DVB Logo
Home
မြန်မာသတင်း
သပိတ်စစ်ကြောင်းကို ပိတ်ဆို့မှုပေါ် ရန်ကုန်ကျောင်းသားများ ကန့်ကွက်ဆန္ဒပြ
DVB
·
March 3, 2015
သပိတ်စစ်ကြောင်းကို ပိတ်ဆို့မှုပေါ် ရန်ကုန်ကျောင်းသားများ ကန့်ကွက်ဆန္ဒပြ
1 / 3
Donate to DVB

ဒီမိုကရေစီပညာရေး(ပင်မ)သပိတ်စစ်ကြောင်းကို လက်ပံတန်းမြို့မှာ အစိုးရက အင်အားသုံး ပိတ်ဆို့ထားတာကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ရန်ကုန်မှာရှိတဲ့ ကျောင်းသားလူငယ်တွေ ဒီကနေ့ ညနေပိုင်းမှာ စတင်ဆန္ဒပြနေ ကြပါတယ်။

ဒီဆန္ဒပြပွဲကို ညနေပိုင်း ၃ နာရီမှာစတင်ပြီး ရန်ကုန်မြို့တော်ခန်းမှာ လူပေါင်း ၅၀ ကျော် လောက် ဆန္ဒပြနေတယ်လို့ ဦးဆောင်ဆန္ဒပြသူ ကိုမိုးဃ်သွေးက ပြောပါတယ်။

ဆန္ဒပြရတာနဲ့ပတ်သက်ပြီး “ရန်ကုန်မြို့သည် ပြည်သူပိုင်တဲ့မြို့ဖြစ်တယ်။ အများပြည်သူ သွားလာနိုင်ခွင့်ရှိတဲ့မြို့ ဖြစ်တယ်။ ဆန္ဒလည်း ပြခွင့်ရှိတဲ့မြို့ ဖြစ်တယ်။ ဒီလိုနေရာမျိုးမှာ ကျောင်းသားကို လုံးဝအ၀င်မခံဘူးဆိုတာ လုံးဝ မတရားဘူးလို့ကျနော်တို့က မြင်တယ်။ နောက်တချက် ပိုဆိုးတာက ဒီမနက်မှာ ရဲအင်အားတွေကို ပိုပြီးတိုးချပြီးတော့ ရုန်းရင်းဆန်ခတ် ဖြစ်လာတယ်။ ဆိုတော့ ဒါတွေကို ကျနော်တို့ ရန်ကုန်မှာရှိတဲ့ ကျောင်းသားလူငယ်တွေက လုံးဝလက်မခံဘူး။ ဆန့်ကျင်တယ်၊ ရှုတ်ချတယ်။ အစိုးရအနေနဲ့ ကျောင်းသားတွေတောင်းဆိုထားတဲ့ အချက် ၈ ချက်ကို သဘောတူလိုက်လျောပြီးတော့မှ သပိတ်စစ်ကြောင်းကို ရန်ကုန်ကို ၀င်ခွင့်ပြုဖို့ တောင်းဆိုတဲ့အနေနဲ့ ဆန္ဒပြပွဲကိုလုပ်သွားမှာဖြစ်တယ်။”

ပဲခူးတိုင်းလက်ပံတန်းမှာတော့ သပိတ်မှောက် ကျောင်းသားတွေနဲ့ လိုက်ပါဝန်းရံပေးတဲ့ သံဃာတော်တွေက ဒီနေ့ခင်း ကစပြီး သပိတ်စစ်ကြောင်းကို ပိတ်ဆို့ထားမှုကို ဖွင့်ပေးဖို့ အစာငတ်ခံဆန္ဒပြ နေကြပါတယ်။

အစာငတ်ခံဆန္ဒပြရာမှာပါဝင်တဲ့ ဦးဇင်း ဦးစိန္တိတက “ဦးဇင်းတို့က သာယာဝတီကိုထွက်တဲ့အချိန် လက်ပံတန်းမှာတင်ပဲ ဝေးဝေးမသွား ရသေးပါဘူး။ နီးနီးလေးမှာပဲ သူတို့က ရဲအင်အား ၅၀၀ နဲ့ လာပြီး ပိတ်ဆို့လိုက်တယ်။ လုံးဝကိုသွား ခွင့်မရှိတော့ဘူး။ ပြီးတော့ သူတို့က လက်နက်လည်း အပြည့်အစုံပါတယ်။ အကုန်လုံး တားဆီးတဲ့အတွက်ကြောင့်မို့လို့ ဦးဇင်းတို့ သံဃာတွေအနေနဲ့ကတော့ မေတ္တာရပ်ခံတဲ့အနေနဲ့ အစာငတ်ခံဆန္ဒပြရခြင်းဖြစ်တယ်”လို့ မိန့်ပါတယ်။

