
ကမ္ဘာကျော်ဘောလုံးသမား လီယွန်နယ်မက်ဆီရဲ့ ဖခင်ဖြစ်တဲ့ ဂျော့ချ်မက်ဆီဟာ အသက် ၆၈ နှစ်ဟာ ရောဆာရီယိုမြို့က ဆေးရုံမှာ ကွယ်လွန်ပါတယ်။
သူဟာ လီယွန်နယ်မက်ဆီ အသက် ၁၄ နှစ်ကတည်းက အေးဂျင့်အဖြစ် ဆောင်ရွက်ခဲ့ပြီး မက်ဆီရဲ့ ကစားသမားဘဝ အောင်မြင်မှုတွေမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။
ဂျော့ချ် မက်ဆီဟာ သားဖြစ်သူ လီယွန်နယ်မက်ဆီ ကမ္ဘာ့ဖလား ဆွတ်ခူးတာကို မြင်တွေ့ခဲ့ရခဲ့သလို ဘလွန်းဒီအော ၈ ကြိမ် ရရှိတာကိုလည်း မြင်ခဲ့ရတာပါ။
နယူးဝဲလ် အိုးလ်ဘွိင်းစ် ကလပ်ကတော့ သူ့ကို “အကြီးကျယ်ဆုံး ကစားသမားရဲ့ အသက်မွေးဝမ်းကျောင်းကို အမြင်၊ တင်းကျပ်မှု၊ ချစ်ခင်မှုတိုနဲ့ ပံ့ပိုးပေးခဲ့တဲ့ ကျောထောက်နောက်ခံ” လို ချီးကျူးခဲ့ပါတယ်။
ဘာစီလိုနာအသင်းကလည်း မက်ဆီရဲ့ ဘောလုံးသမားဘဝ အစနဲ့ အောင်မြင်ဆုံးနှစ်တွေကို ယုံကြည်အပ်နှံပေးခဲ့လို့ ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်ကလည်း ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။











