DVB Logo
Home
မြန်မာသတင်း
လူကိုကူးစက်နိုင်သည့် H5N1 ကြက်ငှက်တုပ်ကွေးရောဂါ မုံရွာတွင် ဖြစ်ပွား
DVB
·
February 26, 2015
လူကိုကူးစက်နိုင်သည့် H5N1 ကြက်ငှက်တုပ်ကွေးရောဂါ မုံရွာတွင် ဖြစ်ပွား
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မွေးမြူရေးဇုန်မှာ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားနေပြီး ရောဂါ  ထိန်းချုပ်ရေးလုပ်ငန်းတွေ ဦးစားပေးလုပ်ဆောင်နေတယ်လို့ မြို့နယ်မွေးမြူရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ ထိန်လင်းက ဒီဗွီဘီကို ပြောပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်ကနေ ၂၅ ရက်နေ့ အထိ ၁ ပတ်အတွင်း မုံရွာမွေးမြူရေးဇုန်မှာ မွေးမြူထားတဲ့ ကြက်နဲ့ငုံး ကောင်ရေ ထောင်သောင်းချီ သုတ်သင်ပစ်ခဲ့ရပြီး အခုတော့ ဇုန်အပြင်ဖက်ကို ကြက်ငှက်တုပ်ကွေးရောဂါ မပျံ့ပွားအောင် ကန့်သတ်လုပ်ဆောင်နေတယ်။ ဒါ့အပြင် စားသုံးမှု ထိန်းချုပ်ရေးလုပ်ငန်းကို နေ့ညမပြတ် စောင့်ကြည့်နေတယ်လို့လဲ ပြောပါတယ်။

“စားသုံးမှုအပိုင်းက အသိပညာပေးလုပ်ငန်းတွေ လုပ်တယ်။ ရောဂါဖြစ်တဲ့ကြက်တွေ အပြင်မထွက်အောင် ထိန်းချုပ်တယ်။ ရောဂါဖြစ်တဲ့ ဧရိယာမွေးမြူရေးဇုန်မှာ နေ့ရောညပါ စောင့်ရှောက်ပြီး လုပ်နေပါတယ်”လို့ ဒေါက်တာ ထိန်လင်းကပြောပါတယ်။

ရိုက်တာသတင်းမှာတော့ မုံရွာမှာ ခုလဆန်းပိုင်းက   ကြက်အကောင်ရေ ၁,၄၀၀ ကျော်နဲ့ ငုံးအကောင်ရေ ၁၀,၀၀၀  သေဆုံးခဲ့ပြီး ကြက်အကောင်ရေ ၁,၅၀၀ နဲ့ ငုံးအကောင်ရေ ၂၀,၀၀၀ ကျော် သုတ်သင်ခဲ့ရတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူတဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီးရေးပါတယ်။

ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာလည်း မုံရွာမှာ သေဆုံးတဲ့ကြက်ငှက်တွေကို ဓာတ်ခွဲ စစ်ဆေးခဲ့ရာမှာ H5N1 ဗိုင်းရပ်စ်ပိုး တွေ့ရှိရတယ်လို့ အတည်ပြုထားပြီး ကြက်ငှက်တုပ်ကွေးရောဂါ လူတွေထံ မကူးစက်ဖို့ လုပ်ဆောင်ရမယ့်အချက်တွေ အသိပေး ဖော်ပြထားပါတယ်။

ဒီထဲမှာ ဆောင်းခိုငှက်တွေနဲ့ အိမ်မွေးကြက်ငှက်တွေ ထိတွေ့မှု မရှိစေရန် သတိပြုဖို့၊ ကြက်ငှက်၊ အသားနဲ့ ဥ တွေကို သေချာချက်ပြုတ်စားသောက်ဖို့ ကြက်ငှက်တွေ ရုတ်တရက် သေဆုံးရင် နီးစပ်ရာ မွေးမြူရေးအဖွဲ့တွေထံ အမြန်သတင်းပို့ဖို့ စသဖြင့် နှိုးဆော်တိုက်တွန်း ထားပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမှာ ၂၀၀၆၊ ၂၀၁၀နဲ့ အခု ၂၀၁၅ တို့မှာ ကြက်ငှက်တုပ်ကွေးရောဂါ ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် စတင်ဖြစ်ပွားခဲ့တုန်းက အဆိုးဆုံးဖြစ်ပြီး ကြက်ကောင်ရေ သောင်းနဲ့ချီ သတ်ပစ်ခဲ့ရပါတယ်။

[gallery ids="83300,83301,83302"]

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013