DVB Logo
Home
မြန်မာသတင်း
သုံးစွဲရန် မသင့်သည့် အလှကုန် ၆ မျိုး ထုတ်ပြန်
DVB
·
February 24, 2015
သုံးစွဲရန် မသင့်သည့် အလှကုန် ၆ မျိုး ထုတ်ပြန်
Donate to DVB

အစားအသောက်နဲ့ ဆေးဝါးဦးစီးဌာနမှာ မှတ်ပုံတင်ထားခြင်း မရှိသလို ကျန်းမာရေး အတွက် ဘေးအန္တရာယ်ဖြစ်စေတဲ့ တားမြစ်ဓာတု ပစ္စည်းများ ပါဝင်နေတာကို တွေ့ရှိရတာကြောင့် အလှကုန် ၆ မျိုးကို သုံးစွဲရန် မသင့်ဘူးလို့ အစိုးရက ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက် နိုင်ငံပိုင် သတင်းစာတွေကနေ ထည့်သွင်းကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

တားမြစ်ခံရတဲ့ အလှကုန် ၆ မျိုးကတော့ Tree 3 Days (Brighten & Rewhiting Cream)၊ Lay Now (Whitening Night Cream)၊ PW (Banishing Cream)၊ Baschi (Day Cream-Thailand)၊ Baschi (Day Cream-China)နဲ့ Polla Anti-Melasma Night Cream (New Light Cream) တို့ ဖြစ်ပါတယ်။

ဒီအလှကုန်တွေကို အများပြည်သူတွေအနေနဲ့ အသုံးမပြုဖို့နဲ့ တင်သွင်းဖြန့်ဖြူးရောင်းချရင်လည်း ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေအရ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မသောက်သုံးသင့်တဲ့ သောက်ရေ ၇၃ မျိုးကို အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013