
ရုရှားနိုင်ငံက လူသားချင်းစာနာမှုအကူအညီအဖြစ် နေကြာဆီ မက်ထရစ်တန် ၅၃၀ ကျော်ကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှတဆင့် မြန်မာနိုင်ငံကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ရန်ကုန်အခြေစိုက် ရုရှားသံရုံးက ထုတ်ပြန်ပါတယ်။
ရန်ကုန်မြို့ရှိ WFP သိုလှောင်ရုံဆီ သံရုံးတာဝန်ရှိသူများ သွားရောက်ပြီး အဆိုပါအကူအညီတွေကို မြန်မာနိုင်ငံတဝန်းရှိ ဒေသတွေဆီ စနစ်တကျ ဖြန့်ဝေပေးနိုင်ဖို့ ဆွေးနွေးခဲ့ပါတယ်။
ရုရှားအနေနဲ့ နှစ်နိုင်ငံအကြား တိုက်ရိုက်အကူအညီတွေအပြင် သက်ဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီတွေကနေတဆင့် မြန်မာနိုင်ငံကို ဆက်လက်ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၉ ရက် သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုနှစ် ဇန်နဝါရီလအတွင်းကလည်း နေကြာဆီ မက်ထရစ်တန် ၂၅၀ ကျော်ကို မြန်မာနိုင်ငံကို ပို့ဆောင်ပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။










