DVB Logo
Home
မြန်မာသတင်း
ကျောင်းသားသပိတ်စစ်ကြောင်းကို လက်ပံတန်းကနေ ဆက်လက်မချီတက်ရန် နယ်လုံဝန်ကြီး ပြော
DVB
·
March 2, 2015
ကျောင်းသားသပိတ်စစ်ကြောင်းကို လက်ပံတန်းကနေ ဆက်လက်မချီတက်ရန် နယ်လုံဝန်ကြီး ပြော
Donate to DVB

ကျောင်းသားခေါင်းဆောင်တွေနဲ့ ပဲခူးတိုင်း နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်းတို့  တွေ့ဆုံဆွေးနွေးရာမှာ ကျောင်းသားတွေအနေနဲ့ ရန်ကိုကို ဆက်လက်မချီတက်ဖို့ ပြောဆိုခဲ့တယ်လို့ နယ်လုံဝန်ကြီးနဲ့ သွားရောက်တွေ့ဆုံခဲ့တယ်။ သပိတ်မှောက်ကျောင်းသား ကိုမြတ်သူက ပြောပါတယ်။

"အခုနယ်လုံဝန်ကြီးနဲ့တွေ့တာ အဓိကပြောတာကတော့ ရန်ကုန်ကို ဦးတည်ပြီးဆက်လက်မချီတက်ဖို့ ဆိုပြီးတော့ ၂၈ ရက်နေ့ကထုတ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ကို ပြောတယ်။ သာယာဝတီကိုသွားချင်ရင်လည်း ကားတွေနဲ့လည်းသွားပါပေါ့။ လက်ပတ်တွေ ကြွေးကြော်သံတွေ မတိုင်ပါနဲ့ပေါ့။ အလံတွေမလုပ်ပါနဲ့ပေါ့။ ကျနော်တို့က အဲ့ဒါကို လုံးဝလက်မခံထားဘူး။ နောက်ဆုံးတချက် လက်ပံတန်းမှာ ဆက်နေရင်နေပါဆိုတဲ့ဟာမျိုး ပြောတယ်။ အဲ့ဒီဟာမျိုးကို ကျနော်တို့လက်ခံဖို့မရှိဘူး။ အဲ့ဒီအတွက်က အစည်းအဝေး ပြန်ထိုင်နေတယ်။ ကျနော်တို့ချီတက်တာကို ကြွေးကြော်သံတွေ မတိုင်ပါနဲ့ဆိုတာ တရားလက်လွှတ် တောင်းဆိုချက်ဖြစ်တယ်လို့ ယူဆတယ်။"

နယ်လုံဝန်ကြီးနဲ့တွေ့ဆုံခဲ့တဲ့ ကိုမိုးထက်နေကလည်း “ သူတို့ အဓိကကတော့ဗျာ။ ဒီရှိမြဲနေရာမှာပဲ နေစေချင်တာပေါ့။ သပိတ်လှန်ဖို့ဘာဖို့ကတော့ မပြောဘူး။ စစ်ကြောင်း ဆက်မထွက်ဖို့ပဲ။” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ကျောင်းသားတွေအနေနဲ့ ဆက်ချီတက်ရေးမချီတက်ရေးနဲ့ ဘယ်လို လုပ်ရမလဲဆိုတာကို ပြန်လည်တိုင်ပင် ဆွေးနွေးနေပါတယ်။

နယ်လုံဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေကတော့ ကိုရှိန်း၊ ကိုမြတ်သူ၊ ကိုနန္ဒစစ်အောင် နဲ့ ကိုမိုးထက်နေတို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013