DVB Logo
Home
မြန်မာသတင်း
ကချင်ဆရာမ ၂ ဦး အသတ်ခံရမှု ဒေသခံရွာသားမဖြစ်နိုင်ကြောင်း သမ္မတထံ စာပို့
DVB
·
February 28, 2015
ကချင်ဆရာမ ၂ ဦး အသတ်ခံရမှု ဒေသခံရွာသားမဖြစ်နိုင်ကြောင်း သမ္မတထံ စာပို့
Donate to DVB

ကချင်ဆရာမ ၂ ဦး အသတ်ခံရမှုမှာ တရားခံတွေဟာ ဒေသခံရွာသားတွေ မဖြစ်နိုင်ဘူးလို့ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ် (ကေဘီစီ) စုံစမ်းရေးကော်မတီက သမ္မတထံ စာရေးသားပေးပို့ အကြောင်းကြားမှာ ဖြစ်ပါတယ်။

ဆရာမ ၂ ဦး အသတ်ခံရတာ ၁ လကျော်ကြာလာချိန်အထိ တရားခံ ဖော်ထုတ်နိုင်ခြင်း မရှိသေးတဲ့အပေါ် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်က သမ္မတနဲ့ တာဝန်ရှိသူတွေထံ စာပို့မှာဖြစ်ပြီး အဲ့ဒီစာထဲ အဓိကအချက် ၃ ချက် ပါဝင်တယ်လို့ အသင်းချုပ်အတွင်းရေးမှူး ဒေါက်တာဆန်ဆမ်က ပြောပါတယ်။

“အချက် ၃ ချက်ပေါ့။ ကျနော်တို့ စုံစမ်းရေးကော်မတီရဲ့ တွေ့ရှိချက်အရ ရွာကလူတွေ မဖြစ်နိုင်ကြောင်းကို ခိုင်ခိုင်မာမာတွေ့ရှိရကြောင်း တချက် ရေးတယ်။ ဒုတိယအချက်က အမှုမှန်ကို အပေါ်ကနေ ဖိအားပေးခြင်းမျိုး မဟုတ်ဘဲ အချိန်ယူပြီးမှ ဖော်ထုတ်ဖို့ လိုမယ်ဆိုတဲ့အကြောင်း ရေးထားတယ်။ နောက်ဆုံးတချက်က စုံစမ်းရေးကော်မတီကို နာမည်ပြောင်းလိုက်တယ်။ အမှုမှန်ဖော်ထုတ်ရေးကော်မတီဆိုပြီး အမည်ပြောင်းပြီး လူအင်အား တိုးလိုက်တယ်။ အမျိုးသမီးအဖွဲ့အစည်းပါမယ်၊ ကချင်ငြိမ်းချမ်းရေးကွန်ရက်ပါမယ်၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းထိ ပါပြီးမှ အထူးသဖြင့်တော့ ဒီအမှုကို တရားဥပဒေကြောင်းအရ ရှမ်းပြည်နယ်၊ ကချင်ရှေ့နေများအဖွဲ့က ဆောင်ရွက်သွားမယ်၊ အဲ့ဒီအချက် ၃ ချက်ကို သမ္မတဆီ စာရေးပို့မှာ။”

စာကို သမ္မတထံ လိပ်မူပြီး မိတ္တူကို ကာကွယ်ရေးဦးစီးချုပ်နဲ့ လွှတ်တော်ဥက္ကတွေထံ မတ်လ ၂ ရက်မှာ ပေးပို့မယ်လို့ ဆိုပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ် (ကေဘီစီ) စုံစမ်းရေးကော်မတီရဲ့ ကြေညာချက်တစောင်ကိုလည်း ဖေဖော်ဝါရီ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့ပြီး အမှုနဲ့ပတ်သက်လို့ လိုအပ်ရင် ကုလသမဂ္ဂအပါအ၀င် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဆရာမ နှစ်ဦး အသတ်ခံရတဲ့ ၁ လပြည့် ဖေဖော်ဝါရီ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ကချင်ငြိမ်းချမ်းရေးကွန်ရက်ရဲ့ ကြေညာချက်မှာလည်း တရားမျှတမှုကို ဖော်ထုတ်ပေးဖို့၊ စုံစမ်းစစ်ဆေးမှုတွေမှာ သမာသမတ်ရှိ လူထုလေးစားယုံကြည်သူတွေ ပါဝင်ခွင့်ပေးဖို့၊ ပြစ်မှုနဲ့ မသက်ဆိုင်သူတွေကို စွပ်စွဲဖမ်းဆီးချုပ်နှောင်တာ၊ အပြစ်မဲ့ရွာသားတွေကို ခြိမ်းခြောက်အကျပ်ကိုင်တာတွေ မလုပ်ဖို့ တောင်းဆိုထားပါတယ်။

ဇန်န၀ါရီ ၁၉ ရက်နေ့ည သန်းခေါင်ယံမှာ မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်) မြို့နယ် ကောင်းခါးကျေးရွာ ဘုရားရှိခိုးကျောင်းက နေအိမ်တွင်းမှာ ဆရာမ မရန်လုရာနဲ့ တန်ဘောင်ခေါန်နန်စင်တို့ ၂ ဦးစလုံး အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး အခု ၁ လကျော်တဲ့အချိန်ထိ တရားခံဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013