DVB Logo
Home
မြန်မာသတင်း
လွှတ်တော်ကြားနာပွဲ ဗကသကိုယ်စားလှယ် ၈ ဦးတက်မည်မဟုတ်
DVB
·
March 4, 2015
လွှတ်တော်ကြားနာပွဲ ဗကသကိုယ်စားလှယ် ၈ ဦးတက်မည်မဟုတ်
Donate to DVB

ပညာရေးဥပဒေပြင်ဆင်ရေးဆိုင်ရာ အမျိုးသားလွှတ်တော်ကြားနားပွဲကို လက်ပံတန်းမှာ တားဆီးခံနေရတဲ့အတွက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသား ကိုယ်စားလှယ် ၈ ဦး တက်ရောက်နိုင်မှာမဟုတ်ဘူးလို့ ဗကသရဲ့ အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်က ပြောပါတယ်။

လေးပွင့်ဆိုင်ဆွေးနွေးပွဲ သဘောတူညီချက်အရ ပေးပို့ထားတဲ့ အမျိုးသားပညာရေးဥပဒေ  ပြင်ဆင်သည့် ဥပဒေမူကြမ်း အတည်ပြုနိုင်ရေးအတွက် ကြားနာဖို့  အမျိုးသားလွှတ်တော်က ဖိတ်ခေါ်ထားတာဖြစ်ပြီး အစီအစဉ်အရ သပိတ်မှောက်ကျောင်းသား ကိုယ်စားလှယ်  ၂၀ ဦးက  မတ်လ ၅ ရက်နေ့ မှာ ပထမဆုံး စတင်ကြားနာရမှာ။

လက်ရှိပဲခူးတိုင်း လက်ပံတန်းမှာ ရဲလုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့တားဆီးခံနေရတဲ့အတွက် မသွားနိုင်ဘူးလို့ ဒီမိုကရေစီ ပညာရေး ပင်မသပိတ်စစ်ကြောင်း ဗကသ အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်က ပြောပါတယ်။

“ကျမတို့ ကိုယ်စားလှယ် ၆ ဦးပေါင်း ၂ ဦး အားလုံး ၈ ဦးက သွားမှာမဟုတ်ဘူး။ ကျမတို့ ဒီမိုကရေစီပညာရေး ပင်မ သပိတ်မှောက်စစ်ကြောင်းကို ကိုယ်စားပြုထားတဲ့ ကိုယ်စား လှယ်တွေဖြစ်တဲ့အတွက် ကျမတို့ လက်ပံတန်းမှာ ပိတ်ဆို့ခံရတဲ့အတွက် ကျမတို့က သွားမှာမဟုတ်ပါဘူး။ ကျမတို့ကျောင်းသားတွေအားလုံး လုံလုံခြုံခြုံနဲ့ အချက် ၈ ချက်နဲ့အတူ ရန်ကုန်ကိုပြန်မယ်။ ပြီးရင် ကိုယ့်အိမ်ကိုယ့်ယာကို အေးအေးဆေးဆေးပြန်ရောက်မှသာ ကျမတို့ဒီကြားနာပွဲကို သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအနေအထားမှာတော့ အစိုးရရဲ့ ပိတ်ဆို့တားဆီးမှုကြောင့် ကျမတို့ မသွားနိုင်တာဖြစ်ပါတယ်။”

ဗကသကျောင်းသားကိုယ်စားလှယ်တွေ မသွားရောက်နိုင်ပေမယ့် ဒီမိုကရေစီပညာရေး လှုပ်ရှားမှုကော်မတီက ကိုနန်းလင်းနဲ့ အဖွဲ့တွေကတော့ ကြားနာပွဲတက်ရောက်ဖို့ နေပြည်တော်ကို သွားနေပါပြီ။

ဒီလိုသွားရောက်ရတာဟာ လွှတ်တော်ရဲ့ ဥပဒေပြင်ဆင်ရေး မျက်ခြည်မပြတ်အောင် ဖြစ်ပြီး   ဗကသ ကိုယ်စားလှယ်တွေရဲ့ စီစဉ်ပေးမှုနဲ့သွားတာဖြစ်တယ်လို့ ကိုနန်းလင်းက ပြောပါတယ်။

“ဒီလိုပါ ဗကသ ကိုယ်စားလှယ်တွေက သူတို့ မလိုက်နိုင်ပေမယ့် ကျနော်တို့ကို လုပ်ပိုင်ခွင့်ပေးလိုက်ပါတယ်။ သူတို့က ဒီမှာ ဒီလိုဖြစ်တဲ့အတွက် မသွားနိုင်ဘူး။ ကျနော်တို့က အစောကြီးကတည်းကိုက သပိတ်မှောက်တယ်ဆိုတာက  လွှတ်တော်မှာ ဥပဒေတခု ပြန်ပြင်ချင် ဖြစ်တယ်။ ဆိုတော့ လွတ်တော် လုပ်ငန်းစဉ်ကိုတော့ မျက်ခြည်ပြတ်ခံလို့မရဘူး။ အဲဒီအတွက် သူတို့တွေ မသွားနိုင်ပေမယ့် ကျနော်တို့ကိုသွားပါ။ ကျနော်တို့ကို လုပ်ပိုင်ခွင့်ပေးတယ်ဆိုတာကို ပြောလို့ရတာဖြစ်ပါတယ်။”

အခု လွှတ်တော်သွားတဲ့သူတွေဟာ  ဒီမိုကရေစီလှုပ်ရှားမှုဦးဆောင်ကော်မတီအနေနဲ့ သွားတာဖြစ်ပြီး ကိုနန်းလင်းနဲ့အတူ ၉ ဦး ပါဝင်ပါတယ်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာဗညားအောင်မိုးကတော့ လွှတ်တော်ကြားနာပွဲမှာ ကျောင်းသားတွေအနေနဲ့ အရေအတွက်က အရေးမကြီးဘဲ  ကိုယ်စားပြုတဲ့သူ ဖြစ်ဖို့လိုတယ်လို့ ပြောပါတယ်။

“အယောက် ၂၀ ပြည့်ဖို့က သိပ်အရေးမကြီးပါဘူး။ ဘယ်နှယောက်ပဲလာလာပေါ့။ သူတို့အဖွဲ့ကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်လာရင်ပြီးတာပဲ။ ဒါပေမယ့် လာများလေ သူတို့မှာ အကြံဉာဏ်ပိုရလေ။ ပိုပြီးတင်ပြနိုင်လေ။ ပိုပြီးတော့ ဆွေးနွေးနိုင်လေပေါ့။ အဲဒါ သူတို့ကိုတော့ အပြည့်အ၀ လာစေချင်တယ်လေ။”

အမျိုးသားလွှတ်တော်မှာ ကြားနာမယ့် အစီအစဉ်ကို မတ် ၅ ရက်နေ့ကနေ ၁၅ ရက်အထိပြုလုပ်မှာဖြစ်ပြီး   သပိတ်မှောက်ကျောင်းသား၊ ပညာရေးကွန်ရက်၊ နိုင်ငံရေးပါတီတွေ အပါအ၀င် အစုအဖွဲ့ ၆ ဖွဲ့က   အယောက် ၂၀ စီ သီးခြား ကြားနာကြမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013