DVB Logo
Home
မြန်မာသတင်း
ဓာတ်ပုံသတင်းထောက် ကိုအောင်နေမျိုး ပြန်လည်လွတ်မြောက်
DVB
·
March 2, 2015
ဓာတ်ပုံသတင်းထောက် ကိုအောင်နေမျိုး ပြန်လည်လွတ်မြောက်
1 / 4
Donate to DVB

နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ မုံရွာမြို့က နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုအောင်နေမျိုးကို မုံရွာရဲစခန်းက  ဒီကနေ့ မွန်းလွဲပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပါတယ်။

“သူတို့ ဟိုခေါ်ဆွေးနွေးတဲ့ကိစ္စ ပြန်လွှတ်ပေးလိုက်တာပါ။ ခေါ်ဆွေးနွေးတယ်လို့ပဲ သုံးနှုန်းတာ ပိုကောင်းပါတယ်”လို့ ပြန်လွတ်လာသူ ကိုအောင်နေမျိုးက ဒီဗွီဘီကို ပြောပါတယ်။

သူ့ကို ဘာကြောင့်ဖမ်းလဲဆိုတဲ့ ကိစ္စကိုတော့ ခုအချိန်မှာ မပြောချင်သေးဘူးလို့ ပြောပါတယ်။ အခုလို ပြန်လွတ်လာလို့ ၀ိုင်းပြီး ကူညီပေးတဲ့သူတွေကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။

“ဒီအပြင်က အကုန်ဝိုင်းဝန်းပြီးလုပ်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ၀ိုင်းစိတ်ပူပေးတဲ့ အတွက် ပေါ့နော်။”

ကိုအောင်နေမျိုးကို ဖေ့စ်ဘွတ်ပေါ်မှာ အစိုးရမေတ္တာပျက်အောင် ရေးတင်တာကြောင့်ဆိုပြီး ဖေဖော်ဝါရီလ ၂၇ ရက်မှာ သတင်းရဲတပ်ဖွဲ့က ရဲမှူးမြင့်လွင်က တရားလိုလုပ်ကာ မုံရွာရဲစခန်းမှာ အမှုဖွင့် ဖမ်းဆီးချုပ်နှောင်ထားခဲ့ပါတယ်။

ဒါပေမယ့် ဒီအမှုက တိုင်ကြားတာပဲရှိပြီး တရားစွဲတင်တာမလုပ်သေးတဲ့အတွက် သူ့ကို ပြန်လွှတ်ချိန်မှာ  အမှုပျက်ပြယ်သွားပြီလို့   ကိုအောင်နေမျိုး ဖမ်းဆီးခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကူညီနေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင့်လူ့အဖွဲ့အစည်းက ကိုမာကီးက ပြောပါတယ်။

“ပြန်လွတ်လာတဲ့အတွက် ထုံးစံအတိုင်း ၀မ်းသာတယ်လို့ ပြောရမှာပေါ့နော်။ ဒါပေမယ့် ဒီထက်ပိုပြီးဝမ်းသာစရာ ကောင်းမှာက အရင်ကတည်းက မဖမ်းဘဲနေရမယ့် ကိစ္စပေါ့ဗျာ။ ဖမ်းသင့်တဲ့အမှုလည်း မဟုတ်ဘူး။ ဖြစ်ရပ်မျိုးလည်း မဟုတ်ဘဲနဲ့ ဖမ်းတာဆီးတာဆိုကတည်းကိုက မကောင်းဘူးပေါ့နော်။”

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းအနေနဲ့ ကိုအောင်နေမျိုး ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး မနေ့တုန်းက မုံရွာရဲစခန်းက ရဲမှူးနဲ့ သွားရောက် တွေ့ဆုံခွင့်တောင်းခဲ့ပါတယ်။ ဒါပေမယ့် ရဲမှူးနဲ့ မတွေ့ရသေးခင် ဒီနေ့ခင်းမှာ ကိုအောင်နေမျိုးကို ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

ကိုအောင်နေမျိုးဟာ အလွတ်တန်းသတင်းထောက်တယောက်ဖြစ်သလို နိုင်ငံရေးပါတီနဲ့ ၈၈ ငြိမ်းချမ်းပွင့်လင်းလူ့အဖွဲ့အစည်းတို့ရဲ့ လှုပ်ရှားမှုတွေမှာ အားတက်သရော ပူးပေါင်းကူညီ လုပ်ဆောင်ပေးနေသူတယောက်လည်း ဖြစ်ပါတယ်။

အစိုးရကို မေတ္တာပျက်အောင်၊ အစိုးရရဲ့ ၀တ္တရားဆောင်ရွက်ချက်ကို ယုတ်လျော့အောင်၊ ပျက်စီးအောင် မဟုတ်မှန်းသိလျက်နဲ့ မမှန်သတင်းလွှင့်ရန်ကြံစည်ပြီး ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် တင်ခဲ့ကြောင်း တွေ့ရှိချက်နဲ့ပတ်သက်ပြီး ဖမ်းဆီးခဲ့တာဖြစ်ပြီး သူ့ကို ၁၉၅၀ ပြည့်နှစ်အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅(က) (င) တို့အရ အမှုဖွင့် အရေးယူဆောင်ရွက်ပေးဖို့ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ - ကိုအံ့ဘွယ်ကျော်

[gallery ids="83905,83906,83907,83908"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013