DVB Logo
Home
မြန်မာသတင်း
ပြည်မြို့တွင် မီးလာင်မှုဖြစ်ပွား၊ လူ ၄ ဦး သေဆုံး
DVB
·
March 3, 2015
ပြည်မြို့တွင် မီးလာင်မှုဖြစ်ပွား၊ လူ ၄ ဦး သေဆုံး
1 / 5
Donate to DVB

ပဲခူးတိုင်း ပြည်မြို့မှာ မီးလာင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအ၀င် (၄)ဦး သေဆုံးကာ ၁ ဦး အပြင်းအထန် ဒဏ်ရာရသွားပါတယ်။

မတ်လ ၃ ရက် မနက် ၂ နာရီခွဲလောက်က ပြည်မြို့ န၀င်းနယ်မြေ၊ ရွှေလက်လှရပ်ကွက်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် အခန်းထဲက လူတွေမထွက်နိုင်ပဲ မီးခိုးမွှန်လို့ သေဆုံးခဲ့တာလို့ ပြည်မြို့နယ်မီးသတ်တပ်ဖွဲ့က ဦးဝင်းညွှန်က ပြောပါတယ်။

‘သေတာက လူကြီး နှစ်ယောက်၊ ကလေး နှစ်ယောက်ပေါ့ ၄ ယောက်စလုံးက တယောက်မှ မီးလောင်လို့ လောင်တာမဟုတ်ဘူး။ သူတို့နေအိပ်ခန်းမှာ မီးခိုးမွှန်တာကြောင့် သေဆုံးရတဲ့ အနေအထားဘဲ။ ကျန်တဲ့အပိုင်းတော့ အားလုံးပြီးမှ ရှာလို့ရမယ် အခုမှ မီးကြွင်းမီးကျန်တွေ သတ်နေတုန်းပဲ ရှိပါသေးတယ်။’

သေဆုံးသွားသူတွေကတော့ ဒေါ်နွယ်နွယ်ဝင်း အသက် ၃၅ နှစ်၊ မစန္ဒီ အသက် ၂၀၊ မရွှေဇင်ထက်မြက် ၁၁ နှစ်နဲ့ မရတီ ၇ နှစ်တို့ဖြစ်ပါတယ်။

အမျိုးသမီးတဦးကတော့ ပြတင်းပေါက်ကနေခုန်ချပြီး အသက်ဘေးက လွတ်မြောက်ခဲ့ပေမယ့် ဒဏ်ရာတွေကြောင့် ပြည်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရပါတယ်လို့ အိမ်နီးနားချင်းဖြစ်သူ ဦးကျော်ဦးက ပြောပါတယ်။

‘အစ်မ ခုန်တော့ ခုန်လို့ပြောတော့ ဒီကနေဖမ်းတာ သူ့ကိုယ်လုံးနဲ့ မနိုင်တော့ အုတ်ခုံနဲ့ အစ်မနဲ့ သွားဆောင့် လိုက်သေးတယ်။ ခြေထောက်တွေလည်း မီးတွေလောင်နေတယ်။ ကျနော်တို့ ရောက်လာတဲ့ အချိန်မှာ၊ ဒီကနေ မီးတွေပန်းထွက်နေတယ်။ လူကတော့ ၄ ယောက်သေတယ်။ ဟိုမှာ အလောင်းတွေ ထမ်းနေတယ်’လို့ ပြောပါတယ်။

မီးလောင်မှုကြောင့် ၂ ထပ်အိမ်တလုံး၊ ဘေးကကပ်နေတဲ့ ၄ ထပ်တိုက်အိမ်၊ Soft Guide ကွန်ပြူတာသင်တန်းနဲ့ သင်တန်းက ကွန်ပြူတာ ၃ လုံးနဲ့ ဆက်စပ် ပစ္စည်းတွေ၊ ဆိုင်ကယ်တွေ လည်း မီးလောင်ဆုံးရှုံးခဲ့ပြီး ပန်းစကားလက်ဖက်ရည်ဆိုင် အိမ်တလုံးတို့မီးထဲမှာ ပါသွားခဲ့ပါတယ်။
ဆုံးရှုံးမှုတန်ဖိုးငွေ ကျပ်သိန်း ၁၂၀၀ ကျော်ရှိမယ် ခန့်မန်းထားကြပြီး မီးဖိုခန်းက မီးကြွင်း မီးကျန်ကနေ စတင်လောင်ကျွမ်းတာဖြစ်တယ်လို့ သိရပါတယ်။ မတ်လ ၁ ရက်နေ့ကစပြီး ပြည်မြို့မှာ မီးလောင်မှု ၅ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
[gallery ids="84065,84066,84067,84068,84069"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013