DVB Logo
Home
မြန်မာသတင်း
အလုပ်သမားသပိတ်များကို ရဲတပ်ဖွဲ့ ဖြိုခွင်း၊ ခေါင်းဆောင်များကို ဖမ်းဆီး
DVB
·
February 21, 2015
အလုပ်သမားသပိတ်များကို ရဲတပ်ဖွဲ့ ဖြိုခွင်း၊ ခေါင်းဆောင်များကို ဖမ်းဆီး
1 / 10
Donate to DVB

ရွှေပြည်သာ စက်မှုဇုန် ၂ က  အီလန် မြန်မာ အထည်ချုပ်စက်ရုံ အလုပ်သမားတွေနဲ့ ရဲ တွေအကြား ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညနေပိုင်းက ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

စက်ရုံကို ပိတ်ဆို့ဆန္ဒပြနေတဲ့ အလုပ်သမားသပိတ်တွေကို ရဲတပ်ဖွဲ့က အင်အားသုံးဖယ်ရှားဖို့ ကြိုးစားရာကနေ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ဆန္ဒပြသူတွေ  ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။

အခြား စက်ရုံတွေက သပိတ်စခန်းတချို့လည်း အဖျက်ခံရပြီး ဆန္ဒပြခေါင်းဆောင်တွေ ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

Ford Glory Garment, Costec International, E,land Myanmar Garment နဲ့ Han jen အထည်ချုပ်စက်ရုံတွေ အလုပ်သမားတွေဟာ အခြေခံလစာ ၃ သောင်းကနေ ၆ သောင်းအထိ တိုးမြှင့်ပေးဖို့၊ အမြဲတမ်း ဝန်ထမ်းနဲ့ နေ့စားဝန်ထမ်းတွေကို အကျိုးခံစားခွင့်တန်းတူရရှိရေး၊ နှစ်ပြည့်လုပ်သားတွေကို နှစ်တိုးကြေး (နှစ်ပြည့်ကြေး) ပေးအပ်ဖို့နဲ့ လုပ်ငန်းခွင်စည်းကမ်းတွေကို အလုပ်သမားသမဂ္ဂနဲ့ ညှိနှိုင်းရေးဆွဲဖို့ စတဲ့အချက်တွေတောင်းဆိုပြီး လွန်ခဲ့တဲ့သီတင်းနှစ်ပတ်ခန့်က စတင်ဆန္ဒပြနေကြပါတယ်။

ဆန္ဒပြအလုပ်သမားတွေဟာ ၀င်ထွက်မရအောင် စက်ရုံတွေကို ပိတ်ဆို့တာ၊ အလုပ်ဝင် ရောက်လုပ်ကိုင်သူတွေကို ဟန့်တားတာ၊ စက်ရုံပိုင်ရှင်နဲ့အဖွဲ့တွေကို စက်ရုံအတွင်း ပိတ်ဆို့တာ၊ Container ယာဉ်အ၀င်အထွက်ကို ပိတ်ဆို့တားဆီးတာတွေ လုပ်ဆောင်တာတွေရှိတယ်လို့ အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ပြည်ထောင်စုဒုတိယ၀န်ကြီး ဦးထင်အောင်ကမနေ့က သတင်းမီဒီယာတွေကိုပြောပါတယ်။

အခုလို လုပ်ဆောင်ချက်တွေကြောင့် အလုပ်ရှင်နဲ့ ဆန္ဒမပြတဲ့ အလုပ်သမားတွေ နစ်နာမှုတွေရှိပြီး ဥပဒေအရ အရေးယူသွားမယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ၁၈ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - အောင်ကိုဦး ဖေ့စ်ဘွတ်ခ်

[gallery ids="82509,82510,82511,82512,82513,82514,82515,82516,82517,82518"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013