွှတ်တော်မှာ ပြင်ဆင်ထားတဲ့ အမျိုးသားပညာရေးဥပဒေကြမ်း ကြားနာမှုကို ကြိုဆိုတဲ့အနေနဲ့ လွှတ်တော်ကို တက်ရောက်ပြီး ကျနော်တို့ မိတ်ဆက် စကားပြောခဲ့တယ်။ ဒါပေမယ့် လက်ရှိ လက်ပံတန်းမှာ ဖြစ်နေတဲ့ အခြေအနေတွေကို လက်မခံနိုင်တဲ့အတွက် လွှတ်တော်ကနေ ပြန်ထွက်လာခဲ့တယ်" လို့ ပြောပါတယ်။

အလားတူ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (အန်အန်အီးအာ) ကလည်း ကျောင်းသားတွေရဲ့  ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုမှုတွေကို အစိုးရက ဘယ်လို ကိုင်တွယ်ဖြေရှင်းလဲဆိုတာ စိုးရိမ်မကင်းဖြစ်မိတဲ့အတွက်  မတ်လ ၇ ရက်နေ့  အမျိုးသားလွှတ်တော်ကြားနာပွဲ တက်ရောက်မယ့်အစီအစဉ်ကို ရွှေ့ဆိုင်းတယ်လို့  မနေ့က ထုတ်ပြန်ကြေညာပါတယ်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာဗညားအောင်မိုးကတော့ လွှတ်တော်ကြားနာပွဲမှာ ကျောင်းသားတွေ မကြားနာရင်တော့ အရင်ကတင်ထားတဲ့အတိုင်းပဲ ယူဆရမယ်လို့  ပြောပါတယ်။

“သူတို့ မဆွေးနွေးဘူး၊ အကြားနာမခံဘူး။ NNER နဲ့အတူ တင်ထားတဲ့ ပြင်ဆင်မှုကတော့ ပါပြီးသား အဲဒီအပေါ်မှာ အများက သုံးသပ်ပြီးတော့ ဆုံးဖြတ်ပြီးတော့ သူတို့ခံရမှာလေ။ တကယ်မှာ သူတို့ရဲ့ ဆန္ဒကို ထပ်မပေးတော့ဘူးဆိုရင် မူလ သူတို့တင်ထားတဲ့ဟာကိုပဲ အများက စဉ်းစားပြီးတော့ ဆွေးနွေးကြမယ်။”

အမျိုးသားလွှတ်တော်မှာ ကြားနာမယ့် အစီအစဉ်ကို မတ် ၅ ရက်နေ့ကနေ ၁၅ ရက်အထိ ပြုလုပ်မှာဖြစ်ပြီး သပိတ်မှောက်ကျောင်းသား၊ ပညာရေးကွန်ရက်၊ နိုင်ငံရေးပါတီတွေ အပါအ၀င် အစုအဖွဲ့ ၆ ဖွဲ့က  အယောက် ၂၀ စီ သီးခြား ကြားနာကြမှာဖြစ်ပါတယ်။

[gallery ids="84286,84287,84288,84289"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013