DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံကော်ဆမွီကျွန်းတွင် မြန်မာအမျိုးသမီးတဦး အသတ်ခံရ
DVB
·
February 24, 2015
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော်ဆမွီကျွန်းမှာ မြန်မာအမျိုးသမီးတဦး အသတ်ခံရတယ်လို့ မြန်မာ အလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းက ပြောပါတယ်။

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ဘီလူးကျွန်း မုရစ်ကလေးကျေးရွာကနေ ထိုင်းနိုင်ငံမှာ အလုပ် လာလုပ်တဲ့  အသက် ၂၂ နှစ်  မဖူးငယ်ငယ် (ခေါ်) မချောငယ်ငယ်ဟာ  ကော်ဆမွီကျွန်းမှာ အသတ်ခံရကြောင်း အစ်မဖြစ်သူက ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ  အကြောင်းကြားခဲ့တယ်လို့ ထိုင်းတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_82967" align="alignright" width="300"]ဓာတ်ပုံ (ဘန်ကောက်ပိုစ့်) ဓာတ်ပုံ (ဘန်ကောက်ပိုစ့်)[/caption]

“သူ့အစ်မက မနေ့ညနေလောက်က အကြောင်းကြားလာပါတယ်။ အလောင်းတွေ့တာကတော့ မနေ့ မနက် ကပါ။  သေဆုံးတာကတော့  ၂၂ ရက်နေ့ ညကလို့ ထင်ရတယ်ပေါ့။ ရပ်ကွက်ထဲမှာတော့  မြန်မာအမျိုးသား အချင်းချင်း သတ်တယ်။ ဘာညာနဲ့ အမျိုးမျိုးပြောနေကြတော့ အမှုမှန် ပေါ်ပေါက်စေချင်တယ်။ ကျနော်တို့ကလည်း မြန်မာသံရုံးကို အကြောင်းကြားပြီး သူတို့အတွက် ရသင့်ရထိုင်တဲ့ အခွင့်အရေးတွေ ရဖို့ ကူညီ ဆောင်ရွက်ပေးမယ်လို့ ပြောခဲ့ပါတယ်။ ပြီးတော့ ရဲဘက်က ဆောင်ရွက်ချက်တွေ စောင့်ကြည့်မယ်။ လိုအပ်ရင် ထိုင်းရှေ့နေတွေ လွှတ်ပြီး ရဲနဲ့ သွားတွေ့ပါမယ်။” လို့ ပြောပါတယ်။

မတီချွန်း ထိုင်းသတင်းစာမှာတော့   ကော့ဆမွီမြို့နယ်ရဲစခန်းက တာဝန်ရှိသူတွေဟာ  မြန်မာအမျိုသမီးတဦးရဲ့ အလောင်းကို ကော့ဆမွီမြို့ ဘော်ဖွတ်ရပ်ကွက် ကျွန်းပတ်လမ်း ရှုခင်းမျှော်စင် အနီး ကျောက်ဆောင်ပေါ်မှာ ဖေဖော်ဝါရီ ၂၃ ရက် မနက် ၉ နာရီကျော်က တွေ့ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

[caption id="attachment_82968" align="alignleft" width="300"]Girl Matichon ဓာတ်ပုံ (မတီချွန်း)[/caption]

သတင်းပေးပို့ချက်အရ သွားရောက်စစ်ဆေးစဉ်မှာ သေဆုံးသူရဲ့ ပါးစပ်နဲ့ လည်ပင်းကိုလည်း ပလာစတာတွေနဲ့ စည်းပတ်ထားတာ တွေ့ရှိရပြီး ဒဏ်ရာများကို ကြည့်ခြင်းအားဖြင့် မသေခင် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ ဟန်ရှိကြောင်း၊ ဆရာဝန်စစ်ဆေးချက်အရ လွန်ခဲ့တဲ့ ၈ နာရီလောက်က သေဆုံးခဲ့ကြောင်း၊ မသေခင် မုဒိမ်းကျင့်ခံရခြင်းရှိ၊ မရှိကတော့ ဆေးစစ်ချက် မထွက်သေးဘူးလို့  ကော်ဆမွီမြို့နယ် ရဲစခန်းက ဒုရဲအုပ် ချောင်ဝလစ် ကျန်ဘော်နွဲ့က သတင်းထောက်တွေကို ပြောပါတယ်။

ဆက်လက်စစ်ဆေးချက် အရ သေဆုံးသူဟာ အသက် ၂၂ နှစ် မြန်မာ အလုပ်သမား မချော ငယ်ငယ် ဖြစ်ပြီး ပြီးခဲ့တဲ့  ဖေဖော်ဝါရီ၂၂ ရက်နေ့ညက သူတို့နဲ့ အတူ ၆ ရပ်ကွက်ထဲမှာ ရှိတဲ့ ၀က်သားကင်ဆိုင်မှာ အတူတူ စားသောက်နေစဉ်  ရည်းစားဟောင်းက ရောက်လာပြီး ဆိုင်ကယ်နဲ့ တင်သွားတယ်လို့ သူငယ်ချင်းတွေက ထွက်ဆိုပါတယ်။

ရည်းစားဟောင်းရဲ့သူငယ်ချင်းဖြစ်သူတွေလည်း ဆိုင်ကယ်နဲ့ လိုက်သွားကြောင်း၊ ည ၁၁ နာရီခွဲ အခန်းကို ပြန်ရောက်ချိန်မှာတော့  မချောငယ်ငယ်ကို မတွေ့ရဘဲ နောက်တနေ့ မနက်မှာမှ အသတ်ခံရတဲ့ သတင်းကို ရတာလို့ တာဝန်ကျရဲတွေကို ပြောခဲ့ပါတယ်။

လူသတ်တရားခံကို အမြန်ဆုံးဖမ်းဆီးရမိဖို့အတွက် ကော့ဆမွီကျွန်းအ၀င်အထွက် လှေဆိပ်တွေမှာ စစ်ဆေးရေး တိုးမြှင့်ဆောင်ရွက်နေသလို အလုပ်သမားများ စုဝေးနေထိုင်ရာ တန်းလျားနဲ့ လုပ်ငန်းခွင်တွေလည်း စစ်ဆေးနေတယ်လို့ ကော့ဆမွီရဲစခန်းကို ကိုးကားပြီး မတီချွန်း ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013