DVB Logo
Home
Lead Story
ပင်မသပိတ်စစ်ကြောင်းကို လုံခြုံရေးများ အထပ်ထပ်ကာရံထား (ဓာတ်ပုံ)
DVB
·
March 5, 2015
ပင်မသပိတ်စစ်ကြောင်းကို လုံခြုံရေးများ အထပ်ထပ်ကာရံထား (ဓာတ်ပုံ)
1 / 2
Donate to DVB

လက်ပံတန်းမှာ ပိတ်မိနေတဲ့ ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းကို ဒီနေ့မနက်ပိုင်းမှာ လုံခြုံ​ရေး ရဲတပ်​ဖွဲ့ဝင်​​တွေဟာ သံဆူးကြိုးအကာအရံ​တွေကို ပိတ်​ဆို့ခံထားရတဲ့ ​သပိတ်​စစ်​​ကြောင်းနဲ့ ​ပေ ၅၀ အ​ကျော်​မှာ အထပ်​ထပ်​ကာရံတားဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

unnamed unnamed၁ဒီနေ့ မနက်​ ၈ နာရီ ၃၀ မိနစ်​ထိက​တော့ နှစ်​ဖက်​စလုံး ထိပ်​တိုက်​ဆိုင်​ထားဆဲ ရှိ​နေပါတယ်။

အမျိုးသားပညာ​ရေး ဥပ​ဒေကို ဆန့်​ကျင်​ ကန့်​ကွက်​သပိတ်​​မှောက်​​တဲ့အ​နေနဲ့ မန္တ​လေးက​နေ ရန်​ကုန်​မြို့အ​ရောက်​ ခရီးရှည်​ ချီတက်​​နေကြတဲ့ ဒီမိုက​ရေစီပညာ​ရေး ပင်​မသပိတ်​​စစ်​​ကြောင်းဟာ မိုင်​​လေးရာနီးပါး ချီတက်​လာခဲ့ပြီးနောက် လက်​ပတန်းမြို့မှာ ရာ​ပေါင်းများစွာရှိ​တဲ့ လုံခြုံ​ရေး ရဲတပ်​ဖွဲ့ဝင်​​တွေရဲ့ ပိတ်​ဆို့ဟန့်တားတာကို ၃ ရက်​ကြာခံထားရပါတယ်​။

ကျောင်းသား​တွေ ​တောင်းဆိုထားတဲ့ အချက်​ ၁၁ ချက်​ကို လွှတ်​​တော်​က ​ဆောင်​ရွက်​​ပေးတာ ​စောင့်​ကြည့်​ဖို့နဲ့ အ​ခြေခံပညာ​ကျောင်းသား​တွေရဲ့ စာ​မေးပွဲ​တွေ အ​နှောက်​အယှက်​ မဖြစ်​ဖို့ အတွက်​ ချီတက်​​နေတဲ့ သပိတ်​စစ်​​ကြောင်းကို ၁၁ ရက်​ကြာ ရပ်​နားထားခဲ့ပြီး လွှတ်​​တော်​ရဲ့ ​ဆောင်​ရွက်​ချက်​​တွေ တိုးတက်​မှု မရှိတာ​ကြောင့်​ ​မတ်​လ ၂ ရက်​​နေ့မှာ​ ရန်​ကုန်​မြို့ကို ဆက်​လက်​ချီတက်​ဖို့ တည်းခိုရာ​နေရာမှ သာယာဝတီမြို့ကို ဆက်​လက်​ ထွက်​ခွာဖို့ စတင်​ခဲ့ပါတယ်​။

ဒါ​ပေမယ့်​ လုံခြုံ​ရေး ရဲတပ်​တပ်​ရင်း​တွေက ပိတ်​ဆို့ခဲ့တာ​ကြောင့်​ ထွက်​ခွာခွင့်​ မရခဲ့ပါဘူး။ အခုလို ​ပိတ်​ဆို့ထားတာကို ဖွင့်​​ပေးဖို့ အတွက်​ ပဲခူးတိုင်း ​ဒေသကြီးနယ်​လုံဝန်​ကြီးနဲ့ ပင်​မ သပိတ်​စစ်​​ကြောင်း ကိုယ်​စားလှယ်​​တွေ ​ဆွေး​နွေးခဲ့ကြ​ပေမယ့်​လည်း ​ပြေလည်​မှု မရခဲ့ပါဘူး။

ဒါ့​ကြောင့်​ ​သပိတ်​​မှောက်​ ​ကျောင်းသား​တွေဟာ မတ်​လ ၃ ရက်​​နေ့မှာ သာယာဝတီမြို့ကို မ​ဖြစ်​ဖြစ်​တဲ့နည်းနဲ့ သွား​ရောက်​ဖို့ ချီတက်​ထွက်​ခွာခဲ့ရာမှာ တည်းခိုရာ ​​အောင်​​မြေဗိမာန်​ ​ကျောင်းတိုက်​နဲ့ ​ပေ ၃၀၀ ခန့်​အကွာမှာ အဓိကရုဏ်းနှိမ်​နင်း​ရေး လက်​နက်​ ကိရိယာ​တွေ ကိုင်​​ဆောင်​ထားတဲ့ ရာ​ပေါင်းများစွာရှိတဲ့ လုံခြုံ​ရေး ရဲတပ်​ရင်း​တွေက ပိတ်​ဆို့ ဟန့်​တားခဲ့ကြတာ​ကြောင့်​ ​ကျောင်းသား​တွေနဲ့ ​စောင့်​​ရှောက်​လိုက်​ပါလာခဲ့ကြတဲ့ သံဃာ​တော်​​တွေဟာ ထိုင်​သပိတ်​ကို ဆင်​နွှဲခဲ့ကြပါတယ်​။

ဒီလို ဆင်​နွှဲပြီး ၂ ရက်​​မြောက်​​နေ့မှာ​တော့ သပိတ်​​မှောက်​ ​ကျောင်းသား​တွေကို ​တွေ့ဆုံ အား​ပေး​ဖို့ လာ​ရောက်​ကြတဲ့ လက်​ပတန်း ​ဒေသခံပြည်​သူ​တွေနဲ့ သာယာဝတီခရိုင်​ ​ပြည်​သူ​တွေကို ကျောင်းသားတွေနဲ့ ​တွေ့ဆုံခွင့်​မရနိုင်​​အောင် ရဲတပ်​ဖွဲ့က ကား​တွေကို အတန်းလိုက်​စီတန်းပြီး​ ​ပိတ်​ဆို့ခဲ့သလို ရဲတပ်​ဖွဲ့ဝင်​​တွေကိုလဲ အင်​အားတိုး ပိတ်​ဆို့ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ - ဉာဏ်​ကြီး၊ လွင်​မှိုင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013