DVB Logo
Home
မြန်မာသတင်း
နိုင်ငံပိုင်သတင်းစာ ကျပ်သန်း ၄၀၀၀ ကျော် မြတ်စွန်းဟု ပြန်ကြားရေးပြော
DVB
·
February 28, 2015
နိုင်ငံပိုင်သတင်းစာ ကျပ်သန်း ၄၀၀၀ ကျော် မြတ်စွန်းဟု ပြန်ကြားရေးပြော
1 / 7
Donate to DVB

နိုင်ငံပိုင်သတင်းစာတွေ ထုတ်ဝေဖြန့်ချိရောင်းချရာကနေ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ကျပ်သန်းပေါင်း ၄၀၀၀ ကျော် အမြတ်အစွန်းရဖို့ရှိ တယ် လို့ ပြန်ကြားရေးဒုဝန်ကြီး ဦးပိုက်ထွေးက ပြောပါတယ်။

ကျင်းပနေတဲ့ ပြည်ထောင်စုလွှတ်တော်တခုမှာ အလုံမြို့နယ်အမတ် ဦးခိုင်မောင်ရည်က အများပြည်သူဝန်ဆောင်မှုသတင်းစာတွေ ပြောင်းလဲထုတ်ဝေတဲ့အခါ နိုင်ငံပိုင်ဘဏ္ဍာငွေတွေနဲ့ အရှုံးခံ မလုပ်သင့်ဘူးလို့ ဆွေးနွေးသွားချက်အပေါ် ဒုဝန်ကြီးက တုံ့ပြန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

သတင်းစာထုတ်ဝေဖြန့်ချိရောင်းချရာကနေ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကျပ်သန်းထောင်နဲ့ချီ အမြတ်ရခဲ့တာတွေကိုလည်း ဒုဝန်ကြီးက ကိန်းဂဏန်းအတိအကျနဲ့ ကြေးမုံသတင်းစာကို ပြောပြသွားပြီး သူ့ပြောဆိုချက်အပေါ် အမတ်တွေဖြစ်တဲ့ ဒေါ်စန္ဒာမင်း၊ ဒေါ်ခင်ဝိုင်းကြည်၊ ဦးဖုန်းမြင့်အောင် စတဲ့သူတွေက ထောက်ခံပြောကြားသွားကြပါတယ်။

နိုင်ငံပိုင်သတင်းစာတွေ အမြတ်အစွန်း ကျပ်သန်းထောင်နဲ့ချီ ရရှိနေချိန်မှာ ပုဂ္ဂလိကသတင်းစာတွေ အရှုံးပေါ်နေပြီး ဖြန့်ချိရေးကအစ ဘက်ပေါင်းစုံမှာ အကျပ်အတည်းပေါင်းစုံတွေ့ပြီး ရုန်းကန်နေကြရတာ ဖြစ်ပါတယ်။

အဲလဗင်းသတင်းစာအယ်ဒီတာချုပ် ဦးဝေဖြိုးကတော့ နိုင်ငံပိုင်သတင်းစာတွေ မြတ်နေတယ်ဆိုတာ ၀န်ထမ်း၊ အဆောက်အဦ၊ စက်ပစ္စည်း စတဲ့ကုန်ကျစရိတ်တွေ အားလုံး တွက်ချက်ပြီးမှ ပြောတာလားလို့ မေးခွန်းထုတ်ပါတယ်။

“ပြန်ကြားရေးဝန်ကြီးဌာနမှာ သုံးစွဲနေတဲ့ ပစ္စည်းတွေ၊ ၀န်ထမ်းစရိတ်အပါအ၀င် အဆောက်အဦးစရိတ်တွေ၊ ပစ္စည်းဝယ်တဲ့စရိတ်တွေ အကုန်လုံးကို တွက်ချက်ပြီးတော့ မြတ်တယ်လို့ ပြောတာလား။ အဲ့ဒါဆိုလို့ရှိရင် အစိုးရထုတ် မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေက ပြည်သူတွေလက်ထဲမှာ ဘယ်လောက်တောင် Reliable ဖြစ်ပြီး ဘယ်လောက်တောင် လူတွေက သဲသဲလှုပ်ဖတ်ပြီး စောင်ရေဘယ်လောက်များ သန်းချီနေသလဲ စဉ်းစားစရာ ရှိသွားပြီ၊ အဲ့လိုမျိုးတွေရှိလို့ ပြောတယ်ဆိုရင်တော့ အများကြီး သင့်တော်တာပေါ့ဗျာ။”

ပြန်ကြားရေးဝန်ကြီးဌာနကထုတ်တဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ ၀န်ထမ်းစရိတ်၊ စက်ပစ္စည်းနဲ့ အဆောက်အဦဖိုး ကုန်ကျမှုမရှိဘူးလို့ ပုဂ္ဂလိက သတင်းစာထုတ်ဝေသူတွေက အစဉ်တစိုက် ထောက်ပြ ပြောဆိုနေကြတာ ဖြစ်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနဟာ ဖေဖော်ဝါရီလဆန်းပိုင်းမှာပဲ သတင်းစာကြော်ငြာခနှုန်းထားတွေကို လျှော့ချပေးခဲ့ပြီး ရုပ်မြင်သံကြားကြော်ငြာခတွေကို တိုးမြှင့်ကောက်ခံခဲ့ပါတယ်။

နိုင်ငံပိုင်သတင်းစာ ကြေးမုံနဲ့ မြန်မာ့အလင်းတို့ဟာ လက်ရှိမှာ စောင်ရေသိန်းနဲ့ချီ ဖြန့်ချိရောင်းချနေပြီး တစောင် ကျပ် ၅၀ နဲ့ ရောင်းချနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - ရိုက်တာ

[gallery ids="83586,83587,83588,83589,83590,83591,83592"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013