DVB Logo
Home
Lead Story
ဆည်းဆာချိန်ရောက် စစ်လက်ကျန် သံဘောင်ဘေလီတံတားများ (ဓာတ်ပုံ အက်ဆေး)
DVB
·
February 21, 2015
ဆည်းဆာချိန်ရောက် စစ်လက်ကျန် သံဘောင်ဘေလီတံတားများ (ဓာတ်ပုံ အက်ဆေး)
1 / 8
Donate to DVB

ထားဝယ်ဒေသသည် ဗြိတိသျှနယ်ချဲ့ ကိုလိုနီအဖြစ် အစောဆုံးကျရောက်ခဲ့သည့် ဒေသတွေထဲမှာပါသည်။ ထို့ကြောင့်လည်း ထားဝယ်ဒေသအနှံ့မှာ ကိုလိုနီအရိပ်အငွေ့လွှမ်းသော အဆောက်အအုံတွေရှိနေခြင်းလည်းဖြစ်သည်။ မှတ်မှတ်ရရပြောရမည်ဆိုလျှင် မိုးလေ၀သစခန်းနှင့်ထားဝယ်အကျဉ်းထောင်တို့သည် မြန်မာနိုင်ငံ၏ အဦးအစ မိုးလေ၀သစခန်း၊ အကျဉ်းထောင်တွေဖြစ်ဖို့များသည်။

ထားဝယ်ဒေသတ၀ိုက်မှာ ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှတို့၏ ခြေရာလက်ရာ မကင်းသမို့ လမ်းပန်းဆက်သွယ်ရေးကဏ္ဍမှာတော့ စစ်လက်ကျန် သံဘောင်တံတားတွေကို တွေ့ရသည်။ မြစ်၊ ချောင်းတွေများလှသည့် ထားဝယ်ဒေသအနှံ့ ထိုတံတားတွေက လမ်းပန်းဆက်သွယ်ရေးအတွက် ကျေးဇူးရှိခဲ့သည်ကတော့အမှန်။

တခါတရံ ခေတ်စနစ်အခြေအနေအရ၊ စစ်ရေးနည်းဗျူဟာအရ လက်နက်ကိုင်အဖွဲ့အချို့က သံဘောင်တွေမှာ မိုင်းထောင်၊ မိုင်းကပ်လုပ်ခဲ့ကြသော်လည်း သုံးမရအောင် ပျက်စီးသွားတာမျိုးတော့မဖြစ်ခဲ့။ ဒါကပင်လျှင် စစ်လက်ကျန်သံဘောင်တံတားတွေရဲ့ ခိုင်ခံ့မှုကို ပြနိုင်တာပဲဖြစ်သည်။ ခေတ်ကာလတခုမှာတော့ ထိုတံတားတွေကိုပဲ တာဝန်ရှိသူတွေက ပြုပြင်ထိန်းသိမ်းကြရင်း လမ်းပန်းကဏ္ဍကို ချောမွေ့စေခဲ့ရတာဖြစ်သည်။

ဟော…ခုတော့ လမ်းအသုံးပြုသည့် ယာဉ်ရထားတွေကလည်း ခေတ်မီလာ။ ပြီးတော့ နဂိုက တလမ်းသွားလမ်းမတွေကို နှစ်လမ်းသွားလမ်းမတွေအဖြစ် တိုးချဲ့လာပြန်တော့ တံတားတွေလည်း ခေတ်နှင့်အညီ ပြောင်းဖို့အရွေ့မှာ စစ်လက်ကျန်ဘေလီတံတားတွေက အနားယူဖို့အချိန် ရောက်လာပြီလည်း ဖြစ်သည်။ ထားဝယ်ဒေသအတွင်း စစ်လက်ကျန်သံဘောင်ဘေလီ တံတားတွေ အစင်း ၂၀ ထက်မနည်း ရှိမည်ထင်သည်။

အကြီးဆုံးနှင့်အရှည်ဆုံးသည် ကလိန်အောင်တံတားကြီး ဖြစ်ပါလိမ့်မည်။ ခုတော့လည်း ကလိန်အောင်တံတားကြီးသည်ပင်လျှင် နှုတ်ဆက်ဖို့ အချိန်သိပ်မဝေးတော့။ ထိုတံတားနှင့်ကပ်လျက် ခေတ်သစ်တံတား တစင်းတည်ဆောက်နေပြီမို့ ကလိန်အောင်တံတားကြီးသည်လည်း တာ့ တာ လုပ်ရတော့မည်ဖြစ်သည်။အချို့ကတော့ဒီတံတားဟောင်းကြီးကိုပြတိုက်သဖွယ်ဆက်လက်ထားရှိစေလိုကြသည်။

ခုတစ်လော ထားဝယ်ဒေသ၏ အရှေ့အနောက် တောင်မြောက်အရပ်တွေဘက် ခရီးတိုတွေသွားဖြစ်တော့ လမ်းတိုးချဲ့မှုတွေနှင့်အတူ တံတားတိုးချဲ့တည်ဆောက်မှုတွေကိုပါ တွေ့ရသည်။ လမ်းပိုင်းတော်တော်များများတွင် စစ်လက်ကျန် သံဘောင်ဘေလီတံတားတွေ နေရာမှာ သံကူကွန်ကရစ်တံတားတွေတည်ဆောက်နေတာကို တွေ့လာရတော့ တချိန်တုန်းက နေရာယူခဲ့သော စစ်လက်ကျန်သံဘောင်ဘေလီတံတားတို့၏ ဆည်းဆာချိန်ရောက်ပြီဆိုတာ သိလိုက်ရသည်။ ဘာပဲဖြစ်ဖြစ် လမ်းပန်းဆက်သွယ်ရေးအတွက် ရှိတာလေးတွေနှင့် စတည်ခဲ့၊ ပြုပြင်ခဲ့၊ ထိန်သိမ်းခဲ့သူတွေကိုတော့ တကယ့်ကို ကျေးဇူးစကားဆိုပါသည်။

ဓာတ်ပုံအက်ဆေး - ဖိုးဇော်(ထားဝယ်)

 

[gallery ids="82540,82539,82538,82537,82536,82535,82534,82533"]

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013