DVB Logo
Home
Lead Story
အလုပ်သမားသပိတ်ဖြိုခွင်းမှု ရဲတပ်ဖွဲ့ သတင်းစာရှင်းလင်း (ဓာတ်ပုံ)
DVB
·
February 22, 2015
အလုပ်သမားသပိတ်ဖြိုခွင်းမှု ရဲတပ်ဖွဲ့ သတင်းစာရှင်းလင်း (ဓာတ်ပုံ)
1 / 3
Donate to DVB

ရွှေပြည်သာ စက်မှုဇုန် ၂ က  အီလန် မြန်မာအထည်ချုပ်စက်ရုံ အလုပ်သမားတွေနဲ့ ရဲ တွေအကြား ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညနေပိုင်းက ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့မှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲ  ပြုလုပ်ခဲ့ပါတယ်။

အလုပ်သမား သပိတ်စခန်းကို ရဲတပ်ဖွဲ့က ဖြိုခွင်းဖို့ ကြိုးစားရာကနေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး နှစ်ဖက်ထိခိုက်ဒဏ်ရာရခဲ့တဲ့အပေါ် ရဲတပ်ဖွဲ့က စတင်အကြမ်းဖက်ခဲ့တာ မဟုတ်ဘူးလို့ မီဒီယာတွေနဲ့ ဒီနေ့တွေ့ဆုံပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ဒုရဲမှူးကြီးမြင့်ထွေးက ပြောပါတယ်။

လက်ရှိမှာ အလုပ်သမားခေါင်းဆောင်တွေကို ဖမ်းဆီးထားတာဟာ အလုပ်ရှင်တွေဘက်က တရားရုံးကို ဦးတိုက်လျှောက်ပြီး တရားစွဲတဲ့အတွက် တရားရုံးက ဖမ်းဝရမ်းထုတ်ဖမ်းခိုင်းတဲ့အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးခြင်းသာဖြစ်ပြီး အုပ်ချုပ်ရေးပိုင်းနဲ့ မသက်ဆိုင်ဘူးလို့ ဖြေကြားခဲ့ပါတယ်။

Ford Glory Garment, Costec International, E,land Myanmar Garment နဲ့ Han jen အထည်ချုပ်စက်ရုံတွေ အလုပ်သမားတွေဟာ အခြေခံလစာ ၃ သောင်းကနေ ၆ သောင်းအထိ တိုးမြှင့်ပေးဖို့၊ အမြဲတမ်း ဝန်ထမ်းနဲ့ နေ့စားဝန်ထမ်းတွေကို အကျိုးခံစားခွင့်တန်းတူရရှိရေး၊ နှစ်ပြည့်လုပ်သားတွေကို နှစ်တိုးကြေး (နှစ်ပြည့်ကြေး) ပေးအပ်ဖို့နဲ့ လုပ်ငန်းခွင်စည်းကမ်းတွေကို အလုပ်သမားသမဂ္ဂနဲ့ ညှိနှိုင်းရေးဆွဲဖို့ စတဲ့အချက်တွေတောင်းဆိုပြီး လွန်ခဲ့တဲ့သီတင်းနှစ်ပတ်ခန့်က စတင်ဆန္ဒပြနေကြပါတယ်။

ဓာတ်ပုံ - May Thingyan

[gallery ids="82733,82734,82735"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013