DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည်လုံးကျွတ် ညီလာခံကျင်းပမည်
DVB
·
March 4, 2015
ကရင်နီပြည်လုံးကျွတ် ညီလာခံကျင်းပမည်
Donate to DVB

နိုင်ငံရေးဆွေးနွေးပွဲအတွက် ပြင်ဆင်တဲ့အနေနဲ့ ကရင်နီတပြည်လုံးဆိုင်ရာညီလာခံတရပ်ကို  အမြန်ဆုံး ခေါ်ယူကျင်းပသွားမယ်လို့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)က ပြောကြားလိုက်ပါတယ်။

ကေအန်ပီပီ အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က  ‘“ကျနော်တို့တောင်းဆိုထားကြတဲ့ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုတဲ့ သဘောတူညီချက်ရပြီဆိုရင် ကျနော်တို့က နိုင်ငံရေးဆွေးနွေးပွဲကိုသွားရတော့မယ်။ အဲဒီခါမှာ ပြည်နယ်ထဲမှာ ပါတီကွဲတွေ အများကြီးရှိတယ်၊ လက်နက်ကိုင်အဖွဲ့တွေ အများကြီးရှိတယ်၊  လူငယ်အဖွဲ့၊ အမျိုးသမီးအဖွဲ့စသဖြင့် အများကြီးရှိတယ်။ ကျနော်တို့ပြည်နယ်ထဲမှာ အဲဒီအဖွဲ့တွေနဲ့ ဘုံသဘောတူညီချက် မယူထား ဘူးဆိုရင် နိုင်ငံရေးဆွေးနွေးပွဲမှာ တော်တော်လေးအခက်အခဲဖြစ်နိုင်တယ်။ ဒါကြောင့် ကိုယ့်ပြည်နယ်တခုလုံးအနေနဲ့ ဘုံသဘောတူညီချက်ရရှိအောင် အဓိကထား  လုပ်ဆောင်သွားဖို့ပါ” လို့ပြောပါတယ်။

ညီလာခံကျင်းပမယ့် ဆုံးဖြတ်ချက်ကို ဖေဖော်ဝါရီလ ၂၃ ရက်ကနေ ၂၇ ရက်နေ့ထိ ကျင်းပတဲ့ ကေအန်ပီပီရဲ့ ၁၂ ကြိမ်မြောက်ပါတီကွန်ကရက်နှစ်ပတ်လည် ဗဟိုကော်မတီအစည်းအဝေးမှာ ချမှတ်ခဲ့ပြီး  ကယားပြည်နယ် မြို့တော် လွိုင်ကော်မှာကျင်းပဖို့လျာထားတဲ့ အကြောင်းနဲ့ ကျင်းပမယ့် အချိန်နေ့ရက်ကိုတော့ ဆွေးနွေးညှိနှိုင်း နေဆဲပဲလို့ ဦးအောင်ဆန်းမြင့်ကပြောပါတယ်။

ဗဟိုကော်မတီအစည်းအဝေးအပြီး မတ်လ ၂ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ကြေညာချက်မှာတော့ အန်ပီပီအနေနဲ့ ဘ၀တူအခြားတိုင်းရင်းသားတွေနဲ့ လက်တွဲပြီး မြန်မာပြည်မှာ စစ်မှန်တဲ့ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ပြီး  တန်းတူရေး၊ တရားမျှတရေး နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့  ဒီမိုကရေစီစနစ်နဲ့တကွ  အမျိုးသားပြည်နယ်များ  အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု ကို ရတဲ့အထိ ကြိုးပမ်းသွားမယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် လက်ရှိအစိုးရဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖြစ်ပွါးနေတဲ့ ပြသနာကို နိုင်ငံရေးနည်းနဲ့ အပြီးတိုင် မဖြေရှင်းဘဲ  စစ်ရေးနည်းနဲ့ ဖြေရှင်းတာ၊ တိုင်းရင်းသားအချင်းချင်းကြား သွေးကွဲစေတဲ့ လုပ်ရပ်တွေ ဆောင်ရွက်နေတဲ့အပေါ်မှာ ကေအန်ပီပီအနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချထားပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီဟာ ကရင်နီတပ်မတော်ရဲ့ ဦးဆောင်နိုင်ငံရေးပါတီဖြစ်ပြီး အစိုးရနဲ့ ၁၉၉၅ ခုနှစ်က အပစ်ခတ်ရပ်စဲခဲ့ပြီး ၃ လအကြာမှာ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ အစိုးရနဲ့ ပဏာမအပစ်ခတ်ရပ်စဲရေး သဘောတူခဲ့ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ်နိုင်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ တနိုင်ငံလုံးအပစ်ရပ်ညှိနှိုင်းရေးအဖွဲ့
(အန်စီစီတီ) ထဲကနေ ပါဝင်ဆွေးနွေးလျက်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013