DVB Logo
Home
Lead Story
ကြွက်ဖျက်ဆီးမှုကြောင့် ဟင်္သာတ မတ်ပဲတောင်သူများ အရှုံးပေါ် (ဓာတ်ပုံ)
DVB
·
February 27, 2015
ကြွက်ဖျက်ဆီးမှုကြောင့် ဟင်္သာတ မတ်ပဲတောင်သူများ အရှုံးပေါ် (ဓာတ်ပုံ)
1 / 4
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်မှာ မတ်ပဲစတင်စိုက်ပျိုးတဲ့ နိုဝင်ဘာလဆန်းပိုင်းက ချိန်ခါမဲ့ မိုးရွာသွန်းခဲ့တာနဲ့ သီးနှံ ရင့်မှည့်ချိန်မှာ ကြွက်တွေ ကိုက်ဖြတ်စားသောက်ဖျက်ဆီးတာကြောင့် အထွက်နှုန်း လျော့နည်းကျဆင်းပြီး တောင်သူတွေ အရှုံးပေါ်နေပါတယ်။

မတ်ပဲရာသီအစမှာ မတ်ပဲ ၁ တင်းကို ၃ သောင် ကျပ်ဝန်းကျင် ပေါက်ဈေးရှိခဲ့ရာကနေ မတ်ပဲပေါ်ချိန်မှာ ဈေးပြန်ကျသွားပြီး မတ်ပဲအထွက်ကျဆင်းနေမှုကြောင့် အရှုံးနဲ့ ယှဉ်ဆိုင်နေရတယ်လို့ ဟင်္သာတ မတ်ပဲတောင်သူတွေက ပြောပါတယ်။

ဟင်္သာတမြို့နယ်မှာ ပဲစိုက်ဧက ၁၆,ဝဝဝ ကျော်ရှိပါတယ်။ မတ်ပဲစိုက်ဧက ၁၃ဝဝဝ ကျော် ရှိပြီး ရာသီဥတုဒဏ်ခံရတဲ့ မတ်ပဲစိုက်ခင်းနဲ့ ကြွက်ဝင်ရောက်ဖျက်ဆီးတဲ့ မတ်ပဲစိုက်ခင်းတွေမှာ အထွက်နှုန်းလျော့နည်းကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက အတည်ပြုပြောကြားခဲ့ပါတယ်။

အခုနှစ် မတ်ပဲဈေးနှုန်းဟာ လက်ရှိ ပေါက်ဈေးထက် ဆက်လက်ကျဆင်းပါက စိုက်ပျိုးစရိတ် ဆုံးရှုံးပြီး နောက်နှစ်မိုးစပါးစိုက်ပျိုးရန်အတွက် အခက်အခဲရှိနိုင်တယ်လို့ တောင်သူတွေက ပြောပါတယ်။

ဟင်္သာတမြို့နယ်မှာ နှစ်စဉ် မတ်ပဲ အထွက်နှုန်း ၁ ဧက လျှင် ၁၅ တင်းနှုန်း ထွက်ရှိပေမယ့် ဒီနှစ်မှာတော့ ရာသီဥတုနဲ့ ကြွက်ဖျက်ဆီးမှုကြောင့် မတ်ပဲ ၁ ဧက ၇ တင်းနှုန်းသာ ထွက်ရှိတယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီ နောက်ဆုံးပတ် မတ်ပဲပေါက်ဈေးက ၁ တင်းကို ကျပ် ၂၆ဝဝဝ ဝန်းကျင်သာ ရှိပါတယ်။

သတင်းဓာတ်ပုံ - ပြည့်ဖြိုး စီဂျေ

[gallery ids="83407,83408,83409,83410"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013