DVB Logo
Home
မြန်မာသတင်း
ဗကပရဲဘော်ကြင်မောင်စာအုပ် တားဝရမ်းထုတ်
DVB
·
February 21, 2015
ဗကပရဲဘော်ကြင်မောင်စာအုပ် တားဝရမ်းထုတ်
1 / 2
Donate to DVB

ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ခေါင်းဆောင် ရဲဘော်ကြင်မောင်ရဲ့ ဆောင်းပါးပေါင်းချုပ် စာအုပ်ကို တရားရုံးက တားဝရမ်းထုတ်တာဟာ အစိုးရရဲ့ ဗကပအပေါ်ထားတဲ့ အာဃာတကို ထုတ်ဖော်ပြသလိုက်တာပဲလို့ ပြောခွင့်ရ ရဲဘော်ဖိုးသံချောင်းက ပြောပါတယ်။

 

ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းမှာ နှင်းဆီနီစာပေက ဖြန့်ချိခဲ့တဲ့ ရဲဘော်ကြင်မောင်ရေးသားတဲ့ ပြည်သူ့အာ ဏာဆောင်းပါးများ (၂၀၀၉-၂၀၁၃) စာအုပ်ကို ပြန်ကြားရေးဝန်ကြီးဌာနက တားဝရမ်းထုတ်ပေးဖို့ လျှောက်ထားခဲ့တဲ့အတွက် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ဖေဖော်ဝါရီ ၂၀ ရက်မှာ ယာယီတားဝရမ်း ထုတ်ဆင့်ခဲ့ပါတယ်။

ရဲဘောက်ကြင်မောင်စာအုပ်ကို တရားရုံးက တားဝရမ်းထုတ်ထားကြောင်းကိုလည်း ပြန်ကြားရေ၀န်ကြီးဌာနက စာပေပုံနှိပ်ဖြန့်ချိသူတွေ သိရှိနိုင်ဖို့ဆိုပြီး  သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီအပေါ် ဗမာပြည်ကွန်မြူနစ်ပါတီပြောခွင့်ရ ရဲဘော်ဖိုးသံချောင်းက “ရဲဘော်ကြင်မောင်ဆိုတာ ကွန်မြူနစ်ပါတီကို ကိုယ်စားပြုတဲ့သူကိုး။ အဲ့ဒီတော့ သူတို့က အင်မတန်မှ နိုင်ငံရေးလောကရဲ့အပြင်မှာ ထားချင်ပါတယ်။ အင်မတန်မှ အာဃာတ ရှိပါတယ်။ ဒီနေ့အထိ ကွန်မြူနစ်ပါတီအပေါ် ဘယ်လို ဆက်ဆံနေတယ်ဆိုတာ အလွယ်လေးကြည့်ရုံနဲ့ သိသာတဲ့ကိစ္စပါ။ အခုဟာကလည်း အဲ့ဒါရဲ့ ပြရုပ်တခု သူတို့ မထိန်းနိုင်ဘူး။ နည်းနည်းလေးမှ ဟန်မဆောင်နိုင်ဘူး။ ကွန်မြူနစ်ပါတီနဲ့ ပတ်သက်လာရင် သူတို့ရဲ့ အာဃာတတွေက ဖုံးလို့ ကွယ်လို့ မရဘူးဆိုတာကို ဖော်ပြနေတယ်လို့ပဲ ဆိုချင်ပါတယ်” လို့ ပြောပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်မှာ စာပေစိစစ်ရေးဌာနကို ဖျက်သိမ်းပစ်ခဲ့ပြီး စာအုပ်စာပေ ထုတ်ဝေခွင့်ကို ဆင်ဆာ တင်စရာမလိုဘဲ ထုတ်ဝေခွင့်ပြုထားပြီး အခုလို တရားရုံးက တားဝရမ်းထုတ် တားမြစ်တာဟာ ပထမဆုံးအကြိမ် လုပ်ဆောင်လာမှု ဖြစ်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ တရားရုံးလျှောက်ထားချက်မှာ တရားမ၀င်ထုတ်ဝေစာဖြစ်ကြောင်း ဖော်ပြထားပြီး ထုတ်ဝေသူကတော့ ဗမာပြည်ကွန်မြူနစ်ပါတီ အင်တာနက်ဝက်ဘ်ဆိုဒ်ပေါ်တင်ထားတဲ့ ရဲဘော်ကြင်မောင်ရဲ့ ဆောင်းပါးတွေကို စုစည်း ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

စာအုပ်ဖြန့်ချိခဲ့တဲ့ နှင်းဆီနီစာအုပ်တိုက်ပိုင်ရှင် ဒေါ်ချိုချိုကတော့ တရားရုံးစာအရ တစ် တရားခံက ထုတ်ဝေသူ နှစ်တရားခံက ပုံနှိပ်သူနဲ့ နံပါတ်သုံးတရားခံက ဖြန့်ချိတဲ့ နှင်းဆီနီတို့ဖြစ်ပြီး သူတိုတိုက်ကတော့ ရှေနေငှားပြီး ချေပသွားမယ်လို့ ပြောပါတယ်။

“ကျမရှေနေ့နေပြောတာကတော့ ဒီစာအုပ်ကို တားဝရမ်းထုတ်တာဟာ ယာယီ တားဝရမ်းထုတ်တာဖြစ်တယ်။ အဲ့ဒီတော့ ကျမတို့ဘက်က ပြန်ပြီး ချေပဖို့ အချိန်ရှိတယ်။ အဲ့လိုဆိုတော့ သူ ချေပမှာပါ။”

နှင်းဆိနီစာအုပ်တိုက်က သခင်သန်းထွန်းစာပေါင်းချုပ်အပါအ၀င် ကွန်မြူနစ်သဘောတရား စာအုပ်ပေါင်းများစွာ ထုတ်ဝေဖြန့်ချိခဲ့ဖူးပြီး အခု ရဲဘော်ကြင်မောင်စာအုပ်ကျမှ တားဝရမ်းထုတ်ခံရတာ ဖြစ်ပါတယ်။

အခု စာအုပ်နဲ့ပတ်သက်ပြီး တရားရုံးက တားဝရမ်းထုတ်လိုက်ချိန်မှာတော့ စာအုပ်အရောင်းဆိုင်တွေထံ ဖြန့်ချိထားတဲ့ ရဲဘော်ကြင်မောင်ဆောင်းပါးပေါင်းချုပ် စာအုပ်အားလုံး ရောင်းကုန်သွားပြီ ဖြစ်ပါတယ်။

စာအုပ်ရေးသားတဲ့ ရဲဘော်ကြင်မောင်ဟာ အခုနှစ်ဆန်းပိုင်း အသက် ၉၂ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး ကွယ်လွန်ချိန်မှာ ဗကပပါတီရဲ့ အမြင့်ဆုံး အထွေထွေအတွင်းရေးမှူး တာဝန်ရယူထားသူ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013