DVB Logo
Home
မြန်မာသတင်း
မဲဆောက်ရှိ မြန်မာကျောင်းသားဘော်ဒါဆောင် မီးလောင်၊ ကျောင်းသား ၂ ဦး ဒဏ်ရာရ
DVB
·
February 26, 2015
မဲဆောက်ရှိ မြန်မာကျောင်းသားဘော်ဒါဆောင် မီးလောင်၊ ကျောင်းသား ၂ ဦး ဒဏ်ရာရ
1 / 4
Donate to DVB

ထိုင်း- မြန်မာနယ်စပ်မဲဆောက်မြို့က  ဒေါက်တာစင်သီယာမောင်တည်ထောင်ထားတဲ့ ကလေးများ ဖွံ့ဖြိုးတိုးတက်ရေး စင်တာ (စီဒီစီ) စာသင်ကျောင်း ဘော်ဒါ ဆောင် ၄ ခု မနေ့ ညနေပိုင်းက မီးလောင်သွားခဲ့ပါတယ်။

ဘော်ဒါဆောင်ဘေးက ကြံခင်းကနေ မီးလောင်ရာကနေ လေနဲ့မီးစတွေ ကူးတဲ့အတွက် မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ ညနေ ၄ နာရီလောက်မှာမီးလောင်ခဲ့တာဖြစ်တဲ့အတွက် ကလေးတွေ ကျောင်းလွှတ်ခါစအချိန်မို့ ပစ္စည်းတွေကို ပြန်မယူနိုင်ခဲ့ပဲ စာအုပ်တွေနဲ့၊ အသုံးအဆောင်ပစ္စည်းတွေ အကုန်ပါသွား တယ်လို့ စီဒီစီကျောင်းအုပ်ဆရာကြီး ဆရာရွှေနှင်းက ပြောပါတယ်။

“ကလေးတွေက ကျောင်းလွှတ်စအချိန်ဆိုတော့ တချို့ကလည်း ကျောင်းမှာရှိနေတုန်း။ တချို့က လည်း ပြန်မရောက်သေးဘဲ လမ်းမှာရောက်နေတဲ့အချိန်မှာ မီးစလောင်တာပေါ့နော်။ မီးလောင်တော့ ကလေးတွေရဲ့ ပစ္စည်းတွေအကုန်ဆုံးပေါ့။ ဘယ်သူမှ ပစ္စည်းတွေပြန်ရ တာမရှိဘူးပေါ့။ အကုန်လုံးပါသွားတယ်။ စာအုပ်စာတန်းတွေ၊ အ၀တ်အစားတွေ၊ သူတို့ရဲ့ အသုံးအဆောင်ပစ္စည်းတွေ အားလုံးပါတယ်။ စားဖိုဆောင်အတွက် အိုးခွက်ပန်းကန်တို့က အစ အကုန်ပါသွားတယ်။”

ဒါ့ပြင် မီးလောင်ချိန် မိမိပစ္စည်းကို ၀င်ယူဖို့ ကြိုးစားတဲ့ ကျောင်းသားနှစ်ဦးလည်း မီးလောင်ဒဏ်ရာ ရခဲ့တယ်လို့လည်း ဆရာရွှေနှင်းက ပြောပါတယ်။

“ဒဏ်ရာကတော့ ၂ ယောက်ရတယ်။ ကလေး ၂ ယောက် ပစ္စည်းပြန်ဆွဲရင်းနဲ့ အပေါ်က တန်းပြုတ်ကျပြီး လက်မှာမီးလောင်သွားတယ်။ ပြင်းပြင်းထန်ထန်တော့မဟုတ်ဘူးပေါ့။”

မီးလောင်သွားတဲ့ ဘော်ဒါဆောင် ၄ ဆောင်မှာ ၄ တန်းကနေ ၁၂ တန်းအထိ ကျောင်းသူကျောင်း သား ၆၂ ဦး နေထိုင်တာဖြစ်ပါတယ်။

အဲဒီအဆောင်ဟာ လက်ရှိ မယ်တော်ဆေးခန်းသစ်ဆောက်တဲ့ နေရာဝင်းမှာ ရှိနေတာဖြစ်ပြီး အဆောင်တွေကို ၀ါးနဲ့ဓနိမိုး ဆောက်လုပ်ထားတာပါ။

အဆောင်တွေလောင်သွားတဲ့အတွက် လတ်တလော ကျောင်းသားတွေကို ကျောင်းမှာပဲ ယာယီနေဖို့ စီစဉ်ပေးထားတယ်လို့  ဆရာရွှေနှင်းကပြောတယ်။

“လတ်တလော အခုနေရာလည်းချစရာမရှိတဲ့အခါကျတော့ ကျောင်းမှာပဲ ယာယီနေဖို့ အခန်းတွေ စီစဉ်ထားပေးပြီးတော့ သူတို့ကို အခု သက်ဆိုင်ရာ ဆရာဆရာမတွေက ဘယ်လိုပြန်ပြီး ကုစားရမယ်ဆိုတာ တိုင်ပင်နေကြတယ်။”

လက်ရှိအချိန်ဟာ ကျောင်းသားတွေ နှစ်ကုန်စာမေးပွဲဖြေဆိုရတော့မယ့်အချိန်ဖြစ်တဲ့အတွက် မီးဘေးသင့် ကျောင်းသူ ကျောင်းသားတွေက အခက်အခက်ဖြစ်နေကြပါတယ်။

ကျောင်းသားတွေဟာ အ၀တ်တထည်ကိုယ်တခုပဲကျန်ခဲ့အတွက် လက်ရှိမှာတော့အ၀တ် အစားတွေကို လာရောက်ကူညီတာတွေရှိပေမယ့် ကျောင်းဆောင် ပြန်ပြင်ဖို့အတွက် အခက်အခဲရှိနေတယ်လို့ စီဒီစီကျောင်းအုပ်ဆရာကြီးကပြောပါတယ်။

[gallery ids="83294,83295,83296,83297"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013