DVB Logo
Home
Lead Story
တရုတ်ပြည်ထဲမှာ ကြေးစားစစ်သားဆိုတာ မရှိဘူး - ရဲဘော်ဖိုးသံချောင်း
DVB
·
February 22, 2015
တရုတ်ပြည်ထဲမှာ ကြေးစားစစ်သားဆိုတာ မရှိဘူး - ရဲဘော်ဖိုးသံချောင်း
1 / 2
Donate to DVB

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဖြစ်ပွားခဲ့တဲ့ လောက်ကိုင် တိုက်ပွဲဖြစ်စဉ်တွေမှာ တရုတ်စစ်သည်ဟောင်းတွေဟာ စစ်ရေး အကြံပေး၊ နည်းပြ၊ ကြေးစားစစ်သည် တနည်းနည်းနဲ့ ပါဝင်ပတ်သက်မှုတွေ ရှိနေတယ်လို့ မြန်မာ့တပ်မတော်က ဖေဖော်ဝါရီ ၂၁ ရက်နေ့က  ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဒီအပေါ် ဗမာပြည်ကွန်မြူနစ်ပါတီ ပြောခွင့်ရ ရဲဘော်သံချောင်းက တရုတ်ပြည်ထဲမှာ ကြေးစားစစ်သားဆိုတာ မရှိဘူး၊ အစိုးရအနေနဲ့ တရုတ် ပါဝင်ပတ်သက်ရိုးမှန်ရင် သံတမန်လမ်းကြောင်းက တရားဝင် ကန့်ကွက်သင့်တယ်၊ တရုတ်ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်မှာ ၀န်ကြီးဦးအောင်မင်းပြောတဲ့စကားနဲ့ စစ်တပ်က ပြောတဲ့စကား လုံးဝကွဲလွဲနေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ရဲဘော်ဖိုးသံချောင်းကို ဒီဗွီဘီဝိုင်းတော်သား ရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာ့တပ်မတော်က ကိုးကန့်တိုက်ပွဲမှာ တရုတ်ကြေးစားစစ်သားတွေ ပါဝင်ပတ်သက်နေတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒီအပေါ် ဘယ်လို သုံးသပ်ပြောချင်လဲ။

“ဟုတ်ကဲ၊ ကျနော် နံပါတ်တစ် ထောက်ပြောချင်တာကတော့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောတဲ့စကားနဲ့ ဦးအောင်မင်းပြောတဲ့စကားနဲ့ လုံးဝ ကွဲလွဲနေပါတယ်။ နံပါတ်နှစ်က ကြေးစားစစ်သားဆိုတာ ဘယ်လို အနက်ဖွင့်မှာလဲ၊ သူများနိုင်ငံတွေမှာ ကြေးစားစစ်သားဆိုတာ စစ်တပ်ရယ်လို့ သီးသန့်ရှိတယ်။ နောက်ပြီး ကုမ္ပဏီကြီးတွေလိုကို သူတို့က ဖွင့်ထားကြတာ၊ တရုတ်ပြည်ထဲမှာတော့ အဲ့ဒါမျိုး မရှိတာ အမှန်ပဲဗျ။ နောက်ပြီးတော့ ဒီ နယ်စပ်တလျှောက်မှာက လာအလုပ်လုပ်ရင်း စစ်သားဆွဲခေါ်လို့ ပါသွားတယ်ဆိုတာမျိုးလည်း ရှိနေတတ်တာ၊ တရုတ်လူမျိုးတွေလည်း အဲ့လိုမျိုး အဆွဲခံရတာ ဟိုး အရင်ကတည်းက ရှိတာ။ ဒါမှ မဟုတ်လည်း အိမ်မှာ အဆင်မပြေလို့ ဒီဘက်လာပြီးတော့ စစ်ထဲဝင်လိုက်တာမျိုး ဒါမျိုးတွေ ရှိပါတယ်၊ သီးသန့်လိုက်ပြီး ခေါ်နေရတဲ့ဟာမျိုး မရှိပါဘူး၊ တရုတ်ပြည်ထဲမှာ အဲ့ဒီလို လုပ်ကိုင်စားသောက်တဲ့လူမျိုး မရှိပါဘူး။

