DVB Logo
Home
မြန်မာသတင်း
သပိတ်မှောက်ကျောင်းသားခေါင်းဆောင်များနှင့် ပဲခူးနယ်လုံဝန်ကြီးတို့ ဆွေးနွေး
DVB
·
March 2, 2015
သပိတ်မှောက်ကျောင်းသားခေါင်းဆောင်များနှင့် ပဲခူးနယ်လုံဝန်ကြီးတို့ ဆွေးနွေး
1 / 8
Donate to DVB

ရန်ကုန်ကိုချီတက်ဖို့ပြင်ဆင်နေတဲ့ သပိတ်ကျောင်းသားတွေကို ရဲတပ်ဖွဲ့ဝင်တွေက ဒီမနက်ပိုင်း က လက်ပံတန်းမြို့ ဘုန်းကြီးကျောင်းမှာ ပိတ်ဆို့ တားဆီးပြီးနောက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ပဲခူးတိုင်း နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်းတို့  တွေ့ဆုံဆွေးနွေးနေပါတယ်။

ဒီမိုကရေစီ ကျောင်းသားသပိတ်ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က  “ကျနော်တို့ကို တားထားပြီးတော့ ကျနော်တို့ကို နယ်လုံဝန်ကြီးက ညှိနှိုင်းချင်လို့ပါဆိုတဲ့ ဆင်ခြေပေးတယ်။ အဲဒါနဲ့ ကျနော်တို့က ဆွေးနွေးမယ်ဆိုရင် တားထားတာတွေ ဖယ်ရှားပေးမှသာ ကျနော်တို့ တွေ့မယ်လို့ ပြောတဲ့အတွက် ကျောင်းရှေ့ကနေ ဖယ်ရှားပေးတယ်ဆိုပြီး ကျောင်းရဲ့ တောင်ဖက်မှာရှိတဲ့ ကွင်းပြင်ထဲမှာ သွားပြီးနေရာယူထားတယ်။ ကျနော်တို့ ဒီဖက်က ကိုယ်စားလှယ် ၄ ယောက်ကို ထည့်လိုက်ပြီးတော့ နယ်လုံဝန်ကြီးနဲ့ လတ်တလော ဆွေးနွေးနေတုန်း ရှိပါသေးတယ်။”

ကျောင်းသားခေါင်းဆောင်တွေ ဆွေးနွေးနေချိန်မှာ ကျန်တဲ့သပိတ်ကျောင်းသားတွေ ကတော့ ဘုန်းကြီး ကျောင်းဝန်းထဲမှာပဲ စောင့်ဆိုင်းနေပါတယ်။

သပိတ်ကျောင်းသားတွေဟာ ဒီကနေ့ လက်ပံတန်းမြို့ကနေ သုံးဆယ်မြို့ကိုချီတက်ဖို့ကြေညာ ထားပြီး ဒီကနေ့အနေအထားအရဆိုရင်တော့ သုံးဆယ်မြို့အထိချီတက်နိုင်ဖွယ် မရှိဘူးလို့လည်း ကိုရဲရင့်ကျော်က ပြောပါတယ်။

ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းက ကျောင်းသားတွေဟာ ၁၁ရက်ကြာရပ်နား ထားတဲ့ သပိတ်ကို ပြန်လည်စတင်တဲ့အနေနဲ့   ဒီကနေ့ မနက်က ရန်ကုန်ကိုဦးတည်ပြီး ပြန်လည်ချီတက်ဖို့  ပြင်ဆင်နေချိန်မှာ လက်ပံတန်းမြို့ အောင်မြင်ဗိမာန် ကျောင်းတိုက်ရှေ့မှာ ရဲအင်အား အလုံးအရင်းနဲ့ လာရောက်ပိတ်ဆို့ခဲ့တာပါ။

ဒီလိုကျောင်းသားတွေကို ပိတ်ဆိုပြီးမှ ဆွေးနွေးဖို့ ခေါ်တဲ့အတွက် ကိုရဲရင့်ကျော်က ဝေဖန်ပါတယ်။

“သပိတ်ခေါင်းဆောင်တွေနဲ့ နယ်လုံဝန်ကြီးက တွေ့ဆုံဆွေးနွေးချင်လို့ အခေါ်လွှတ်လိုက်တာပါ ဆိုပြီးတော့ ကွပ်ကဲရေးက ၂စီး၊ ရဲတပ်ဖွဲ့အပြည့်တင်ထားတဲ့ ရဲတံဆိပ် ဒိုင်နာက ၄ စီး၊ ပြင်ပကားလို့ ယူဆရတဲ့ ဒိုင်နာက ၂ စီး၊ အကုန်လုံး ရဲတပ်ဖွဲ့ဝင်တွေအပြည့်၊ တခါ လမ်းထိပ်မှာ မြေသယ်ယာဉ်လို FAW ကား အပြာရောင် ၄ စီး၊ အဖြူရောင် ၂ စီး၊ ဒါမျိုးတွေနဲ့ အင်အားအပြည့်အစုံ အလုံးအရင်းလာပြီး ပတ်လည်ဝိုင်းပြီးမှ တွေ့ဆုံဆွေးနွေးချင်တယ် ဆိုတဲ့ဟာက လူကြီးလူကောင်းမဆံဘဲ ရိုင်းပြဆော်ကားတဲ့အပြုအမူကို ဆောင်ရွက်တာလို့ မြင်တယ်။ ဒီလိုပုံစံမျိုးတွေနဲ့ ကျနော်တို့ကို ပေးထားတဲ့ ကတိက၀တ်တွေက ဘယ်လိုနည်းနဲ့မှ ယုံကြည်စရာ မရှိဘူး။”

လတ်တလော ဘုန်းကြီးကျောင်းရှေ့ကနေ ပိတ်ဆို့ထားတဲ့ ရဲလုံခြုံရေးတွေကို ဖယ်ရှားပေးခဲ့ပေမယ့် ဘုန်ကြီးကျောင်းအနီး လမ်းထိပ်တွေမှာတော့ လုံခြုံရေးတွေ ပတ်ဆို့ထားဆဲပဲလို့ သပိတ်မှောက် ကျောင်းသားတွေက ပြောပါတယ်။ ဘုန်းကြီးကျောင်း အတွင်းမှာတော့ သပိတ်မှောက် ကျောင်းသားအင်အား ၂၀၀ လောက်ရှိနေပါတယ်။

 

[gallery ids="83863,83864,83865,83866,83867,83868,83869,83870"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013