ကျောင်းသားတွေနဲ့ လိုက်ပါဝန်းရံတဲ့ သံဃာအပါး ၂၀ ကျော်ရှိပြီး အားလုံးက အစာငတ်ခံ ဆန္ဒပြနေကြတာပါ။ အစာငတ်ခံဆန္ဒပြတဲ့ သံဃာတော်တွေနဲ့ ကျောင်းတွေကတော့ နေပူဒဏ်ကြောင့် ခေါင်းအနည်းငယ် မူးတာကလွဲပြီး ကျန်းမာရေးအခြေအနေကောင်းကြ ပေမယ့် ကျောင်းသားတွေကို ၀ိုင်းရံတဲ့ ပြည်သူတယောက်ကတော့ နေပူဒဏ်ကြောင့် မူးလဲတဲ့အတွက် ဆေးကုသပေးခဲ့ရပါတယ်။
ပြီးခဲ့တဲ့ညက လက်ပံတန်းကိုကြွရောက်ပြီး သပိတ်မှောက် ကျောင်းသားတွေနဲ့ အာဏာပိုင်တွေ အကြား ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဗဟိုဦးဆောင် ဆရာတော် ဦးပါမောက္ခက နှစ်ဖက်စလုံးက အလျှော့ပေးဖို့လိုတယ်လို့ ဒီဗွီဘီကို မိန့်ပါတယ်။

‘နှစ်ဖက်မလျှော့ပဲနဲ့ဆိုရင် မပြေလည်နိုင်ဘူး။ အစိုးရကော ကျောင်းသားကော ဘုန်းကြီးက နှစ်ဖက် မေတ္တာရပ်ခံတယ်။ ဘုန်းကြီး တောင်းဆိုတာက နှစ်ဖက်ကိုပေါ့ မူလတုန်းက ရန်ကုန်တိုင်းအတွင်းမှာ လမ်းလျှောက်ခွင့် မရဘူး။ ရန်ကုန်တိုင်းအစိုးရက ခွင့်မပြုသည့်အတွက် ကြောင့်မို့လို့ ပဲခူးတိုင်းအထိသာ လျှောက်ဖို့လို့ ပဲခူးတိုင်းနယ်လုံဝန်ကြီး ဦးသက်ထွန်းနဲ့ ဘုန်းကြီးတွေ့တော့ အဒီအချက် ပြောတယ်။ သူတို့ကလည်း ပဲခူးတိုင်းအတွင်းမှာ လုံးဝ မလျှောက်ခံနိုင်တော့ပါဘူး။ ၁၄ ၇က်နေ့က လည်း ၅/၂၀၁၅ ထုတ်ပြီးသားပါလို့ သူတို့ကပြောတယ်။ လိုက်လျောသင့်တာတွေ လိုက်လျောပြီးပြီး အစိုးရဘက်ကလည်း လမ်းအလျှောက် မခံဘူး။ ကျောင်းသားကလည်းပဲ ပဲခူးတိုင်းအတွင်း မှာ လျှောက်ကိုလျှောက်ရပါလိမ့်မယ်ဆိုတဲ့ သဘောမျိုးလေးနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ တွေ့တာ မကောင်းဘူး။’

ကျောင်းသားသပိတ်ကို ၀န်းရံပေးနေတဲ့ သံဃာတော်တွေရဲ့ ဒီကနေ့ ထုတ်ပြန်ကြေညာချက်မှာတော့ လက်ရှိကျောင်းသားကျောင်းသူတွေဟာ မိမိတို့ကိုယ်ကျိုးအတွက်မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ ပညာရေးတောင်းဆိုတိုက်ပွဲဝင်တာဖြစ်တဲ့အတွက် ရဟန်းရှင်လူပြည်သူတွေအနေနဲ့ လိုက်ပါဝန်းရံပေးဖို့ တောင်းဆိုထားပါတယ်။
[gallery ids="84060,84061,84062"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013