DVB Logo
Home
မြန်မာသတင်း
အယုဒ္ဓယတွင် မြန်မာအလုပ်သမား ၅၄ ဦးကို ထိုင်းရဲ ဖမ်းဆီး
DVB
·
February 24, 2015
အယုဒ္ဓယတွင် မြန်မာအလုပ်သမား ၅၄ ဦးကို ထိုင်းရဲ ဖမ်းဆီး
Donate to DVB

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင် ဘန်ပါဟန်မြို့နယ်မှာ ထိုင်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက တရားမ၀င် မြန်မာအလုပ်သမား ၅၄ ဦး တင်ဆောင်လာတဲ့ ကား ၈ စီးကို ရပ်တန့်ဖမ်းဆီးခဲ့တယ်လို့ ရဲအရာရှိရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းမှာဖော်ပြပါတယ်။

တရားမ၀င်မြန်မာအလုပ်သမားတွေကို အာရှလမ်းမကြီးကနေ ဘန်ကောက်မြို့ကို ပို့ဆောင်မယ်လို့ သတင်းရပြီးနောက် တာဝန်ရှိသူတွေက ဒီကနေ့ ကြားဖြတ်ဖမ်းဆီးခဲ့တာလို့ ပြည်တွင်းလုံခြုံရေးဆိုင်ရာ အယုဒ္ဓယရုံးရဲ့ လက်ထောက်ညွန်ကြားရေးမှူးကပြောပါတယ်။
ဖမ်းဆီးမိသူတွေထဲမှာ မြန်မာ အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၂၃ ဦးနဲ့ ကလေး ၃ ဦးပါဝင်ပြီး အားလုံးကို တရားမ၀င်ဝင်ရောက်မှုနဲ့ တရားစွဲ နေရပ်ပြန်ပို့မယ်လို့ဆိုပါတယ်။

အာဏာပိုင်တွေက ရပ်တန့် ဖမ်းဆီးခဲ့တဲ့ ကား ၈ စီးထဲက ၃ စီးဟာ မီတာတက္ကစီကားတွေဖြစ်ပြီး ထိုင်းကားမောင်းသမားတွေကိုလည်းဖမ်းဆီးထားကာ အလုပ်သမားတွေကို တရားမ၀င်ပို့ဆောင်မှု အပြင် လူကုန်ကူးမှုနဲ့ပါ တရားစွဲခံရနိုင်တယ်လို့ သတင်းမှာရေးပါတယ်။

မြန်မာအလုပ်သမားတွေဟာ မြန်မာနယ်စပ် တာချီလိတ်တစ်ဖက်ခြမ်းမှာရှိတဲ့ ချင်းရိုင်ခရိုင် မယ်ဆိုင်ကနေ ဘန်ကောက်မြို့က အလုပ်ရှင်ဆီမှာ အလုပ်လုပ်ဖို့ပို့ ဆောင်ပေးခဲ့ရ တယ်လို့ ကားမောင်းသမားတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013