Drugs cross over in booming border town“ကျနော်တို့ သိသလောက်ဆိုရင် နယ်စပ်မှာ အခု ရှိနေတဲ့ အဖွဲ့တွေထဲမှာ တရုတ်ပြည်သားတွေ ဒါမှမဟုတ် တရုတ်ပြည်သားဖြစ်ခဲ့ဖူးသူတွေ စစ်မှုထမ်းတာ ရှိပါတယ်။ ဒါပေမယ့် သိပ်အနည်းအကျဉ်းပါ။ ဥပမာ ၀ တပ်ဖွဲ့မှာဆို ဆယ်ဂဏန်း၊ ရာဂဏန်းလောက်ပဲ ရှိမယ်ထင်တယ်။ ၀ တပ်ဖွဲ့ဆိုတာ လက်နက်ကိုင်အင်အားစုတွေထဲမှာ အကြီးဆုံး အင်အားစုတပ်ပါ။ ကျန်တဲ့အဖွဲ့တွေဆို ဆယ်ဂဏန်းလောက် ရှိမှာပါ။ ဘာမှ မပြောပလောက်ပါဘူး။ အဲ့ဒါတွေကလည်း နဂိုက စစ်လေ့ကျင့်ထားပြီး တမင်သွားပြီးတော့ ကြေးစားစစ်သားတွေဆိုပြီးသွားတာ ငှားရမ်းခေါ်တာ အဲ့ဒါမျိုးတွေ လုံးဝ မဟုတ်ပါဘူး။”

အဲ့ဒီတော့ ဆရာ သုံးသပ်ပုံဆို စစ်တပ်က တရုတ်ပါတယ်ဆိုပြီးပြောတာက တရုတ်နဲ့ ဆက်စပ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အပြီးထိုးစစ်ဆင်ဖို့ အကြောင်းပြတယ်လို့ ပြောလို့ရမလား။

“သူတို့အနေနဲ့ ဒီလို တရုတ်ကို ပြောနေမယ့်အစား ဘာဖြစ်လို့ တရုတ်အစိုးရကို တိုက်ရိုက် မကန့်ကွက်သလဲ၊ ဒါမှ မဟုတ်ရင် နိုင်ငံတကာအဖွဲ့အစည်းတရပ်ကို ဘာကြောင့် မတင်ပြသလဲ၊ အဲ့ဒါ မေးစရာဖြစ်ပါတယ်။ အခုဟာက ကွယ်ရာမှာပဲ ပြောနေသလို ဖြစ်နေတယ်။ တရုတ်ဘက်ကတော့ တရားဝင်သတင်းစာရှင်းလင်းပွဲတခုမှာ သူတို့ လုံးဝ မပါဝင်ဘူး၊ မပတ်သက်ဘူးလို့ ပြောပြီးသား။ ဒီဘက်ကလည်း အလားတူပဲ ပြန်လည်တုံ့ပြန်တာမျိုးဖြစ်သင့်တယ်။ တရားဥပဒေအရ သံတမန်သဘောအရ တရားဝင်တဲ့နည်းနဲ့ ကန့်ကွက်ပြောဆိုတာ လုပ်သင့်တယ် ထင်တယ်။ အခု လုပ်နေတာတွေနဲ့ ပတ်သက်လို့ ကျနော်မြင်တာကတော့ ဒီ အစိုးရစစ်တပ်ဟာ တိုက်ပွဲသေးသေးလေးတွေဆိုရင် ပြောလေ့ဆိုလေ့ မရှိဘူး။ အခု ကိုးကန့်တိုက်ပွဲဆိုရင်လည်း အရင် တိုက်ပွဲတွေနဲ့စာရင် မပြောပလောက်ပါဘူး။ အခုကျမှ ဇာချဲ့ပြီး အကြီးအကျယ်ပြောဆိုနေတာ ရည်ရွယ်ချက်တွေ ရှိပါတယ်။

