DVB Logo
Home
မြန်မာသတင်း
ကချင်ဆရာမ ၂ ဦး အသတ်ခံရမှု စစ်ကြောရေးဝင်မည့် တင်ပြချက် ပယ်ချ
DVB
·
February 22, 2015
ကချင်ဆရာမ ၂ ဦး အသတ်ခံရမှု စစ်ကြောရေးဝင်မည့် တင်ပြချက် ပယ်ချ
Donate to DVB

ကချင်ဆရာမ ၂ ယောက်အသတ်ခံရမှုနဲ့ပတ်သက်ပြီး ရွာခံလူငယ် ၂ ယောက်ကို စစ်ကြောရေးဝင်ဖို့လုပ်တာ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်စုံစမ်းရေးအဖွဲ့က ခွင့်မပြုဘူးလို့ အသင်းချုပ် အတွင်းရေးမှူး ဒေါက်တာ ဆမ်ဆန်က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်ညပိုင်းက အစိုးရစုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ အသင်းချုပ်စုံစမ်းစစ်ဆေးရေးအဖွဲ့တို့ တွေ့ဆုံခိုက် အစိုးရအဖွဲ့ဘက်က တင်ပြပြောဆိုခဲ့တာဖြစ်ပြီး အသင်းချုပ်ဘက်က လက်မခံ ခွင့်မပြုခဲ့တာလို့ သူက ပြောပါတယ်။

“သူတို့က သူတို့ သံသယရှိတဲ့ အဲ့ဒီကောင်လေးနှစ်ယောက်ကိုပဲ စစ်ချင်တာ။ ကောင်လေးနှစ်ယောက်ကို စစ်ပြီးပြီ။ သူတို့ ကျနော်တို့ကို ပြောတာက စစ်ကြောရေးမေးခွန်းနဲ့ စစ်ကြောခြင်းနဲ့ သွားဖို့လိုတယ်ပေါ့။ အဲ့ဒါကို ကျနော်တို့က ခွင့်မပြုနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကောင်လေးနှစ်ယောက်အနေအထားနဲ့ ပြီးတော့ သူတို့နှစ်ယောက်က တကယ်ကို အိမ်မှာ အိပ်နေကြတာ။ ဒီကောင်လေးတွေက ကြောက်အားလန့်အားနဲ့ နောက်ဆုံး ဟုတ်ပါတယ်ဆိုတာ ပြောပြီးမှ အလကား အပြစ်မရှိတဲ့သူ ခံရမှာ ကျနော်တို့က အရမ်းစိုးရိမ်တယ်၊ အဲ့ဒါပဲ။”

အခင်းဖြစ်ပွားတဲ့ ကောင်းခါးရွာသား မာဒီး ၁၉ နှစ်နဲ့ ဇော်ဆိုင်း ၂၀ နှစ်တို့ကို စစ်ကြောရေးဝင်ဖို့ပြင်နေတာဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ဒေသခံရွာသားတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့လည်း ပြောပါတယ်။

အစိုးရဘက်ကရော ကချင်အသင်းချုပ်ဘက်ကပါ စုံစမ်းစစ်ဆေးဖို့ လိုအပ်နေတဲ့ စစ်ကြောင်းမှူး ဆိုသူကိုတော့ ဒီနေ့ထိ စစ်မေးခွင့် မရသေးဘူးလို့ ဆိုပါတယ်။

အခင်းဖြစ်ပွားတဲ့ညက ရွာနားရောက်လာတဲ့ ခမရ ၅၀၃ စစ်ကြောင်းက စစ်သားတွေကို စုံစမ်းရေးအဖွဲ့က စစ်ဆေးပြီးဖြစ်ပေမယ့် တာဝန်အရှိဆုံး စစ်ကြောင်းမှူးကိုတော့ အခုထိ စစ်မေးခွင့် မရသေးတာ ဖြစ်ပါတယ်။

ဆရာမ နှစ်ယောက် အသတ်ခံရတဲ့ ၁ လပြည့် ဖေဖော်ဝါရီ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ကချင်ငြိမ်းချမ်းရေးကွန်ရက်ရဲ့ ကြေညာချက်မှာလည်း တရားမျှတမှုကို ဖော်ထုတ်ပေးဖို့၊ စုံစမ်းစစ်ဆေးမှုတွေမှာ သမာသမတ်ရှိ လူထုလေးစားယုံကြည်သူတွေ ပါဝင်ခွင့်ပေးဖို့၊ ပြစ်မှုနဲ့ မသက်ဆိုင်သူတွေကို စွပ်စွဲဖမ်းဆီးချုပ်နှောင်တာ၊ အပြစ်မဲ့ရွာသားတွေကို ခြိမ်းခြောက်အကျပ်ကိုင်တာတွေ မလုပ်ဖို့ တောင်းဆိုထားပါတယ်။

ဇန်န၀ါရီ ၁၉ ရက်နေ့ည သန်းခေါင်ယံမှာ မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်) မြို့နယ် ကောင်းခါးကျေးရွာ ဘုရားရှိခိုးကျောင်းက နေအိမ်တွင်းမှာ ဆရာမ မရန်လုရာနဲ့ တန်ဘောင်ခေါန်နန်စင်တို့ ၂ ဦးစလုံး အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး အခု ၁ လပြည်တဲ့အချိန်ထိ တရားခံဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013