DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် နိပွန်ဖောင်ဒေးရှင်း ဆက်လက်ကူညီမည်
DVB
·
February 28, 2015
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် နိပွန်ဖောင်ဒေးရှင်း ဆက်လက်ကူညီမည်
Donate to DVB

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာအစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အကျိုးရှိရင် ရှိသလောက် ငွေကြေး ဆက်လက်ကူညီထောက်ပံ့ပေးသွားမယ်လို့  နိပွန်ဖောင်ဒေးရှင်းက ပြောကြား လိုက်ပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးအတွက် ငွေကြေးကူညီပေးနေတဲ့ ပြည်ပအဖွဲ့အစည်းတခုဖြစ်တဲ့ နိပွန်ဖောင်ဒေးရှင်းက ယူအန်အက်ဖ်စီကို ငွေကြေးထောက်ပံ့မှု ဖြတ်တောက်လိုက်ပြီဆိုတဲ့ သတင်းတွေထွက်လာတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက မေးမြန်းရာမှာ နိပွန်ဖောင်ဒေရှင်း တာဝန်ရှိတဦးက  ပြောကြားလိုက်တာပါ။

နိပွန်ဖောင်ဒေးရှင်း မြန်မာဆက်ဆံရေးရုံးရဲ့ အစီအစဉ်ညွှန်ကြားရေးမှူး ဒတ်စ်မွန် မိုလွိုင်းက “မြန်မာအစိုးရနဲ့ ယူအန်အက်ဖ်စီ အပါအ၀င် ငြိမ်းချမ်းရေးဖြစ်စဉ်မှာပါဝင်တဲ့  တိုင်းရင်းသား လက်နက်ကိုင်တွေ အကြား တွေ့ဆုံဆွေးနွေးမှုကနေ ငြိမ်းချမ်းရေးဖြစ်ထွန်းတိုးတက်ဖို့အတွက် နိပွန်ဖောင်ဒေးရှင်းအနေနဲ့ ထောက်ပံ့ကူညီပေးသွားဖို့ စိတ်ပိုင်းဖြတ်ထားပြီးဖြစ်တယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ထောက်ခံအားပေးတဲ့အနေနဲ့ နိပွန်ဖောင်ဒေးရှင်းက ခရီးစရိတ်နဲ့ နေစရိတ် စတာတွေအပါအ၀င် လိုအပ်တဲ့ ငွေကြေးအကူအညီပေးနေတယ်။ နောက်ထပ်ဆွေးနွေးမှုတွေမှာ အကျိုးရှိရင်ရှိ သလောက်ဆက်လက်ပံ့ ပိုးပေးသွားဖို့ ရည်ရွယ်ထားတယ်” လို့ပြောပါတယ်။

လတ်တလော လောက်ကိုင်ဒေသမှာ အစိုးရတပ်တွေနဲ့ တိုက်ခိုက်နေတဲ့ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (အမ်အန်ဒီအေအေ) ဟာ ယူအန်အက်ဖ်စီ အဖွဲ့ဝင်ဖြစ်ပြီး ဒီအဖွဲ့ကို တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနည်းတူ အသိအမှတ်ပြုဖို့ ယူအန်အက်ဖ်စီက ကြေညာလိုက်ပြီးနောက်မှာ နိပွန်ဖောင်ဒေးရှင်းရဲ့ ငွေကြေးကူညီထောက်ပံ့မှု ဖြတ်တောက်လိုက်ပြီ ဆိုတဲ့သတင်းတွေ ထွက်လာတာဖြစ်ပါတယ်။

ယူအန်အက်ဖ်စီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ ဗိုလ်မှူးကြီး ခွန်ဥက္ကာကလည်း နိပွန်ဖောင်ဒေးရှင်းက အကူအညီတွေ ဆက်ပေးနေဆဲပဲလို့ ပြောပါတယ်။

“မရတော့ဘူးမဟုတ်ပါဘူး။ ရပါတယ်။ ဒါပေမယ့် ကိုးကန့်ကိစ္စမှာ ကျနော်တို့ ဘယ်လိုဖြေရှင်းပေးမလဲ။ ကိုးကန့်က ကျနော်တို့ရဲ့ အဖွဲ့ဝင်ဖြစ်တာကိုး။ အဖွဲ့ဝင်ဖြစ်တော့ ပြဿ     နာဖြစ်ရင် လက်နက်နဲ့ မရှင်းဘဲနဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ ရှင်းဖို့၊ နိုင်ငံရေးနည်းနဲ့ရှင်းဖို့ ကျနော်တို့ မူရှိတော့ အဲဒီမူအတိုင်း ကိုးကန့်အနေနဲ့ လိုက်လုပ်ဖို့ပေါ့။ ဒါကျနော်တို့ ယူအန်အက်ဖ်စီက နည်းနည်းလေးတော့ ကိုးကန့်ကို သတိပေးရမှာပေါ့ဗျာ။ ကျနော်တို့ ယူအန်အက်ဖ်စီက လက်နက်ကိုင် ပဋိပက္ခကို အားပေးတယ်ဆိုတဲ့ အမြင်မျိုးပေါက်သွားရင်တော့ မပေးဘူးပေါ့။”

နိပွန်ဖောင်ဒေးရှင်းဟာ တိုင်းရင်းသားလက်နက်ကိုင်တွေထိမ်းချုပ်ရာဒေသက  ပဋိပက္ခဘေး ဒဏ်သင့်သူတွေကို စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ တခြားမရှိ မဖြစ်လိုအပ်တဲ့ ပစ္စည်းတွေ အပါအ၀င် လူသားချင်းစာနာမှုအကူအညီပေးနေရာမှာ ၂၀၁၂ ဒီဇင်ဘာလကတည်းက ဒီနေ့ထိ ခန့်မှန်းချေ အမေရိ ကန်ဒေါ်လာ ၇ သန်းလောက်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013