"ကျနော်ထင်တဲ့ရည်ရွယ်ချက်ကတော့ ဦးသိန်းစိန်အစိုးရရဲ့ နိုင်ငံရေးနည်းပရိယယ်တခုက သူတို့ရဲ့ နိုင်ငံရေးအကျပ်အတည်းတွေကနေ အချိန်မရွေး ရုန်းထွက်နိုင်ဖို့အတွက် တိုင်းပြည်ကို အမြဲတမ်း တင်းတင်းမာမာ အခြေအနေ တင်းတင်းမာမာ လူတွေ စိတ်အေးလက်အေး မဖြစ်အောင် ဖန်တီးထားတာ သူတို့ရဲ့ လုပ်ဟန်ပါပဲ။ ငြိမ်းချမ်းရေးစကားသာပြောနေပြီး ငြိမ်းချမ်းရေးဖြစ်အောင် မလုပ်ဘူး။ အဲ့ဒါအပြင် လူတွေကို တထိတ်ထိတ်တလန့်လန့်ဖြစ်အောင် အမြဲတမ်း လုပ်ထားတာ၊ နောက်ပြီး အခုအခါဆို လူမျိုးရေး ဘာသာရေး အဓိကရုန်းတွေ အချိန်မရွေးဖန်တီးတယ်။ စစ်အုပ်ချုပ်ရေး မာရှယ်လော စတာတွေ ကြေညာတယ်။ စစ်တပ်က အာဏာသိမ်းရင် ဘယ်လိုလုပ်မလဲဆိုပြီး စိုးရိမ်သလိုလိုနဲ့ ခြောက်လှန့်တာတွေ ရှိတယ်။ အခုဟာကလည်း သူတို့အနေနဲ့ အချိန်မရွေး တခုခု ဖန်တီးလို့ရအောင် လေထု ပြင်ဆင်နေတာ။ လူထုကို သတိပေးနေတဲ့သဘောလို့ ထင်ပါတယ်။ ၂၀၁၅ ခု ရွေးကောက်ပွဲဟာ သူတို့တတွေ ရိုးရိုးသားသားလုပ်လို့ရှိရင် ၀က်ဝက်ကွဲရှုံးမယ့်ဟာပါ။ အဲ့ဒီတော့ အဲ့ဒါကို ရှောင်လွှဲဖို့ အဲ့ဒါမတိုင်ခင် တခုခုပြဿ  နာဖော်ဖို့ ဘာတွေလုပ်ဦးးမလဲ မသိဘူး၊ စဉ်းစားစရာတွေ အများကြီးပါ။ ဒီကနေ့ မြန်မာပြည်နိုင်ငံရေးက အင်မတန်ရှုတ်ထွေးတဲ့အခြေအနေပါ။”

ကျနော်စောစောကမေးသလို နယ်စပ်က တပ်ဖွဲ့တွေကို အပြတ်ရှင်းဖို့ ရှိလား၊ အခုဆို ၀ တပ်ဖွဲ့တွေ ပါတယ်လို့ ပြောပြီ။ ကိုးကန့်ပြီးရင် ၀ ဘက် လှည့်ဖို့ရှိလား။

“တကယ်တော့ ဒီတိုက်ပွဲမှာ ၀တို့ဘာတို့ မပါဘူးဆိုတာ သူတို့ သိပါတယ်။ ၀ က လက်နက်ရောင်းပေးတာတို့ ဘာတို့တော့ ရှိချင်ရှိမှာပေါ့ဗျာ။ ဒါပေမယ့် ကူညီဝင်တိုက်ပေးတယ်ဆိုတာ မထင်ဘူး။ နောက်ပြီးကျတော့ သူတို့ တိုက်ခဲ့ပြီးပါပြီ။ ၀ ကို သိမ်းနိုင်လောက်အောင် သူတို့ မတိုက်နိုင်ပါဘူး။ တိုက်ပွဲတော့ဖော်နိုင်မယ်၊ သိမ်းနိုင်လောက်တဲ့ထိ မဖြစ်နိုင်ဘူးဆိုတာ သူတို့ သိပါတယ်။ ၀ါဒဖြန့်ချိဖို့အတွက် အဓိကထားတယ်လို့ ထင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013