DVB Logo
Home
မြန်မာသတင်း
တားဆီးခံရသည့်ကျောင်းသားများ ထိုင်သပိတ် ဆန္ဒပြ
DVB
·
March 3, 2015
တားဆီးခံရသည့်ကျောင်းသားများ ထိုင်သပိတ် ဆန္ဒပြ
1 / 7
Donate to DVB

လက်ပံတန်းမြို့ အောင်မြေဗိမာန် ဘုန်းကြီးကျောင်းမှာရှိနေတဲ့ သပိတ်မှောက် ကျောင်းသား တွေ ဒီနေ့မနက် ၉ နာရီခွဲမှာ ရန်ကုန်ကိုသွားဖို့ စတင်ထွက်ခွာလာချိန်မှာ  ဘုန်ကြီးကျောင်းအနီး ကျွန်းတောလမ်းထိပ်မှာ ရဲလုံခြုံရေးတွေက  တားဆီးတဲ့အတွက် ထိုင်သပိတ်လုပ်ပြီး ဆန္ဒပြနေကြပါတယ်။

“အခုကျနော်တို့ စစ်ကြောင်းထွက်လာတယ်။ ဒီကျွန်းတောလမ်းခွဲထိပ်မှာ ဒီရဲအင်အား အမြောက်အများနဲ့ ပိတ်ဆို့ထားတယ်။ အခုလောလောဆယ် ညှိနှိုင်းနေဆဲရှိပါ သေးတယ်” လို့ ဒီမိုကရေစီ ကျောင်းသားသပိတ်ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။

ကျောင်းသားတွေဟာ မနေ့တုန်းက ပဲခူးတိုင်း နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်း နဲ့တွေ့ဆုံဆွေးနွေးရာမှာ ကျောင်းသားတွေအနေနဲ့ ရန်ကုန်ကို ဆက်လက်မချီတက်ဖို့ ပြောဆိုခဲ့ပါ တယ်။

မနေ့ညနေပိုင်းမှာတော့ ကျောင်းသားအချင်းချင်း ပြန်လည်ဆွေးနွေးပြီး သူတို့အနေနဲ့ ရန်ကုန်ကို ဘေးအန္တရာယ်ကင်းကင်းဝင်နိုင်ဖို့အတွက် အချက် ၈ ချက်ကို နယ်လုံဝန်ကြီးနဲ့ ထပ်မံညှိနှိုင်းခဲ့ပါ တယ်။

အဲဒီအချက်တွေကတော့ ကျောင်းသားတွေအနေနဲ့  သာယာဝတီအထိလမ်းလျှောက်မည်၊ သာယာဝတီကနေ ရန်ကုန်ကိုကားစီးမည်၊  ရန်ကုန်သွားရာလမ်းတစ်လျှောက် အလံထောင်မည်၊ ရန်ကုန်သွားရာလမ်းတစ်လျှောက် သီချင်းဖွင့်သွားမည်၊ ရန်ကုန်သို့ ကားဖြင့်သွားရာတွင် ကားကို ပုံမှန်မောင်းပါမည်၊ ပြီးရင်လူစုခွဲမည်၊ လုံခြုံရေးကားတန်းအားခွာလိုက်ရမည် စတဲ့အချက် ၈ ချက်ကို နယ်လုံဝန်ကြီးဆီ ပြန်လည်ဆွေးနွေးတောင်းဆို ထားခဲ့ပါတယ်။

 

နယ်လုံဝန်ကြီးကလည်း ဒီမနက် ၉ နာရီအထိ ကျောင်းသားတွေနဲ့ ပြန်လည်ဆွေးနွေး ရာမှာ အထက်က တစုံတရာအကြောင်းပြန်တာမရှိသေးဘူးလို့ ပြောဆိုခဲ့တယ်လို့ သပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့ ကိုမင်းမင်းဇော်က ပြောပါတယ်။

“နယ်လုံဝန်ကြီးကို မနက်က သွားပြီးတွေ့တဲ့အချိန်မှာ ကျနော်တို့ တောင်းဆိုချက် ၈ ခု တောင်းဆိုထားတာ ရှိတယ်။ အဲဒီ ၈ ခုစလုံးကို လိုက်လျော မလျောဆိုတဲ့ဟာက နယ်လုံဝန်ကြီးက မနက်က အချိန်အထိ တိတိကျကျ အကြောင်းပြန်ထားခြင်းမရှိသေးဘူး။ သူတို့အနေနဲ့ အထက်အမိန့်ကို စောင့်နေတယ်လို့ ပြောထားတာတွေပဲရှိတယ်။ အခုလည်း သူတို့ဘက်က အဖြေကို ခဏဆိုင်းငံ့စောင့်ပေးပါဦးဆို တဲ့ပုံစံမျိုးရှိလို့ ကျနော်တို့ သပိတ်ကို လောလောဆယ် ထိုင်ပေးထားတယ်။ ”

မနေ့ညတုန်းကလည်း ကျောင်းသားတွေတောင်းဆိုထားတဲ့ ရန်ကုန်ဝင်ရင် အလံထောင်ဖို့၊ သီချင်းဖွင့်သွားဖို့နဲ့ သာယာဝတီအထိ လမ်းလျှောက်မယ်ဆိုတဲ့ကိစ္စကို သဘောမတူတဲ့ပုံစံပြောဆိုခဲ့ တယ်လို့လည်း  ကိုမင်းမင်းဇော်က ပြောပါတယ်။

လတ်တလောမှာတော့ ကျောင်းသားတွေ အပါအ၀င် ၀န်းရံအင်အား ၅၀၀ လောက်နဲ့ ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရင်ဆိုင်အနေအထားနဲ့ စောင့်ဆိုင်းနေကြပါတယ်။

ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းကို  ၀န်းရံပေးနေတဲ့ သံဃာတော်တွေကတော့ ကျောင်းသားတွေကို  အကြမ်းမဖက်ဖို့ တောင်းဆိုထားပါတယ်။

[gallery ids="84015,84016,84017,84018,84019,84020,84021"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013