DVB Logo
Home
မြန်မာသတင်း
ကျောင်းသားသပိတ်ကို သံဆူးကြိုးချ တားဆီး
DVB
·
March 4, 2015
ကျောင်းသားသပိတ်ကို သံဆူးကြိုးချ တားဆီး
1 / 2
Donate to DVB

ပဲခူးတိုင်း လက်ပံတန်းမြို့ အောင်မြေဗိမာန်ဘုန်ကြီးကျောင်းရှေ့ ထိုင်သပိတ်လုပ်ဆောင်နေတဲ့ ကျောင်းသူကျောင်းသားတွေကို ဒီကနေ့မနက်မှာ သံဆူးကြိုးတွေချပြီး လုံခြုံရေးအင်အား ပိုမိုတင်းကျပ်ချထားတယ်လို့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ကိုမင်းမင်းဇော်က ပြောပါတယ်။

11025711_856404144398087_2305432484020069920_n“ဒီနေ့အခြေအနေက မနေ့က အခင်းအကျင်းပုံစံနဲ့မတူတော့ဘူး။ ရဲက တားတဲ့ပုံစံက သံဆူးကြိုးတွေကို ကျနော်တို့ရှေ့ မျက်နှာချင်းဆိုင်တည့်တည့်မှာ လာချတာတွေရှိတယ်။ နောက်ပြီး မနေ့က သူတို့နောက်ကနေပြီး ပြည်သူတွေဝန်းရံတဲ့နေရာကို သူတို့ရဲကားတွေ အစီးစီးထပ်ပြီးတော့ ဘယ်သူမှ ၀င်လို့မရအောင်၊ ပြည်သူတယောက်မှ ရဲကိုတားလို့မရအောင် ဒီဘက်ကိုလာပြီး လုံးဝ ဖောက်ထွက်လို့မရအောင် ဆိုတဲ့ပုံစံမျိုး သူတို့ဘက်က ဖန်းတီးထားတယ်။”

မနေ့တုန်းကလည်း ကျောင်းသားကိုယ်စားလှယ်တွေနဲ့ အစိုးရကိုယ်စားလှယ်တွေ တွေ့ဆုံ ညှိနှိုင်းရာမှာလည်း ကျောင်းသားတွေ တောင်းဆိုထားတဲ့အချက် ၈ ချက်ကို အစိုးရက မလိုက်လျောပေးတဲ့အတွက် ဒီကနေ့မှာ ကျောင်းသားတွေနဲ့ သံဃာတော်တွေ အစာငတ်ခံဆန္ဒပြပွဲကို ပုံစံကျကျနဲ့ ပြန်လည်လုပ်ဆောင်မယ်လို့လည်း ကိုမင်းမင်းဇော်က ပြောပါတယ်။

“ကျနော်တို့က အခု ဒီမှာရှိတဲ့ ဆရာတော်သံဃာတော်တွေနဲ့အတူ ကျနော်တို့ဒီဘက်က အသုတ်လိုက် အစာငတ်ခံဆန္ဒပြမယ်။ ပထမ ရက် ၁၀ ယောက်၊ ဒုတိယရက်လည်း ဖြစ်ရင်ဖြစ်မယ်၊ နောက်၂ ရက် ၃ ရက်ကြာမှာ ဒုတိယအသုတ်ထွက်ရင်ထွက်မယ်။ ကျနော်တို့က ဒီဟာကို လိုက်လျောမှု မပေးမချင်း အစာငတ်ခံဆန္ဒပြပွဲကို ပီပီပြင်ပြင်လုပ်မယ်။”

မနေ့တုန်းက အစာငတ်ခံဆန္ဒပြပွဲကို အားလုံးလုပ်ခဲ့ကြတဲ့အတွက် ဒီလိုလုပ်ရင် အားတွေလျော့ နည်းမှာစိုးရိမ်တဲ့အတွက် အခုလို အသုတ်လိုက်ပြန်ခွဲတာလို့ ဆိုပါတယ်။

ဒီကနေ့ထုတ်တဲ့ အစိုးရသတင်းစာမှာတော့ လက်ပံတန်းမြို့က သပိတ်စစ်ကြောင်းအဖွဲ့ကို လူစုခွဲဖို ဖျောင်းဖျပေမယ့် ကျောင်းသားတွေလက်မခံဘူးလို့ ရေးသားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013