DVB Logo
Home
မြန်မာသတင်း
သပိတ်မှောက်ကျောင်းသားများနှင့် သံဃာတော်များ အစာငတ်ခံဆန္ဒပြ
DVB
·
March 3, 2015
သပိတ်မှောက်ကျောင်းသားများနှင့် သံဃာတော်များ အစာငတ်ခံဆန္ဒပြ
Donate to DVB

ပဲခူးတိုင်း လက်ပံတန်းမြို့မှာ ပိတ်ဆို့ခံထားရတဲ့ ဒီမိုကရေစီပညာရေး ပင်မစစ်ကြောင်းက ကျောင်း သားမှောက်ကျောင်းသားတွေနဲ့  သံဃာတော် ဒီကနေ့ မွန်းလွဲပိုင်းကစပြီး အစာငတ်ခံ ဆန္ဒပြနေပါတယ်။

သပိတ်စစ်ကြောင်းပါဝင်တဲ့ သံဃာတော်တွေက အစာငတ်ခံဆန္ဒပြဖို့ ကြေညာလိုက်ပြီးနောက် ကျောင်းသားတွေလည်း အစာငတ်ခံဆန္ဒပြတာလို့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ကိုမင်းမင်းဇော်က ပြောပါတယ်။

“လောလောဆယ် ကျနော်တို့ ဒီမှာ ဆရာတော်တွေက အစာငတ်ခံဆန္ဒပြဖို့ ကြေညာလိုက်တဲ့ အတွက် ကျောင်းသားတွေကပါ အစာငတ်ခံဆန္ဒပြကြဖို့ အကုန်လုံးသဘောတူထားပါတယ်။ ကျနော်တို့ အစာငတ်ခံဆန္ဒပြနေတာ ၁ နာရီကျော်လောက် ရှိပြီဗျာ။ ဒီကနေ့ မဖွင့်ပေးလို့ရှိရင်၊ ကျနော် တို့ တောင်းဆိုထားတဲ့ အချက် ၈ ချက်ကို မပေးလို့ရှိရင် ကျနော်တို့ အစာငတ်ခံပြီးတော့ တောင်းဆိုရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အစာငတ်ခံဆန္ဒပြတာပါ။”

သပိတ်မှောက် ကျောင်းသားတွေဟာ လက်ပံတန်းကနေ ဦးတည်ရာ ရန်ကုန်ကို ဆက်လက် ချီတက်သွားနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ရဲလုံခြုံရေးတပ်ဖွဲ့ကလည်း ဆက်လက်သွားခွင့်မပေးဘဲ ညှိနှိုင်းမရဖြစ်နေတာပါ။

မနက်ကလည်း ကျောင်းသားတွေနဲ့ လုံခြုံရေးအင်အားတွေအကြား အပြန်အလှန်တွန်းတဲ့အတွက် ကျောင်းသူတဦး အရိုက်ခံခဲ့ရတယ်လို့လည်း ကိုမင်းမင်းဇော်က ပြောပါတယ်။

ဒီလိုကျောင်းသားတွေ အစာငတ်ခံဆန္ဒပြပေမယ့် လုံခြုံရေးအင်းအားတွေ ထပ်တိုးလာတယ်လို့လည်း ကိုမင်းမင်းဇော်က ပြောပါတယ်။

“လုံခြုံရေးအင်အားသူတို့ ထပ်ပြီးတော့ ထိုးလာတာပဲရှိတယ်။ ဒီဖက်မှာ ကျနော်တို့ သပိတ်ကျောင်း သားတွေ သပိတ်ထိုင်နေတယ်။ အဲမှာ လုံခြုံရေးအင်အားနဲ့ တားဆီးထားတာရှိတယ်။ အဲဒီအ နောက်မှာ ပြည်သူတွေရှိတယ်။ ပြည်သူတွေရဲ့အနောက်မှာ သူတို့ ရဲကားတွေထပ်လာပြီးတော့ ပြည်သူတွေနောက်မှာ ထပ်ဝိုင်းထားတာရှိတယ်။”

ပင်မသပိတ်စစ်ကြောင်းမှာ အစာငတ်ခံဆန္ဒပြနေတဲ့ ကျောင်းသားသပိတ်ကို ထောက်ခံတဲ့အနေနဲ့ မုံရွာ၊ မန္တလေး၊ စစ်ကိုင်း၊ ကလေး၊ ပြည်၊ ပေါင်းတည်၊ ရန်ကုန်မှာလည်း ကျောင်းသားတွေဟာ သူတို့မြို့တွေမှာ  အစာငတ်ခံဆန္ဒပြဖို့ ပြင်ဆင်နေကြတယ်လို့ သပိတ်မှောက် ကျောင်းသားတွေက  ပြောပါတယ်။

[gallery ids="84042,84021,84020,84018,84017"]

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013