DVB Logo
Home
မြန်မာသတင်း
လွှတ်တော်ကြားနာပွဲကိစ္စ ပြန်ညှိနှိုင်းရန် NNER တောင်းဆို
DVB
·
February 26, 2015
လွှတ်တော်ကြားနာပွဲကိစ္စ  ပြန်ညှိနှိုင်းရန် NNER တောင်းဆို
Donate to DVB

အမျိုးသားပညာရေးဥပဒေပြင်ဆင်တဲ့ ဥပဒေမူကြမ်းအတည်ပြုနိုင်ရေးနဲ့ပတ်သက်ပြီး အမျိုးသား လွှတ်တော်မှာ ကြားနာမယ့် အစီအစဉ်ကို လေးပွင့်ဆိုင်ကိုယ်စားလှယ်တွေနဲ့ ပြန်လည် ညှိနှိုင်းပေးဖို့ အမျိုးသားပညာရေးပြုပြင်ပြောင်းလဲမှုကွန်ရက် (အန်အန်အီးအာ)က တောင်းဆိုပါတယ်။

လေးပွင့်ဆိုင်ဆွေးနွေးပွဲ သဘောတူညီချက်အရ ပေးပို့လာတဲ့ အမျိုးသားပညာရေး ဥပဒေ  ပြင်ဆင်သည့် ဥပဒေမူကြမ်းကို အတည်ပြုနိုင်ရေး မတ်လ ၅ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ တဖွဲ့ကိုတစ်ရက် သီးခြားစီ ကြားနာကြဖို့ သပိတ်မှောက်ကျောင်းသားတွေအပါအ၀င် အဖွဲ့အစည်းတွေကို အမျိုးသားလွှတ်တော်က  ဖေဖော်ဝါရီ ၂၄ ရက်ကဖိတ်ခေါ်ထားတာပါ။

ဒါဟာ လေးပွင့်ဆိုင်ဆွေးနွေးပွဲတုန်းက ရခဲ့တဲ့ သဘောတူညီချက်နဲ့ ကိုက်ညီခြင်းမရှိဘူးလို့ အန်အန်အီးအာက  ဒေါ်သူသူမာကပြောပါတယ်။

“လွှတ်တော်က အချိန်စာရင်းထွက်လာတာပေါ့နော်။ အဲဒီအချိန်စာရင်းအပေါ်မှာ ကျမတို့ မေးခွန်းအများကြီးထွက်လာတာပေါ့။ ပုံမှန်က လွှတ်တော် လုပ်ငန်းစဉ်အတိုင်းသွားရမှာက သွားဖို့ရှိတယ်။ ဒါပေမယ့် သွားတဲ့နေရာမှာ ကျမတို့ ၄ ပွင့်ဆိုင် သဘောတူညီချက်ကို အခြေခံထားတဲ့ လွှတ်တော်တွေ့ဆုံပွဲကို ဖြစ်ဖို့လိုတယ်ဆိုတဲ့ အယူအဆရှိတယ်ရှင့်။ ဘာလို့လဲဆိုတော့ ကျမတို့ဒီ ဆွေးနွေးပွဲတွေ စတင်လိုက်ကတည်းက ကျောင်းသားတွေလိုချင်တဲ့ ကြိုတင်သတ်မှတ်ချက် ၉ ချက်မှာကိုက  ကျမတို့ ရှေ့ဆက်ပြီး လွှတ်တော်မှာ ကြားနာတာတွေဘာတွေဆိုလို့ရှိရင် ကျမတို့ ၄ ပွင့်ဆိုင်ကြားနာခွင့်ရှိတဲ့ဟာပေါ့ အဲလိုမျိုး သဘောတူညီချက်တွေရှိတော့ အဲဒီသဘောတူညီချက်တွေကိုလိုက်နာတဲ့ လွှတ်တော်ကြား နာပွဲတွေဖြစ်လာဖို့ ကျမတို့ ပြန်ပြီးဆွေးနွေးချင်တဲ့ သဘောပါပဲ။”

အဆိုပါဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ကြားနာမည်အစီစဉ်ဟာ  လွှတ်တော်သမိုင်းမှာ ပုံမှန်မဟုတ်တဲ့ အစီစဉ်ဖြစ်သလို အချိန်ဆွဲထားတဲ့ အနေအထားမျိုးဖြစ်နေတဲ့အတွက် စိုးရိမ်မကင်းဖြစ်နေတယ်လို့ လည်း အန်အန်အီးအာကဆိုပါ တယ်။

လွှတ်တော်ကြားနာပွဲအချိန်ကြာဖြင့်ခြင်းအားဖြင့်  ရပ်နားထားတဲ့ သပိတ်ကျောင်းသားတွေ ရန်ကုန်ကို ၀င်လာဖို့ တွန်းပို့နေသလိုဖြစ်တယ်လို့လည်း ပညာရေးကွန်ရက်ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

သပိတ်မှောက်ကျောင်းသားတွေကတော့ ဒီဥပဒေမူကြမ်းကို ဖေဖော်ဝါရီလ ၂၈ ရက်နောက်ဆုံး ထားပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းပေးဖို့နဲ့ မပြဌာန်းပေးရင် ရန်ကုန်ကို ချီတက် ဆန္ဒပြမယ်လို့ ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013