DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးပွဲတော် ရန်ကုန်တွင် ပထမဆုံးအကြိမ်ကျင်းပမည်
DVB
·
February 26, 2015
အမျိုးသမီးပွဲတော် ရန်ကုန်တွင် ပထမဆုံးအကြိမ်ကျင်းပမည်
1 / 5
Donate to DVB

မြန်မာနိုင်ငံအတွင်းက အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်နိုင်ရေးအတွက် အမျိုးသမီးပွဲတော်ကို ရန်ကုန်မှာ မတ် ၂ ရက်မှ ၈ ရက် အထိ သီတင်းတပတ်ကြာကျင်းပဖို့ရှိနေပါတယ်။

ရန်ကုန်မြို့နေရာအနှံ့ကျင်းပမယ့် ဒီပွဲတော်မှာ အနုပညာပြပွဲတွေ၊ ဂီတပွဲတော်တွေ၊  ရုပ်ရှင်ပွဲတော်တွေနဲ့   အလုပ်ရုံဆွေးနွေးပွဲတွေ ပါဝင်မှာ ဖြစ်တယ်လို့ ရန်ကုန်အမျိုးသမီးပွဲတော် ကျင်းပရေးအဖွဲ့က ဒေါ်ယမင်းအေးက ဒီဗွီဘီကိုပြောပါတယ်။

ဒီပွဲကျင်းပရတဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီးဒေါ်ယမင်းအေးက  “မြန်မာပြည်မှာရှိတဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင် ချင်တာပါတယ်။ ပြီးတော့ဒီနေ့ လူနေမှုဘ၀ပေါ်မှာရှိတဲ့ အမျိုးသမီးအနုပညာရှင်၊ အတတ်ပညာရှင်တွေရဲ့ ခံစားချက်အမြင်တွေ မျှဝေပေးဖို့  ရည်ရွယ်ချက်လေးနဲ့လုပ်တာ။”လို့ပြောပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေဟာနေရာစုံမှာ အောင်မြင်နိုင်တယ်ဆိုတဲ့ အချက်ကို ပြသချင်တာဖြစ်တဲ့ အကြောင်းနဲ့   ဒီပွဲတော်မှာ  အမျိုးသမီး အားလုံးပါဝင် စေချင်တယ်လို့ လည်း ပြောပါတယ်။

ဒီပွဲကိုမြန်မာနိုင်ငံမှာ ပထမဆုံး အကြိမ်ကျင်းပတာ ဖြစ်ပြီး မတ်လ ၈ ရက်နေ့မှာကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ မှာတော့ ပြည်လမ်းက French Institute မှာ  ပိတ်ပွဲကျင်းပဖို့ အစီအစဉ်ရှိပါတယ်။

[gallery ids="83276,83275,83274"]

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
အမျိုးသမီးပွဲတော် ရန်ကုန်တွင် ပထမဆုံးအကြိမ်ကျင်းပမည်